အပိုင်း(၁၉)

Comenzar desde el principio
                                    

"မဖြစ်သေးဘူး ငါ့အပျိုကြီးကျနုနေပြီးငါအိုနေလို့မရဘူးလေ"

"အိပ်မယ် ဟုတ်တယ်အိပ်ရမယ် ငါအိပ်ရေးတွေပျက်နေလို့မျက်ကွင်းတွေညိုနေတာ"

အသင့်ထုတ်ပြီးသားအင်္ကျီကိုဝတ်ဆင်လိုက်ပြီး အိပ်ရန် အိပ်ယာထက်ဝယ်နေရာယူလိုက်သည်။

နည်းနည်းချင်းဆွေးကာရွာနေသောမိုးကြောင့်ပြတင်းပေါက်တံခါးအားမျက်စိမှိတ်လျက်လက်မှန်းဖြင့်ဆွဲပိတ်လိုက်သည်။

*မဟုတ်သေးပါဘူးဟ ငါလက်ကဘာလို့တစစ်စစ်နဲ့ စပ်နေရတာလဲ*

ပိတ်ထားသောမျက်လုံးအား အားယူကာဖွင့်လိုက်သည်။

ထို့နောက်လက်ကိုကြည့်မိသည်။

*စောက်ခွေး သွေးတွေဟ*

"အမေရေ~~~~~~~~~"

ညာဘက်လက်ဖမိုးမှာပြတင်းပေါက်မှသံဇကာနှင့်ခြစ်မိ၍ အနည်းငယ်ကွဲကာသွေး‌ တွေထွက်နေသည်ကိုမြင်မိသည်နှင့်‌‌ အောက်ထပ်ကအမေ့အားကျယ်လောင်စွာခေါ်လိုက်မိသည်။

"ဘာလဲဟယ်"

အမေမှာလဲအောက်ထပ်ကပြန်ဖြေရှာသည်။

"လက်မှာသွေးတယ်ထွက်နေတယ်"

"သုတ်လိုက်ပေါ့ဟယ် ငါမအားသေးဘူးဈေးရောင်းနေတယ်"

*ဪ ကျေးဇူးပါလို့ မွေးသမိခင်ရယ်*

နေမျိုးကျက်သရေလဲ ရေချိုးခန်းထဲအမြန်ဝင်၍ လက်ကသွေးတွေကိုဆေးချလိုက်သည်။

"နည်းနည်းနက်တာပဲ ရပါတယ်လေ သေတော့မသေလောက်ပါဘူး"

နေကြီးလဲအနာကို အရက်ပြန်နှင့်သန့်၍ဆေးထည့်ကာဂွမ်းကပ်လိုက်သည်။

"ဟူးးး အိပ်မှပဲ မနက်ကျငါစောစောထရမယ် အပျိုကြီးခရီးသွားရင်းစားဖို့မုန့်လေးဘာလေးလဲဝယ်အုံးမှ ဒီနေ့ညစာကတော့ lose weightပေါ့  တော်ပါပြီလေ မစားတော့ဘူး"

နာနေသောလက်အားခဏတာအောင့်ခံကာ အိပ်ဆက်ခြင်းဆီသို့ရအောင်ထိုးဝင်လိုက်သည်။
___________________________________
နေမျိုးကျက်သရေ မနေ့ညကစောစောအိပ်တာကြောင့်ရော စိတ်လှုပ်ရှားတာကြောင့်ပါမနက်အ‌ စောကြီးနိုးလာခဲ့သည်။

Appreciate the flower you wearDonde viven las historias. Descúbrelo ahora