"ကျွတ်...ရှင်ဟန်ဆောင်မနေနဲ့ ရှင်ကဘယ်တုန်းကမွေးတာလည်း ကျွန်မက ရှင့်ထက်ကြီးမယ်ဆိုတာ
ကို လောင်းရဲတယ်"

သူမက ထိုသို့ပြောရာတွင် လုံချန်သည် သူမ၏ ခန္ဓာကိုယ်ကလေးကို ခေါင်းအစခြေအဆုံးကြည့်၍
ပြန်ပြောလေသည်။

"အင်း...အဲ့တာတော့ဟုတ်သားပဲ"

ထန်၀မ်အာ၏ မျက်နှာကလေး ဖြန်းကနဲ နီသွား၏။ယင်းနောက် သူ့ကို ဒေါသထွက်ဟန်လေးဖြင့်ကြည့်၍
ပြော၏။

"ကောင်စုတ်...ရှင်တော့ ထုခံချင်ပြန်ပြီလား ဒီလိုမျိုးညစ်ညစ်ပတ်ပတ်စကားတွေကို ဘယ်လိုပြောထွက်
တာလည်း"

လုံချန်သည် ပျော်ရွှင်စွာဖြင့် စိတ်ထဲ၌ သက်ပြင်းချမိသည်။ရွှမ်ရှင်းကား သူထင်ထားသည်ထက်ပင်ပို
၍ ပျော်စရာကောင်းသော နေရာဖြစ်နေသည်။ချောမောလှပသည့် မိန်းမလှကလေးကို နေ့တိုင်းစနေရ
လျှင် အချိန်တွေသည် ထင်ထာထက် ပို၍ အကုန်မြန်ပေလိမ့်မည်။မတွေးမိစေရန် အစဉ်အမြဲကြိုးစား
နေသည့်ကြားမှ သူ့ကို နာကျင်အောင် လုပ်နေသည့်အရာမှာ ချူယောင်ဖြစ်လေသည်။

ကောင်းကင်နန်းတော် ဂိုဏ်းသို့ သူမ အောင်မြင်စွာ ၀င်ရောက်နိုင်သွားပြီလား။ရွှမ်ရှင်း၌ အခြေကျသည်
နှင့် သူမကို မြန်မြန်သွားတွေ့ရဦးမည်။သူ့အမြင်တွင် ချူယောင်သည် လွန်စွာရိုးသား၍ တုံးအ၏။ကောင်း
ကင်နန်းတော်၌ ချုယောင် အဆင်မပြေဖြစ်မည်ကို သူ စိုးရိမ်ပါသည်။

လုံချန် အတွေးနက်နေစဉ်တွင် လူအုပ်ကြီးသည် မီးကိုရေနှင့်ငြိမ်းလိုက်သလို ချက်ချင်းတိတ်ဆိတ်
သွားသောကြောင့် လုံချန်က ခေါင်းမော့၍ ကြည့်လျှင် အကြီးအကဲတစ်သိုက်မှာ ကျောက်နံကြီး၏
အရှေ့သို့ လာနေသည်ကိုမြင်ရသည်။

အကြီးအကဲများသည် မီးခိုးရောင် ၀တ်ရုံကိုယ်စီကို ၀တ်ထားကြပြီး ခက်ထန်သော မျက်နှာများဖြင့်
ဖြစ်သည်။၎င်းတို့၏ မျက်၀န်း၌ တောက်ပလျှက်ရှိသော အလင်းရောင်တစ်မျိုးသည် လူအုပ်အား
မျက်လုံးခြင်း ဆုံ၍ မကြည့်ဝံ့အောင်ဖြစ်စေပါသည်။၎င်းတို့၏ အော်ရာများကား လွန်စွာပြင်းထန်လွန်း
ရကာ အော်ရာများကို မလွှတ်ပဲ ထိန်းချုပ်ထားသည့်တိုင် ပေါက်ကွဲတော့မည့် မီးတောင်ကြီးများကဲ့
သို့ခံစားရစေလေသည်။

ဆေးသိန္ဓိရှင် ( လုံချန် ) Book 1(ခွင့်ပြုချက်ရပြီး)Where stories live. Discover now