11.5

531 46 2
                                    

(10.5က အဆက်ပါ)

ကျောင်းကပြန်ရောက်တော့ ကျန်းဟောင်းတစ်ယောက် အားအင်ချိနဲ့စွာဖြင့် ကုတင်ပေါ်ကိုပစ်လှဲချလိုက်သည်။ဂျီအွန်းမလာတော့ ကျန်းဟောင်ရဲ့အတန်းဖော်တွေကတောင် မင်းတို့နှစ်ယောက်ရန်ဖြစ်ထားကြတာလားမေးနေကြသည်။သို့ပေမယ့် ကျန်းဟောင်ကပြုံးပြရင်းသာသူတို့မေးခွန်းကိုရှောင်ဖယ်လိုက်သည်။ဂျီအွန်းကိုမတွေ့ရတာ၂၄နာရီကျော်ပြီဆိုတော့ ကျန်းဟောင်ရဲ့နှလုံးသားလေးကအထီးကျန်စပြုလာသည်။ညဘက်ရောက်တဲ့အခါ ကျန်းဟောင်ကတီဗီဖွင့်ကာ တိုက်အောက်ကိုနားစွင့်ရင်းထမင်းစားလိုက်သည်။ဒီလိုအချိန်ဆိုသူ့အိမ်အောက်ရောက်နေတဲ့ ဂျီအွန်းကိုလွမ်းမိသား။

"မလာတော့ဘူးနဲ့ တူတယ်"

ကင်ချီကိုဖြေးညှင်းစွာဝါးရင်း ကျန်းဟောင်ရဲ့မျက်လုံးတွေကဝေဝါးလာသည်။သူကိုယ်တိုင်ငြင်းလိုက်ပြီးမှ ဘာတွေမျှော်လင့်နေတာပါလိမ့်။ထိုစဉ် တိုက်အောက်ကကြားလိုက်ရတဲ့ ဂစ်တာသံလေး။ကျန်းဟောင်ဝရန်တာကို ပြေးထွက်ချင်စိတ်ကိုမနည်းထိန်းထားလိုက်ရသည်။ဂျီအွန်းမဟုတ်ရင် သူပဲပိုဝမ်းနည်းနေရမှာ။

"내 머리는 너무나 나빠서
너 하나밖에 난 모르고
다른 사람을 보고 있는 넌
이런 내 마음도 모르겠지, 음"

[Song name-SS501 Because I'm stupid]

တဖြည်းဖြည်းကျဆင်းလာတဲ့ မျက်ရည်တွေကိုကျန်းဟောင်ဖြေးညှင်းစွာသုတ်လိုက်သည်။

"ငါ့ကိုမပစ်သွားလို့ကျေးဇူးပါ မင်းကိုနာကျင်စေခဲ့လို့တောင်းပန်ပါတယ်"

သီချင်းဆုံးသွားတဲ့အချိန်မှာ ကျန်းဟောင်ကမျက်ရည်သုတ်လိုက်ပြီး ခဏနေရင်ကြားရတော့မယ့် တံခါးဘဲလ်သံလေးကိုစိတ်လှုပ်ရှားစွာစောင့်မျှော်နေလိုက်သည်။တိတ်ဆိတ်နေတဲ့ တံခါးရွက်ကြောင့် ကျန်းဟောင်ကအောက်နှုတ်ခမ်းကိုဖိကိုက်ရင်း ဝရန်တာဘက်ကိုအပြေးထွက်ကြည့်လိုက်သည်။ထိုအခါ ကျောနံပါတ်01ဘောလုံးဝတ်စုံနဲ့ ဂစ်တာတစ်လက်ကိုကိုင်ထားတဲ့ အထီးကျန်ဆန်တဲ့ကျောပြင်ကျယ်ကိုသူမြင်လိုက်ရသည်။လက်ရမ်းကိုခပ်တင်းတင်းဆုပ်ကိုင်ကာ ထိုလူအားလှမ်းခေါ်သင့်မသင့်ကိုတွေဝေရင်း ထိုလူသားကသူ၏မြင်ကွင်းထဲမှတရွေ့ရွေ့ပျောက်ကွယ်သွားသည်အထိ ငေးကြည့်နေလိုက်မိသည်။

Falling Slowly [Jiwoong × Matthew]Where stories live. Discover now