အမွေးတိုင် တစ်တိုင် ကုန်စာ ရှိချိန်တွင် လုံချန်သည် စိတ်၊လက်များ ပေါ့ပါးသွား၏။တစ်ချိန်တည်းတွင်
တုဖုန်း နှင့် အခြားအကြီးအကဲများကလည်း လေပူကြီးများကို ဝူးကနဲမှုတ်ထုတ်ကြပြီး ၎င်းတို့၏ မျက်
နှာပေါ်မှ စိုးရိမ်ဟန်များ ပျောက်ကွယ်သွားကြသည်။သူတို့အဖွဲ့မှ လူများ စိုးရိမ်နေဆဲဖြစ်သည်ကို
မြင်လျှင် လုံချန်က ပြုံး၍ ပြောသည်။

"စိတ်မပူကြပါနဲ့ မမ ၀မ်အာက ကျိန်းသေပေါက်အောင်မြင်မှာပါ"

ထန်၀မ်အာ အတွက် စမ်းသပ်မှု၏ အစပိုင်းသည် အန္တာရာယ်အရှိဆုံးဖြစ်ကြောင်း သူသိသည်။
အကယ်၍ သူမသည် ထိုအရာကို ဆက်လက်ရင်ဆိုင်သွားနိုင်ခဲ့လျှင် သူမ၏ သိုင်းပညာကို အဆင့်
အမြင့်ဆုံးအထိ အသုံးပြုနိုင်သွားမည်ဖြစ်ကာ ရန်သူအပေါ်အနိုင်ယူနိုင်မည်ဖြစ်သည်။

ထို့ကြောင့် လုံချန် ကစိတ်အေး လက်အေး ဖြစ်သွားခြင်းပင်။အကယ်၍ သူမသည် ကနဦးအချိန်ကို
ကျော်ဖြတ်၍ ကောင်းစွာဆက်တိုက်ခိုက်နေနိုင်မည်ဆိုလျှင် စမ်းသပ်မှုကို ဖြတ်ကျော်ရန်မှာ အချိန်
တစ်ခုသာ ကြာမြင့်တော့မည်ဖြစ်သည်။သူမသည် အမျိုးသမီး တစ်ဦးဖြစ်သော်လည်း သူမ
၏ ဗီဇကား မန်ချီ၊ချူယောင် တို့နှင့် လုံး၀ကွဲပြားပါသည်။

မန်ချီနှင့်ချူယောင်တို့သည် အပြင်ပန်း၌ နူးညံ့ကြသည့်တိုင် အတွင်းစိတ်ဓာတ်က မာကျောသည်။
ထန်၀မ်အာ အတွက်မူ သူမသည် အပြင်ပန်း၌ ခွန်အားကြီးမားလင့်ကစား အတွင်းနှလုံးသားက
နူးညံ့သည်။လုံချန်က ထိုအချက်ကို ထောက်ပြခဲ့ခြင်းကြောင့် သူမသည် သူမ၏ ပြဿနာကို ကောင်းစွာ
သဘောပေါက်ခဲ့ရ၏။

မူလတွင် သူမက အခြားသူများ၏ အန္တေဝါသိက တပည့် ရွေးချယ်မှုများကို အရင် ကြည့်ပြီးမှ စမ်း
သပ်ပွဲသို့၀င်လျှင် ပို၍ကောင်းမည်ဟုပြောခဲ့သည်။စမ်းသပ်ပွဲကို အခြားသူများအောင်မြင်လျှင် သူမ
အတွက်အောင်မြင်နိုင်ချေ ပို၍  များသောကြောင့်ဖြစ်၏။သို့သော် ယခုမူ အန္တေဝါသိက ဂိုဏ်းသားစမ်း
သပ် မှုတွင် သူမသည်ပင် ပထဦးဆုံးအဖြစ် သွားရောက် ယှဉ်ပြိုင်ခဲ့လေသည်။ယင်းသည် သူမ ရင်ထဲ
၌ အတားအဆီးတစ်ခုလိုဖြစ်နေသော အားနည်းချက်ကို ချေဖျက်ရန် အတွက်ဖြစ်သည်။

ဆေးသိန္ဓိရှင် ( လုံချန် ) Book 1(ခွင့်ပြုချက်ရပြီး)Hikayelerin yaşadığı yer. Şimdi keşfedin