"သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အကြီးအကဲရှင့် ၀မ်အာ သဘောပေါက်ပါပြီ" သူမက ခေါင်း
ငြိမ့်သည်။တုဖုန်းက လက်ကို ဝေ့ယမ်းလိုက်လျှင် ထန်၀မ်အာမှာ လေပေါ်သို့လွင့်ကာ မီတာသုံးထောင်
ခန့်မြင့်သည့် ကျောက်နံရံသို့တက်သွားပြီး ဂူတစ်ခုစီသို့ရောက်သွား၏။

အသက်ကိုခပ်ဖြေးဖြေးရှုသည်။လေဓားများက သူမ၏ ခန္ဓာကိုယ်ပတ်လည်၌ ရုတ်တရက် ဖြစ်ပေါ်လာ
ကြ၏။ကြောက်မက်ဖွယ်ရာ လေစွမ်းအင်ကြောင့်ထင့် ပတ်၀န်းကျင်လေထုက တရွှီရွှီမြည်သံပေးလျှက်
ရှိသည်။လူတိုင်း အသက်ရှု အောင့်ထားမိကြသည်။စမ်းသပ်မှုကို သူမ ကျော်ဖြတ်နိုင်စွမ်းရှိပါ့မလား။

လုံချန် အနည်းငယ်စိုးရိမ်နေသည်။ထန်၀မ်အာက လွန်စွာအစွမ်းထက်သည်ကုသူသိသည်။သူအာရုံ
ခံကြည့်ရာ၌ သူမသည် ရွှေရောင်အဆင့် စိတ်ဝိညာဉ်အရင်းအမြစ်ကို ပိုင်ဆိုင်ကြောင်း လုံချန်သိခဲ့
ရ၏။သို့သော် သူမကား နှလုံးသား နူးညံ့လွန်း၏။ခံစားချက်များလွန်းသည်။ထို့ကြောင့်
လုံချန်က သူမအနေဖြင့် သိုင်းပညာကို ကောင်းကောင်းအသုံးချနိုင်ပါစေဟု၍သာ အကောင်းဆုံး
မျှော်လင့်နေခဲ့ရသည်။

လေများဝဲကတော့ထိုး၍ လည်လာပြီးနောက် ထန်၀မ်အာ၏ လက်တွင် ဓားရှည်ကြီးနှစ်လက်
ပေါ်လာ၏။သူမက ဂူထဲသို့ ခပ်ဖြေးဖြေး၀င်သွား၏။အော်ရာများကား သူမ၏ ခန္ဓာကိုယ်မှ တစ်
ရှိန်ရှိန်ထွက်လျှက်ရှိပါသည်။

ဂူထဲသို့ ထန်၀မ်အာ ၀င်သွားပြီးနောက် ဝုန်းကနဲ ဒိုင်းကနဲ အသံများကို စောင့်ကြည့်နေကြသော
လူအုပ်မှ ကြားရလေသည်။ဂူသည် တသိမ့်သိမ့်တုန်မျှ လှုပ်ခတ်ကာ ချီလှိုင်းကြီးမှာ ကောင်းကင်
သို့ ရွှီးကနဲ ထိုးတက်သွား၏။

၀ုန်း...ဝုန်း....ဝုန်း...

တစ်ဒိုင်းဒိုင်း၊တစ်ဝုန်းဝုန်း အသံများ ဆင့်ကဲ ဆင့်ကဲ ထွက်လျှက် ဂူသည် တသိမ့်သိမ့်တုန်လျှက်ရှိသည်။
လူတိုင်းက စိတ်လှုပ်ရှားမှုကြောင့် လက်သီးကိုယ်စီ ဆုပ်မိကြ၏။ဤ နတ်သမီးလေးအား မည်သူမျှ
ရုတ်ပျက် ဆင်းပျက် သေဆုံးသွားစေလိုသည့် ဆန္ဒ မရှိပေ။

ဆေးသိန္ဓိရှင် ( လုံချန် ) Book 1(ခွင့်ပြုချက်ရပြီး)Onde histórias criam vida. Descubra agora