" သူကမင်းအပေါ်ဘာတွေများ ကောင်းနေလို့လဲ။သူ့ဆီက တန်ဖိုးကြီးတာ ဘာတွေများရဖူးလို့တစ်သက်လုံး အရှုံးမပေးချင်တဲ့ငါ့အပေါ် ဒူးထောက်ပြီး တောင်းဆိုနေရတာလဲ။ငါ့ရဲ့နယ်ရုပ် ငါ့ရဲ့ရုပ်သေးရုပ် အဖြစ်ခံ အလှောင်ပြောင်ခံပြီး ကယ်တင်နေရအောင် သူကအဲ့တာတွေနဲ့ ဘာတွေများ ထိုက်တန်လို့လဲ။ "

ကြမ်းကြမ်းတမ်းတမ်း‌ ဆွဲယူခံထားရသော မေးမှာ တမှုတ်ချင်း နီရဲလာခဲ့သည်။ ခံစားကျော်ဖြတ်လာရသည်မှာ များလွန်းလှသည့်အတွက်   ဟွမ်မှာ နောက်ဆုံးတွင် သည်းခံနိုင်စွမ်းအား သူ့ထံတွင်လုံးဝ ကုန်ဆုံးသွားပြီဖြစ်သည်။ မျက်ဝန်းတို့မှာနီရဲနေသော်လည်း ဘောင်ခတ်ထားခြင်းခံနေရသော အရာများမှာ အပြင်ဘက်ရှိမိုးစက်များနှယ် တဖွဲဖွဲကျဆင်းလာရတော့သည်။ ရပ်တန့်လိုသော်လည်း သူမစွမ်းဆောင်နိုင်ပေ။ ထိုအရာများက သူ့အမိန့်ကိုမနာခံတော့ပေ။ အောက်နှုတ်ခမ်းကို ပြတ်လုမတတ် ကိုက်ခဲထားသော်လည်း ရန်သူရဲ့ရှေ့တွင် သူဟာ အားနည်း‌ပျော့ညံ့မှုများ ပြိုလဲမှုများကို အ‌ဖော်ပြုလျက် သနားချင့်စဖွယ်ငိုကျွေးနေသည်အသွင်သာ ဖြစ်ပေါ်နေခဲ့သည်။ မျက်ရည်များကအဆက်မပြတ် ကျဆင်းလာရပြီး ခန္ဓာကိုယ်မှာလည်း တုန်ယင်လာရသည်။ သို့သော်နောက်ဆုံးသော စကားကိုမူ သူကအရှက်မဲ့လွန်းစွာ ထပ်မံပြောခဲ့လေသည်။

" တောင်းဆိုပါတယ် _

သျှားစစ်မီးလျှံမှာ ပိုလိုတောင်စိတ်တိုသွားရသည်ပင်။ ထိုလူသားက ကာကွယ်ပေးချင်နေသော သူအား ပိုလို့တောင်ဖျက်ဆီးပြစ်လိုက်ချင်သည်။ အရေကိုနွှာလျက် အသားကိုကြော်ကာ အရိုးကိုကျိုပစ်လိုက်ချင်သည်။ ထိုလူနှင့်သက်ဆိုင်သော အရာတစ်ခုတစ်လေ‌တောင်မှ ကမ္ဘာ‌ပေါ်တွင် မကျန်ရစ်စေရန် ဖျက်ဆီးပစ်လိုက်ချင်သည်။ မုန်းသည်....ယခုလိုအခြေအနေကိုလည်း သူမုန်းသည်။ အနိုင်ယူနိုင်ခဲ့သော်ငြား နာကျင်နေသော သူ့ကိုယ်သူလည်း မုန်းသည်။ ထို့အရာများအနက် မျက်ရည်များနှင့် အသနားခံနေသော ဟွမ်အား သူပိုလို့တောင်မုန်းသည်။ မုန်းတီးမှုများကိုအဖော်ပြုလျက် သူဟာအရွဲ့တိုက်ခဲ့လေသည်။

Hate Poem Written With Love࿐Where stories live. Discover now