Chapter - 2

103 8 7
                                    

** Unicode **

" SUMMER WIND ရဲ့ ငါးနှစ်မြောက်
တောတွင်းစခန်းချ အစီအစဥ်

စခန်းချမယ့်နေရာနေရာ - GREAT BEAR RAINFOREST

အရင့်အရင်နှစ်တွေကအတိုင်း မြို့ပြနေ
လူငယ်တွေကို မိခင်သဘာဝတရားနဲ့နီးစပ်နိုင်သမျှ နီးစပ်အောင် ချိတ်ဆက်ပေးမယ့်
အစီအစဥ် ။

ကုန်ကျစရိတ်ငွေ - ဒေါ်လာတစ်ထောင်
( စားစရိတ် ၊ နေစရိတ် ၊ ခရီးစရိတ် ၊
ကျန်းမာရေးစရိတ် အပြီး)

နောက်ဆုံးဆက်သွယ်ရမယ့်ရက် -
မတ်လ ဆယ်ရက်နေ့မတိုင်ခင်

လူမှုဆက်ဆံရေးတိုးမြှင့်စေခြင်း ၊ သစ်ပင်ပန်းမန်များကို တန်ဖိုးထားတတ်စေခြင်း ၊
စိတ်လက်အပန်းဖြေ ပေါ့ပါးစေခြင်း ၊
တောရိုင်းတိရိစ္ဆာန်များ နဲ့ သစ်ပင်များအကြောင်း ဗဟုသုတ ကြွယ်ဝစေခြင်း
စတဲ့ အကျိုးကျေးဇူးတွေနဲ့ လည်ပတ်နေတဲ့
ခရီးစဥ်ကို ခင်ဗျားတို့ သားသမီးကို ပါဝင်ဖို့
စိတ်ဝင်စားရင်

Email - SummerWind8354@gmail.com ကို
ဆက္သွယ်ပြီး အသေးစိတ်မေးမြန်းလို့
ရပါတယ်ခင်ဗျား..."

လက်ကမ်းစာစောင် ပိုစတာထဲက စကားလုံးတွေကို သူ အသံထွက်ဖတ်ရင်း ပတ်ဝန်းကျင်ကို ခဏမေ့သွားတယ် ။ စက်ဘီးနဲ့ကောင်လေးကို ကူညီတဲ့အနေနဲ့ လက်ကမ်းစာစောင်
ဆယ်ရွက်ယူပြီး အိမ်တွေကို လိုက်ဝေဖို့
သဘောတူထားတာပဲ ။

" ကောင်လေး လက်ထဲကဘာတွေလဲ
မင်းတို့ကို အဖိုး အဝေးကြီးထဲက တွေ့ရတယ်
အဖိုးကို ခဏပြလို့ရမလား "

သူ့နောက်တည့်တည့်က ထွက်လာတဲ့ အသံကြောင့် သူ ဖြတ်ခနဲလှည့်ကြည့်လိုက်တော့
အသက် ခုနှစ်ဆယ်နီးပါးရှိတဲ့ အဖိုးအိုတစ်ယောက် ။ အဖိုးအိုတစ်ယောက်ဖြစ်ပေမယ့်
အဖိုးအိုလို့ ခေါ်လို့ အားနာစရာကောင်းနေတယ် ။ ဆံပင်တွေဖြူနေပေမယ့် အဖိုးရဲ့
ခန္ဓာကိုယ်က သန်သန်မာမာ ၊ လေသံတွေကလည်း မတုန်မရီ ။

" ရတာပေါ့ အဖိုးရဲ့..အပိုင်ယူလို့တောင်
ရသေးတယ် ဒီမှာ "

သူက ပြုံးပြုံးရွှင်ရွှင် မျက်နှာပေးနဲ့ အဖိုးကို
လက်ကမ်းစာစောင် တစ်ရွက်ကမ်းပေးလိုက်တယ် ။ အဖိုးက စာရွက်ကို သူ့မျက်နှာနဲ့
ခပ်တန်းတန်းခွာပြီး မျက်လုံးကို ကျုံ့လို့
စာလုံးတွေကို ဖတ်ဖို့ ကြိုးစားနေတယ် ။

SUMMER STORY [ ONGOING] Where stories live. Discover now