1

558 62 3
                                    

"ကိုကြီး ညီမ‌လေးတို့အဆင်ပြေပါ့မလားမသိဘူး ကြောက်လိုက်တာ"

စားသောက်ဆိုင်VIPခန်းထဲတွင် ဂျီအွန်း၊သူ့အမေနဲ့သူ့ညီမလေးက  မိသားစုတွေ့ဆုံပွဲကို အရင်ရောက်ရှိနေကြသည်ဖြစ်ရာ မမြင်ရသေးတဲ့ တစ်ဖက်သားရှင်တွေကို စိတ်ပူနေတဲ့ညီမဖြစ်သူကြောင့် ဂျီအွန်းခပ်ဖွဖွသာပြုံးလိုက်သည်။တကယ်ပါ လက်ထပ်မယ့်သူက သူလား ဆယ်ရာလား မေးယူရမည်။

"အဆင်ပြေမှာပါသမီးရယ် ကြောက်ရင်မ‌လိုက်ခဲ့ဖို့မေမေပြောသားပဲ"

"ဟာ မေမေကလည်းမေမေတို့နှစ်ယောက်တည်း..."

*ဒေါက် ဒေါက် ဒေါက်*

တံခါးခေါက်သံကြောင့် သူတို့စကားစပြတ်သွားပြီး တစ်ဖက်ကခမည်းခမက်တွေကိုကြိုဆိုဖို့ သုံးယောက်စလုံးထိုင်ခုံမှထလိုက်သည်။

"မင်္ဂလာပါ တွေ့ရတာဝမ်းသာပါတယ်"

"အိုး ဝမ်းသာပါတယ်ရှင့် ထိုင်ကြပါ ထိုင်ကြပါ"

ဖော်ဖော်ရွေရွေနဲ့ခပ်ပြုံးပြုံးလေးပြောလိုက်တဲ့ ဆော့လင်မယားကို ဂျီအွန်းတို့ဘက်ကလဲပြုံးရွှင်စွာနှုတ်ဆက်ကာ ထိုင်ခုံမှာပြန်လည်နေရာယူလိုက်သည်။

"ဒီလက်ထပ်ပွဲကိုလက်ခံပေးလို့ကျေးဇူးတင်ပါတယ် သား ဂျီအွန်းကအချောလေးပဲကွယ်"

ခဏခဏကြားရတဲ့စကားဖြစ်တဲ့အတွက် ထူးကဲပြီးဝမ်းသာခြင်းမရှိပေမယ့် လူမှုရေးအရဂျီအွန်းအနည်းငယ်ပြုံးလိုက်သည်။

"ကျေးဇူးတင်ပါတယ် ဟို..."

"သားအဆင်ပြေသလိုခေါ်လို့ရပါတယ်"

"အာ ဟုတ်ကဲ့ အဖေ နဲ့ အမေ"

စကားတတ်တဲ့ဂျီအွန်းကြောင့် ကျန်တဲ့၄ယောက်စလုံးက သဘောကျဟန်ရယ်မောလိုက်သည်။

"အန်ကယ်ကြားတာသားက ကုမ္ပဏီလုပ်ငန်းပိုင်းမှာအတော်ဦးဆောင်နိုင်ပြီဆို"

"ဟုတ်ကဲ့ ကျွန်တော်၁၆နှစ်အရွယ်ကတည်းက ဖေဖေ့ကုမ္ပဏီမှာ...."

Mr.Seok က ကနေဒါလူမျိုးတစ်ဦးဖြစ်သော်လည်း ကိုးရီးယားနိုင်ငံသားဖြစ်တာကြောင့် ကိုရီးယားစကားကိုအကျွမ်းအကျင်ပြောဆိုနိုင်သည်။ငါးယောက်သားစကားလက်ဆုံကျနေရင်း မှားထားသည့်အစားအသောက်များရောက်လာသောကြောင့် စကားစဖြတ်ကာထမင်းလက်ဆုံစားကြသည်။

Falling Slowly [Jiwoong × Matthew]Donde viven las historias. Descúbrelo ahora