" ရွှတ်!~~~"

" ဟာ....မောင့်! "

" ဒီဘက် ပါးလေးရော  ရွှတ်!~~"

"ဒီ မေးစေ့လေးရော ရွှတ်!~~"

"မောင့်!~~~နှာခေါင်းကြီးလည်း ကျွံဝင်လာအုန်းမယ် !"

"ကျန်သေးတယ် ဒီနှဖူးလေး ရွှတ်! "

" မောင် ~~ရပြီ  တော်တော့လို့  ဟီး ဟီး~~ရပြီ ဒီလောက်ဆို ရပြီ"

" မောင်က ချစ်လို့လေ မောင့်လမင်းက ငြိုငြင်တာလား "

မောင်က နမ်းနေတာကို ရပ်ပြီး မျက်မှောင်တစ်ချက် ကျုံ့ကာ မေးလာတာမို့ လမင်းမှာ မောင့် ဖြစ်ပျက်နေတဲ့ မျက်နှာအား သဘောကျစွာ တစ်ချက်ရယ်ရင်း မောင့်ပါးပြင်တစ်ဖက်အား
မောင် နမ်းသလို  *ရွှတ်!*ခနဲ နမ်းတော့ မောင့် မျက်နှာဟာ မှိုရသွားသလို ပြုံးစိစိမျက်နှာပေးနှင့်  ကျုံ့နေသော မျက်ခုံးတန်းတို့ မူလအတိုင်းဖြစ်သွား၏။

မောင်ဟာ တစ်ကယ်ကို အမျိုးမျိုး။

" မောင် မွ မွ ပေးဖို့ တစ်နေရာ ကျန်သေးတယ်နော် !"

"  ပြောတော့ ဒီလောက်ဆို ရပြီဆို! ပြောပါအုန်း ဘယ်နေရာလဲ "

မောင်ဟာ သိသိရက်နဲ့ လမင်း နှုတ်ခမ်းအား ကြည့်ကာ ပြုံးရင်း ဆိုလာပြန်တော့  လမင်းကလည်း မသိဘူးလေ ဆိုသည့် မျက်နှာပေးဖြင့် မောင့်အား ပြန်စိုက်ကြည့်မိပြန်တော့
မောင်က လမင်း၏ အမူအရာအား သဘောကျကာ ခေါင်းမော့ပြီး
ရယ်မောပြန်တော့ ယောကျာ်းပီသစွာ ပေါ်လာတဲ့ အထက်အောက် လှုပ်ရှားနေသော မောင့်ရဲ့  လည်စေ့။ မောင်ဟာ ဆယ်ကျော်သက်အရွယ်နှင့်ပင် ဒီလောက် ခန့်ညားကာ ချောရသလား။

" မောင် ~~"

"ဗျာ~~~"

" မောင် ခေါင်းမော့ပြီး ရယ်လိုက်ရင် တအားချောတာပဲသိလား "

"ဟောဗျာ မောင့် အချစ်က မြှောက်နေပြန်ပြီ "

"တစ်ကယ်ပြောတာ လမင်းရဲ့ မောင်က ရယ်လိုက်ရင် အစွယ်လေးလည်း ပေါ်လာပြီး အရမ်းချောတာပဲ ပြီးတော့
မော့ပြီး ရယ်လိုက်တိုင်း ဒီ လည်စေ့လေးက ရွေ့နေတာ အရမ်းသဘောကျတယ် လမင်းမှာ မောင့်လို မရှိဘူး "

ချစ်ချင်လို့ ချစ်တာ ( Complete)Where stories live. Discover now