"ကိုယ့်နှလုံးသားထဲမှာမင်းပဲရှိတာပါ……"

"မယုံဘူး……"

ဆတ်ခနဲလက်ကိုပုတ်ထုတ်လိုက်တဲ့ကလေးကြောင့်ထည်ဝါအနည်းငယ်ပြုံးမိသည်။ ဘယ်လောက်ပဲလူကြီးဆန်ပါတယ်ပြောပြော ၊ ဘယ်လောက်ပဲပြောင်းလဲသွားပြီပဲဆိုဆို ဒီကလေးကအခုအချိန်အထိတစ်ချို့သောချစ်စရာအမူအကျင့်လေးတွေရှိနေဆဲပါပဲ။

"ယုံအောင်ကိုကိုကဘယ်လိုသက်သေပြရမလဲဟင်……"

ဆောင့်ကြောင့်ထိုင်ထားရာကနေဒူးထောက်ချကာမျက်တောက်လေးပတြ်ခတ်ပုတ်ခတ်လုပ်ရင်းပြောလိုက်တော့ကြောင်အမ်းအမ်းမျက်နှာပေးလေးနှင့်ပြန်ကြည့်လာတဲ့ကျွန်တော့်ကလေးလေးရယ်ပါ။

"ကိုကိုခုနကပြောလိုက်မိတာတွေကစိတ်ထဲရှိလို့မဟုတ်ပါဘူး……ကိုကို့ကလေးလေးကကိုကို့ကိုအရွဲ့တိုက်ချင်တာနဲ့ပေါက်ကရတွေလျှောက်လုပ်ထားတော့…ကိုကိုကစိုးရိမ်လို့စကားတွေမှားပြောမိခဲ့တာပါ……"

တမင်ကိုကိုကိုချည်းထပ်နေအောင်ပြောချလိုက်တော့ဖြူဥနေတဲ့ကောင်လေးရဲ့အသားအရည်မှာမှရဲတွတ်လာတဲ့နာရွက်ဖျားလေးတွေ။ ဘာမှပြန်မပြောဘဲပြူးကြောင်ကြောင်လေးစိုက်ကြည့်နေသေးတာကြောင့်စိတ်သာမထိန်းထားလျှင်အခုချက်ချင်းပင်ဆွဲဖက်နမ်းပစ်မိတော့မည်။

"ကိုကိုတောင်းပန်ပါတယ်နော်……ခွင့်လွှတ်တယ်မဟုတ်လားဟင်……"

မျက်နှာကိုအနားပိုတိုးကပ်ကာပြောလိုက်တော့ကောင်လေးရဲ့မျက်ဝန်းတွေကထည်ဝါ့နှုတ်ခမ်းဆီဒိုင်းခနဲ။ ရီဝေဝေငေးကြည့်နေတဲ့အကြည့်တွေကအနမ်းတစ်ပွင့်ကိုလိုအပ်နေလောက်မှန်းနားလည်ပေမယ့်မသိချင်ယောင်သာဆောင်ထားလိုက်သည်။
ဒီကောင်လေးဘက်ကသာစနမ်းပါစေ……။

"ကိုကို့ကလေးလေးရေ……"

အသံကိုဆွဲငင်ကာခေါ်လိုက်တော့ကောင်လေးလည်စိကအထက်အောက်တစ်ချက်လှုပ်ရှားသွားတာမြင်လိုက်ရသည်။ ထို့နောက်ချက်ချင်းဆိုသလိုမတ်တပ်ထရပ်လိုက်တဲ့ကောင်လေးကဖြူဖျော့ဖျော့ယိုင်နဲ့နဲ့ပင်။

Second life ( အချို့သောချစ်ခြင်းတို့သည် )Where stories live. Discover now