အပိုင်း (၁၂.၁) တမူထူးခြားသော ဗေဒင်ဆရာ

Start from the beginning
                                    

"ဆရာသခင်၊ ကျွန်တော် ဆရာ့အိမ်မှာ စာလာကျက်လို့ရနိုင်လား"

လင်းချင်းယင်သည် အံ့ဩသွားပြီး သူ့အား စာနာစိတ်ဖြင့် ကြည့်လိုက်သည် -

"ရှင်လည်း အိမ်စာလုပ်ဖို့ လိုတာလား"

"အဲလို မဟုတ်ပါဘူး" ဖက်တီးဝမ်သည် သူ၏ခေါင်းကို ကုတ်ပြီး ရှက်ရွံ့စွာဖြင့် ရှင်းပြလိုက်သည် -

"ဆရာက ကျွန်တော့်အဖိုး ထားခဲ့တဲ့ စာအုပ်ကို အလွတ်မှတ်ခိုင်းထားတာလေ။ ကျွန်တော် အမြဲတမ်းကြိုးစားပေမဲ့၊ နောက်ပိုင်းကျရင် အိပ်ပျော်သွားလို့။ ဆရာတို့နှစ်ယောက်နဲ့ လိုက်လာခဲ့ရင် လေ့လာသင်ယူစရာ အငွေ့အသက်တွေ ရှိလာလိမ့်မယ်။ ဒါဆို ကျွန်တော် လွယ်လွယ်နဲ့ အိပ်ပျော်မှာ မဟုတ်‌တော့ဘူး"

လင်းချင်းယင်သည် ထိုသို့‌သော လေ့လာသင်ယူစရာ အငွေ့အသက်ကို နားမလည်နိုင်ပေ။ သူ(မ)၏ယခင်ဘဝ၌၊ သူ(မ)ကို အစပိုင်းတွင် သူ(မ)၏ဆရာသခင် တစ်ယောက်တည်းက သွန်သင်ဆုံးမခဲ့သည်။

ထို့နောက် သူ(မ)သည် နှစ်ပေါင်း ၁၀၀၀ ကြာ တစ်ယောက်တည်း လေ့လာခဲ့သည်။ သူ(မ)က ဒီလို လေ့လာသင်ယူစရာ အငွေ့အသက်များအကြောင်း တစ်ခါမှ မကြားဖူး‌ခဲ့‌ပေ။

သို့သော်လည်း ဖက်တီးဝမ်၏ အသနားခံနေသော မျက်လုံးများကို ကြည့်ပြီး၊ လင်းချင်းယင်က ခေါင်းညိတ်ကာ သဘောတူလိုက်သည်။ သူ(မ)သည် အခမဲ့ အလုပ်လုပ်နေသူများကို အမြဲတမ်း သည်းခံခဲ့သည်။ ဖက်တီးဝမ်သည် သူ(မ)အား အလုပ်ကိစ္စများ ပက်သတ်၍ ကိုင်တွယ်ဖြေရှင်းရာတွင် ကူညီပေးခဲ့ပြီး၊ သူ(မ)အား အခက်အခဲများစွာမှ ကယ်ဆယ်ခဲ့၏။

*

လင်းချင်းယင်၏မိခင်သည် နေ့တိုင်း အလုပ်များနေသော်လည်း၊ သူ(မ)က အိမ်သန့်ရှင်းရေးကို လုပ်နေဆဲဖြစ်သည်။ ပြတင်းပေါက်ခုံပေါ်ရှိ ပန်းများနှင့် အိုးစိုက်အပင်များသည် သူတို့၏ အညတရအိမ်တွင် နွေးထွေးသော ခံစားချက်ကို ပေး၏။

လင်းချင်းယင်သည် အိမ်တွင် အခင်းအကျင်းကို စီစဉ်ရန် အိုးစိုက်အပင်များနှင့် ကျောက်စရစ်ခဲများကိုလည်း အသုံးပြုခဲ့သည်။

ရှေးဖြစ်ဟော ဆရာသခင် (MM Translation)Where stories live. Discover now