" ငါ ပြင်ဦးလွင်မှာ ကျောင်းသွားတတ်ရမယ် ဒီမနက်ပဲ ဒယ်ဒီတို့နဲ့
အဲ့အကြောင်း ပြောပြီးတာ၊ ပညာရေးနဲ့ပတ်သတ်ပြီး ဒယ်ဒီတို့ ပြောတာတွေကလည်း မှန်နေတာမို့ ငါလည်း မငြင်းချင်ဘူးကွာ
ခက်တာက ..ကျစ်! "

ပြောလက်စ စကားကို ရပ်လိုက်ကာ စိတ်အလိုမကျစွာ ကျစ်!ခနဲ အသံပြုလာတာမို့  ဝဏ္ဏမှာ ဆက်မေးရ၏။

" ဆက်ပြော! ခက်တာက ...ပြီးရင်ဘာလဲ မင်းစိတ်ထဲ အလိုကျတာရော မကျတာရော အကုန် ထုတ်ပြောလိုက် ဟေ့ရောင်
မင်းပြောပြမှ ငါတို့က ဘေးကနေ အကြံပေးသင့်ရင် ပေးနိုင်မယ်
ကူညီသင့်ရင် ကူညီနိုင်မယ်လေကွာ   ဟုတ်တယ်မလား ဟေ့ကောင်တွေ!!"

အိုက်တွမ်; ; " အေးလေကွာ "

"လမင်းကို ဒီအကြောင်းပြောပြဖို့ ပြောမထွက်ဘူး  ပြီးတော့
  ငါ့ဘက်ကလည်း မခွဲချင်တာ ပါတယ်ကွာ "

" အကိုလမင်းက နားလည်ပေးမှာပါကွာ မင်းဘက်ကအသေအချာ ပြောပြပေါ့  မင်းရဲ့ ပညာရေးကိစ္စကို သူလက်မခံဘဲ မနေပါဘူး "

"ငါ သိတယ်၊ ငါကိုယ်တိုင်က မခွဲချင်သေးတာကွာ အဖြေရတာမှ မကြာသေးဘူး ခွဲရအုန်းမယ် အဲ့အကြောင်းတွေးမိတိုင်း ရူးချင်လာသလိုပဲ "

" ဒီလိုပါပဲကွာ ခဏလောက်တော့ ဝေးနေရမှာပါပဲကွာ အခွင့်အရေးရရင် ရသလို ဆက်သွယ်လို့ရပါတယ် "

" ခန့်စေက ထားလိုက်ပါအုန်း ဟိုကောင် အရှည်ကြီး ကရော
   ဘာဖြစ်နေတာလဲ "

" အဲ့ကောင်လည်း ငါနဲ့ ကျောင်းအတူတူသွားတတ်ရမှာ လေးလေးနဲ့ သူ့မိဘနဲ့က စကားစပ်မိထားတော့ "

" အဲ့တာနဲ့ပဲ မျက်ခွက်က ဘာဖြစ်နေတာလဲ ပြော! ဟေ့ကောင် မင်းဘာဖြစ်နေတာလဲ "

တစ်ဖက် ခုံတွင် ထိုင်နေသော သန့်စင်ထွန်းအား ဝဏ္ဏ စိတ်တိုင်းမကျစွာ  လှမ်းမေးပြန်တော့ ဖြေလာတာက ...

"ခန့်စေ အတိုင်းပဲကွာ ..."

"ဘာ!"

ဝဏ္ဏနှင့် အိုက်တွမ်မှာ အာမေဋိတ်သံ အကျယ်ကြီးဖြင့် အံ့အားသင့်စွာ ကြည့်လာကြသည်။

" မင်းက ဘယ်သူ့ကို လွမ်းစရာရှိလို့လဲ ဟေ့ကောင်! "

"ရှိတာပေါ့ကွ ! "

ချစ်ချင်လို့ ချစ်တာ ( Complete)Where stories live. Discover now