Chapter- 1

194 14 7
                                    

** Unicode **

အစိမ်းရောင်သစ်ပင်တွေက ဖြာကျနေတဲ့
နေရောင်ကြောင့် ခါတိုင်းထက် ပိုတောက်ပ
နေတယ် ။ မှန်ပြတင်းပေါက်က တဆင့်
တိုးဝင်လာတဲ့ နေအလင်းကြောင့် သောမတ်
မျက်လုံး ကျိန်းခနဲ ။ အပြင်ကို တချက်လှမ်းကြည့်တော့ ပြာလဲ့လဲ့ကောင်းကင် နဲ့ သမရိုးကျ ပတ်ဝန်းကျင်က ထူးမခြားနား ။

~~ ဒေါက် ဒေါက် ဒေါက် ~~

တံခါးခေါက်အသံနဲ့အတူ မျက်နှာပေါ်
အပြုံးပန်းဆင်လို့ အခန်းထဲ ဝင်လာတဲ့
မာမီ ။

" ဘယ်သူမှမသွားဘူးလား သားလေး "

" အားလပ်ရက်လေ "

သောမက် က သူမ ကို အိပ်ရာပေါ်က
တချက်သာ လှမ်းကြည့်ပြီး ဖုန်းတစ်လုံးနဲ့
ဂိမ်းဆော့နေတယ် ။ အင်္ကျီအဟောင်းတွေ
ပြန့်ကျဲနေတဲ့ ခပ်မှောင်မှောင်အခန်းက
ပြတင်းပေါက်က ဖြာကျနေတဲ့ အလင်းရောင်ကြောင့်သာ လင်းနေတာ ။

" သူငယ်ချင်းတွေနဲ့ လျှောက်မလည်ဘူး
လားလို့ ပုံမှန်သားအရွယ် လူငယ်လေးတွေဆို အပြင်ထွက်လည်ဖို့ပဲ ချောင်းနေကြတာ
သိလား..လမ်းထိပ်ခြံမှာနေတဲ့
မစ်(စ်)အိုလေဗာ ပြောပြတာ သူ့သားဆို
ဘယ်တော့မှ အိမ်မကပ်ဘူး တဲ့ မာမီက
လိမ္မာတဲ့ သားလေး ရထားတာ
ကံကောင်းတာပေါ့ "

သောမက္ က သူမရဲ့ စကားကို လျစ်လျူပြီး
သူ့ခန္ဓာကိုယ်ကို တဖက်လှည့်လို့ ဂိမ်းကို
သည်းကြီးမည်းကြီး ဆော့နေတယ် ။
ကုတင်အောက်မှာ ပွစာကြဲနေတဲ့ အဝတ်ဟောင်းတွေကို အမြင်မတော်တဲ့ သူမက
ကောက်ယူပြီး အဝတ်ဟောင်းခြင်းထဲ ထည့်ပြီး အောက်ကိုတဝက်လျောကျနေတဲ့ စောင်ကို ကုတင်ပေါ် တင်ပေးလိုက်တယ် ။

" နေ့လည်စာစားတော့မလား သားလေး
ဒီနေ့ သားအဖိုးလာလည်မှာမို့ သား ကြိုက်တဲ့
အမဲသားကင် မလုပ်လိုက်ရဘူး သားအဖိုးက
ကျန်းမာရေးနဲ့ညီညွတ်တဲ့ အသီးအရွက်တွေကို ပိုစားတာဆိုတော့ "

ကြက်သွန်ဖြူမွှေးမွှေးနဲ့ ရောကင်ထားတဲ့
အမဲသားကင် က သောမက္ အကြိုက် ။
လူမှန်းသိတတ်စအရွယ်ကတည်းက
ဘယ်လောက်စားစား မရိုးတဲ့ အစားအစာ
တမျိုး ။

SUMMER STORY [ ONGOING] Where stories live. Discover now