"မောင်သဘောကျတဲ့ အရာလေးရှိတယ်လေ ဒီနေရာလေးက ရယ်လိုက်တိုင်း ခွက်ပြီး ဝင်သွားတဲ့ ပါးချိုင့်လေး လေ ။ အဲ့ဟာလေးက နွံတစ်ခု လိုပဲ မောင်အမြဲ ရုန်းမရအောင် ပြုစားလွန်းတယ် "

မောင်ဟာ လမင်း ဘယ်ဘက်ပါးပြင်တစ်နေရာအား လက်ညိုးဖြင့် ဖွဖွလေး ထောက်ပြကာ ပြောလာတာမို့ သဘောကျကာ ပြုံးမိပြန်သည်။ 

~~~~~~

ခန့်စေ လမင်းအား ရင်ခွင်ထဲ ထွေးပွေ့ကာ တစ်ဦးနှင့် တစ်ဦး
ချစ်စကားတို့ တီတီတာတာ ပြောနေစဉ် ခန့်စေတို့ မှီကာ ထိုင်နေသည့် တရုတ်စကားပန်းပင် ပေါ်မှ ကြွေလွှင့်ကာ ကျဆင်းလာသော တရုတ်စကားပွင့်လေးဟာ လမင်းအား ဖက်တွယ်ထားသော လက်ပေါ် တည့်တည့် ကျလာသည်မို့ ဖြူလွှလွှ ပန်းပွင့်လေးဟာ ကံကောင်းထောက်မစွာနှင့် မြေသို့ ခ မသွားပါ။

ခန့်စေ ထို ပန်းပွင့် လေးအား ယူကာ အရင်မွှေးကြူလိုက်ရင်း
ရင်ခွင်ထဲက ခန့်စေ၏ အပြုအမူတစ်ခုချင်းစီ ကို ကြည့်နေသော
လမင်း၏ နားရွက်ကြားထဲအား အသေအချာ ညှပ်ကာ ပန်ပေးမိတော့ .....

" မောင်  ငါက မိန်းကလေးမှ မဟုတ်တာ "

" မိန်းကလေးမှ ပန်းပန်ရတယ် ဆိုတာမျိုး မရှိပါဘူး
  ပန်းဆိုတာ ဘယ်နေရာပဲရောက်ရောက် သူ့ဖြစ်တည်မှုလေးအတိုင်းကနေ ပိုပြီး တင့်တယ်သွားတာမျိုး"

"......."

" မောင့် လမင်းက ဒီပန်းလေးနဲ့ လိုက်တယ် "

အမြတ်တနိုးဖြင့် ရွှန်းစိုကာ အချစ်စိတ်တို့ ဖြန့်ကျက်နေသော မျက်ဝန်းတို့ဖြင့် စိုက်ကြည့်ကာ ဆိုပြန်တော့ ရင်ခွင်ထဲက ဖြူနုနု မျက်နှာပြင်လေးဟာ ပန်းနုရောင်နှင်းဆီလို ပန်းနုရောင်လေး  သန်းလို့နေပြီ။ ရှက်စနိုးနှင့်ခေါင်းလေးအား ငုံ့ကာ နေပေမယ့် ပန်းရောင်ပြေးနေသော ပါးနုနုဖောင်းဖောင်းလေးအား ကြည့်ကာ
ဒီကောင့်မှာ ချစ်မဝ၊ ခွဲရမှာကို တွေးမိတိုင်း လူဟာ ဆောက်တည်ရာ မဲ့နေပြီ။  ချစ်မဝပေမယ့်လို့ အခြေအနေတစ်ခုကြောင့် ခဏတာ
ဝေးနေရမည်ကို ပြောမထွက်ပေမယ့် ပြောရအုန်းမည် မလား။
ချစ်ရသူလေးက နားလည်ပေးမည်ကို သိထားပေမယ့်လို့ ........


ချစ်ချင်လို့ ချစ်တာ ( Complete)Donde viven las historias. Descúbrelo ahora