11

511 59 0
                                    

"အာ"

ကျန်းဟောင်မှာကလေးထိန်းနေရတာလား မန်နေဂျာလုပ်နေရတာလား မသဲကွဲတော့။အခုလဲ ဓာတ်ပုံရိုက်ပြီးပင်ပန်းသွားပါပြီဆိုပြီး ဒိန်ချဉ်ခွံ့ကျွေးနေရသည်။နေ့လည်စာစားချိန်ပြီးတော့ သူတို့shootingချိန်ပြီးသွားပြီဖြစ်သည်။

"‌တာဝန်ကျေပါပြီ အဲတာဆိုကျွန်‌တော်သွားလိုက်ပါဦးမယ်"

"ဟင် ဘယ်သွားမလို့လဲ"

"ပြန်မှာလေ"

"ဘယ်သူကပြန်ခိုင်းလို့လဲ"

မနက်ကတည်းက ကောင်းကင်ကတိမ်ညိုတိမ်မဲတွေဖုံးလွှမ်းကာရာသီဥတုကစိုထိုင်းနေသလို ကျန်းဟောင်ရဲ့ခြေလက်တွေညောင်းကိုက်နေပြီဖြစ်သောကြောင့် ကျန်းဟောင်အလုပ်ဆင်းချင်နေပြီဖြစ်သည်။ရှူတင်ချိန်ပြီးသွားတာတောင် လာရစ်နေတဲ့ဟန်ဘင်း‌ကို ကျန်းဟောင်စိတ်ရှိလက်ရှိထုပစ်လိုက်ချင်သော်လည်း ခက်ခက်ခဲခဲရထားတဲ့မော်ဒယ်ဖြစ်တာကြောင့် သည်းခံကာပြုံးထားရသည်။

"..."

"ကျန်းဟောင်shiက ကျွန်တော့်ရဲ့ ဒီနေ့၁ရက်လုံးမန်နေဂျာဖြစ်ပေးရမှာလေ"

"မဟုတ်ပါဘူး ရှုတင်ချိန်ပါပဲ"

"ဟူး အဲတာဆိုလည်း သေချာအောင် ဂျီအွန်းshiကိုမေးကြည့်လိုက်ရအောင်"

"ထားလိုက်ပါတော့ မင်းသားတစ်ခြားနေရာသွားစရာရှိသေးလား"

"အင်း နောက်တစ်နေရာရှိတယ် လိုက်ခဲ့ဦး"

ကျန်းဟောင်ကိုယ်တိုင်လဲ ဂျီအွန်းကိုအပိုအလုပ်မရှုပ်စေချင်တာကြောင့် ဟန်ဘင်းစကားကိုလက်ခံလိုက်သည်။သူဒီနေ့တစ်ရက်ပဲ သည်းခံရမှာပါ။ဒီကောင်လေးက အပြုံးချိုချိုလေးနဲ့ညဏ်များတဲ့ကောင်လေးပဲ။

သူ့ကိုမျက်စောင်းထိုးပြီးကြည့်လိုက်တဲ့ကောင်လေးကို ဟန်ဘင်းမသိချင်ယောင်ဆောင်လိုက်သည်။အကြောင်းပြချက်ရေရေရာရာမရှိပေမယ့် ဟန်ဘင်းတစ်ယောက် မနက်ကတည်းက စူပုတ်ပုတ်လေးဖြစ်နေတဲ့ကျန်းဟောင်ကို မခံချင်အောင်စနောက်ချင်နေမိသည်။

---

"ဟိုမှာ photo booth ဓာတ်ပုံရိုက်ရအောင်"

4cut photoရိုက်ရန်အတွက် မက်သရူးတစ်ယောက်တက်ကြွစွာဖြင့် ဂျီအွန်းရဲ့လက်မောင်းကိုဆွဲကာ photo boothဆီသို့သွားလိုက်သည်။

Falling Slowly [Jiwoong × Matthew]Where stories live. Discover now