သူမနောက်တွင် ဖြစ်နေသော တိုက်ပွဲကိုမျက်ကွယ်ပြု၍ လျှို့ဝှက်သိုင်းပညာတစ်ခုဖြင့် ချီရှင်ကို
တိုက်ခိုက်လိုက်၏။ချီရှင် လွန်စွာထိတ်လန့်သွားမိသည်။သူမ သူ့ကို တိုက်ခိုက်ခိုက်လိုက်သည့်
တိုက်ခိုက်မှုကား သူမ၏ စွမ်းအင်များကို အကုန်သုံး၍ တိုက်ခိုက်ခြင်းဖြစ်သည်။

သူမ၏ တိုက်ခိုက်မှုကို မကာပဲ နေလျှင် သူသည် မသေလျှင်ပင် ဒဏ်ရာအကြီးအကျယ်ရမည်ဖြစ်ရာ
လက်ထဲမှ ရေဓားဖြင့် ကပျာကယာ ကာထားလိုက်ရသည်။ရေဓားနှင့်လေဓား ခုတ်မိလျှင် စွမ်းအင်
ပေါက်ကွဲမှုကြီး အကြီးအကျယ်ဖြစ်ကာ ချီရှင်သည် နောက်သို့လွင့်သွားလေသည်။ထိုကြောက်မက်
ဖွယ်ရာကောင်းသည့် စွမ်းအင်ကြီးသည် သူ့အား နောက်သို့ မီတာပေါင်းများစွာရောက်အောင် လွင့်
ထွက်သွားစေပါသည်။

ဂမ္ဘီရသစ်သီးနှင့် အနီးဆုံးနေရာတွင် ရှိနေရာမှ ယခုတော့ အဝေးဆုံးနေရာသို့ရောက်သွားပြီဖြစ်၏။
သူသည် ဒေါသထွက်ရလွန်းသဖြင့် သွေးပင် အန်မိမတတ်ဖြစ်နေသည်။ထို့နောက် ကိုယ့်ကိုကိုယ်
တည်ငြိမ်အောင်ပြန်ထိမ်း၍ နောက်ထပ်အခွင့်အရေးတကြိမ်ရနိုးဖြင့် ပြန်ပြေး၀င်လာပြန်၏။

"သတိထား" ယဲ့ထင်းချုံ၏ အော်သံထွက်လာသည်။အဘယ့်ကြောင့်ဆိုသော် ထန်၀မ်အာသည်
ချီရှင်နှင့် တိုက်ခိုက်နေစဉ် လီရှင်းရှောင်က ထန်၀မ်အာကို လက်သီးဖြင့်၀င်ထိုးလိုက်ခြင်းကြောင့်
ဖြစ်သည်။

"သေလိုက်စမ်း...မျောက်ဝံကြီး" လှံတံတစ်ချောင်းသည် လီရှင်းရှောင်၏ လက်သီးထံသို့ပြေး၀င်သွား
သည်။လီရှင်းရှောင်မှာနောက်သို့ ခြေနှစ်လှမ်းခန့် ဆုတ်လိုက်ရသလို ဤမျှကောင်းသည့်အခွင့်
အရေး တစ်ခု လွတ်သွားခြင်းကြောင့် ဒေါသလည်းထောင်းကနဲဖြစ်ရသည်။အကယ်၍ သူ့လက်သီး
သာ ထန်၀မ်အာကို ထိုးမိလျှင် ဂမ္ဘီရသစ်သီးသည် သူတို့ပိုင်ဖြစ်သွားမည်မှာ မလွဲဧကန်ပင်။

"သေစမ်း" လီရှင်းရှောင် သည် ဒေါသတကြီးဖြင့် အော်ဟစ်ကြုံးဝါးလိုက်၏။လျှပ်စီးများမှာ သူ၏
ခန္ဓာပတ်ပတ်လည်၌ တဖျတ်ဖျတ်လက်လာသည်။ယင်းနောက် လုံချန်ကို လက်သီးဖြင့်ထိုး၏။

ဆေးသိန္ဓိရှင် ( လုံချန် ) Book 1(ခွင့်ပြုချက်ရပြီး)Where stories live. Discover now