Chapter - 9

51 6 1
                                    

** Unicode **

နိုအာ ၊ ကော်နေးနဲ့ ကောင်လေး သုံး ၊
လေးယောက်ဆီက လက်နှိပ်ဓာတ်မီးရောင်တွေက အမှောင်ထုထဲမှာ တဝင်းဝင်း ။
ဆရာက နှစ်ယောက်တစ်ဖွဲ့ လူစုခွဲရှာဖို့
ပြောတာကြောင့် အဖွဲ့ကွဲရင်း ကွဲရင်း
ကော်နေးနဲ့ နိုအာ တစ်ဖွဲ့ ဖြစ်သွားတယ် ။
ကော်နေးက သူ မကြည်တဲ့ သောမက္ ကို
လိုက်ရှာနေရတာကြောင့် တမင်တကာ
စိတ်မပါသလို အိပ်ချင်မူးတူးပုံစံလုပ်နေပြီး
နိုအာကတော့ စိုးရိမ်တကြီး ဓာတ်မီးကို
ဟိုထိုး ၊ ဒီထိုး ။

" တော်တော်ဒုက္ခပေးတဲ့ကောင်ပဲ..ဧကန္တ သူ
ထွက်ပြေးသွားတာလား "

ကော်နေးက သောမက္ ကို တိတ်တဆိတ်
ကျိန်ဆဲနေရာက နိုအာ့ဘက်လှည့်ပြီး
ပြူးတူးပြဲတဲ မျက်နှာပေးနဲ့ မေးလာတယ် ။

" မဖြစ်နိုင်တာ သူက အဲ့ဒီ့လောက်
မမိုက်မဲပါဘူး"

နိုအာကတော့ သောမက္ ဘက်က ကာပြောပေးရင်း နှစ်​ယောက်သား တရွေ့ရွေ့လျှောက် လာကြတယ် ။

" ဒီတိုင်းလိုက်ရှာနေရင် ဘယ်တွေ့မှာလဲ
အော်ခေါ်လေ သောမက်..အု..."

နာမည်ခေါ်တာ မဆုံးသေးခင် နိုအာက
ကော်နေးရဲ့ ပါးစပ်ကို ကပြာကယာ လက်ဖဝါးနဲ့ ဖိပိတ်လိုက်တယ် ။

" မင်းရူးနေလား တောထဲမှာနာမည်
မခေါ်ရဘူး မကောင်းဆိုးဝါးတွေက ဟန်ဆောင်ပြီး ထူးတတ်တယ်လို့ လူကြီးတွေ ပြောတာ မကြားဖူးဘူးလား "

" ဘယ်ခေတ်ရောက်နေပြီလဲ
အယူမသီးစမ်းပါနဲ့ ဒီတိုင်း​လိုက်ရှာရင်
မိုးလင်းတောင် ေတွ့မှာမဟုတ်ဘူး "

"ငါတို့ဓာတ်မီးရောင်တွေကို သူ တွေ့မှာပဲ "

ကော်နေးနဲ့နိုအာ ငြင်းရင်းခုန်ရင်း တောအုပ်ထဲ တစတစ ဝင်လာတယ် ။ ကော်နေးက
အိပ်ချင်မူးတူး ဒီဇိုင်းနဲ့ ပျင်းတိပျင်းရွဲ
လျှောက်နေတာကြောင့် နိုအာ့ အနောက်မှာ ကျန်ခဲ့တယ် ။

" ကော်နေးလာပါ "

" ငါတို့ သူ့ကို တောအုပ်တခုလုံးနှံ့အောင်
ပတ်ရှာဖို့ မဖြစ်နိုင်တော့ဘူး သူလည်း
ကလေးမှမဟုတ်တာ သူ့ဟာသူ Camp area ကို ပြန်လာလိမ့်မယ် "

You've reached the end of published parts.

⏰ Last updated: Nov 10, 2023 ⏰

Add this story to your Library to get notified about new parts!

SUMMER STORY [ ONGOING] Where stories live. Discover now