Chapter - 6

69 7 19
                                    

** Unicode **

လမ်းတလျှောက် ဖြာကျနေတဲ့ အလင်းတန်းတွေက တဖြည်းဖြည်း အရောင်မှိန်သွားသလို
ပတ်ဝန်းကျင်ကို အမှောင်ထုက ကြီးစိုးလာတယ် ။ အနီရောင်သမ်းနေတဲ့ ကောင်းကင်ကြီး က ဖျော့တော့လာတာကို တွေ့ရပြီး  ပြတင်းပေါက်ကတဆင့် လေပူတချို့က
သောမက္ မျက်နှာကို လာရိုက်တယ် ။

တနေကုန် တနေခမ်း စကားပြောလိုက် ၊
ဟိုကြည့် ဒီကြည့် လုပ်လိုက်နဲ့ တစက္မှ
မမှေးတဲ့ နိုအာက ဆယ့်နှစ်နာရီ နီးပါး
ကားစီးလာတဲ့ ဒဏ်ကို အံမတုနိုင်ဘဲ
သောမက္ ပုခုံးပေါ် ခေါင်းတင်လို့
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီ ။

" ဒုက္ခအိုး...တနေကုန်တနေခမ်း မအိပ်ဘူး
ငါအိပ်နေတုန်း ကော်နေးဆိုတဲ့ကောင်နဲ့ တဟီးဟီးတဟားဟား လုပ်နေပြီး အခုမှ
ငါ့ကို လာမှီနေတယ်..ငါက ဘယ်အချိန် ဂိမ်းဆော့ရမလဲ "

အိပ်ပျော်နေတဲ့ နိုအာ့ကို ငုံ့မိုးကြည့်ရင်း
သောမက္ က မျက္မှောင်ကုတ်ကြီးနဲ့
မကျေမချမ်းရေရွတ်နေပေမယ့် လက်တွေ့မှာ နိုအာ့ကို တွန်းမဖယ်ပစ် ။ စိတ်လွတ်ကိုယ်လွတ် လက်နှစ်ဖက်ကို လှုပ်ယမ်းပြီး အားရပါးရ နှုတ်ဆက် ဂိမ်းဆော့
ပစ်ချင်ပေမယ့် ဆော့ဖို့နေနေသာသာ ဘေးက နိုအာ ပြုတ်ကျသွားမလား ၊ ယိုင်ကျမလား ဆိုပြီး ငါးမိနစ် တစ်ခါ လှည့်လှည့် ကြည့်နေတာက အလုပ်တစ်ခု ။

" အင်း......"

နိုအာ့ဆီက အိပ်ချင်မူးတူး သံရှည်ဆွဲသံ
ထွက်လာပြီး မျက်လုံးနှစ်ဖက်ကို နာနာပွတ်နေတာ တွေ့ရတယ် ။ သောမက္ က အပြင်ဘက်ကို ကြည့်ရင်း ခပ်ပြတ်ပြတ်လေသံနဲ့..

" နိုးရင်လည်းဖယ်တော့ ငါ့ ပုခုံးတွေ
တောင့်နေပြီ "

" အာ..ဆောရီး..ဆောရီး ငါ အကြာကြီး
မင်းကို ဒုက္ခပေးမိသွားတယ် "

နိုအာက သူ့ခေါင်းကို သောမက္ ပုခုံးပေါ်က
ဖယ်ရင်း အားတုံ့အားနာ လေသံနဲ့ပြောပြီး
သောမက္ဘက်ကို အပြုံးမျက်နှာနဲ့ လှည့်လာလို့....

" မင်းက ဒီလိုကျတော့လည်း
ချစ်ဖို့ကောင်းသားပဲ..."

သူငယ်ချင်းအများကြီးနဲ့ လုံးလုံးထွေးထွေး
နေတတ်တဲ့ နိုအာ့အတွက် ဒီလို စကားမျိုးက
မထူးဆန်း သောမက္ သိတဲ့တိုင် ရင်ဘတ်ထဲ
မမြင်ရတဲ့ လှိုင်းတစ်ခုက ဖြတ်သွားသလို
လှုပ်ခနဲ ဖြစ်သွားတယ် ။ မျက်နှာ
အမူအရာပျက်သွားတာကို နိုအာ
သတိထားမိမှာစိုးလို့တောင် ချောင်း
တချက်ဟန့်ပြီး

SUMMER STORY [ ONGOING] Waar verhalen tot leven komen. Ontdek het nu