ပထမရက်
*တီတီ*
အလန်းသံကြောင့် ဂျီအွန်းချက်ချင်းနိုးထလာခဲ့ပြီးအပျင်းကြီးမနေပဲ ရေချိုးခန်းသို့သွားကာ ကိုယ်လက်သန့်စင်လိုက်သည်။ထို့နောက်အဝတ်အစားလဲကာ နာရီကိုကြည့်လိုက်တော့ ၈:၄၅။အရင်ရက်တွေကလို စောစောမထပဲ ၈နာရီအထိအိပ်လိုက်တာကြောင့် အတော်အိပ်ရေးဝနေသယောင်။
*ဒေါက် ဒေါက် ဒေါက်*
"မက်သရူး"
တစ်ဖက်က မက်သရူးအခန်းကိုတံခါးခေါက်ကြည့်ပေမယ့်လည်း တုံ့ပြန်သံတစ်စုံတစ်ရာမရောက်လာခဲ့။မနေ့ညကတည်းက ပြန်မရောက်လာတဲ့ကောင်လေးကအခုထိလည်းပြန်ရောက်လာသေးပုံမပေါ်။
"ငါပြောလိုက်တာဘာမှားသွားလို့လဲ"
မနေ့ကသူ့စကားကြောင့် မက်သရူးစိတ်ဆိုးသွားတယ်လို့ထင်မြင်မိသွားသည်။ဘယ်လိုပဲဖြစ်နေပါစေ သူ့ဘက်ကလည်းအမှားမဟုတ်တာကြောင့် ပြန်ချော့ဖို့အစီအစဉ်မရှိပါ။နေ့လည်ရောက်တော့ မိုချီကိုအစာကျွေးပြီး ကုမ္ပဏီကန်တင်းကပဲထမင်းမှာစားလိုက်သည်။အိမ်မှုကိစ္စတွေလုပ်စရာမလိုတော့ လွတ်လပ်ပေါ့ပါးနေသည်။
ဒုတိယရက်
*တင်းတောင်*
တံခါးဘဲလ်ကိုနှိပ်လိုက်ပေမယ့် အထဲကပြန်ဖြေသံမကြားတာကြောင့် ဂျီအွန်းလက်တွေကလျှို့ဝှက်နံပါတ်ကိုရိုက်နှိပ်လိုက်သည်။
"ဟာအို"
ထို့နောက်အခန်းတံခါးကိုခေါက်လိုက်ပြီး ကျန်းဟောင်အိပ်ခန်းထဲသို့ဝင်သွားလိုက်သည်။
"ဂျီအွန်း"
လက်ချောင်းလေးတွေပါဖုံးသည်အထိအနွေးထည်လက်ရှည်ဝတ်ထားတဲ့ကောင်လေးက မျက်လုံးလေးတွေပွတ်ကာသူ့ကိုကြည့်လာသည်။ခရီးပန်းနေတဲ့အပြင် အလုပ်ဖိလုပ်လိုက်တဲ့ ကျန်းဟောင်က အခုတော့နေမကောင်းဖြစ်ပြီး ဖျားနေလေရဲ့။အခုမှအိပ်ရာကနိုးလာတာကြောင့် ကျန်ဟောင်းရဲ့ပါးနှစ်ဖက် နဲ့ မျက်ခွံလေးတွေက ဖောင်းအစ်နေသည်။
"သက်သာသွားပြီလား"
အိပ်ချင်မူးတူးဖြစ်နေတဲ့ကျန်းဟောင်က လှဲနေရာမှထိုင်ကာ သူ့ကိုခေါင်းခါပြသည်။
YOU ARE READING
Falling Slowly [Jiwoong × Matthew]
FanfictionMarried lifeပုံစံလေးနဲ့ရေးကြည့်မယ် Woongthew Binthew Woonghao Binhao