5

312 29 2
                                    

uni

လမ်းမထက် အနက်ရောင်ကားတစ်စီးဟာ အရှိန်မှန်မှန်ဖြင့် ရွေ့လျားလျက်ရှိသည်။ ဂျီမင်း ကားစီယာတိုင်ကို ကိုင်ရင်းအတွေးနယ်ချဲ့နေမိသည်။ ဘာကြောင့် ဂျွန်ဂျောင်ဂုဆိုတဲ့လူဟာ ဒီလိုမျိုးလုပ်ရက်ရတာလဲ။ လူတစ်ယောက်ရဲ့အစားထိုးခံဆိုတာက ဘယ်လောက်တစ်ဖက်လူကိုနာကျင်စေလဲ သူမသိတာလား။ ထွက်သွားလောက်ပြီဖြစ်တဲ့ မူလပိုင်ရှင်ဟာ သူ့အားမချစ်မိအောင်နေဖို့သာ မှာခဲ့ပေမယ့် သူမကျေနိုင်။ လက်စားချေချင်သည်။

ဒါပေမယ့် သူနဲ့ ဂျွန်ဂျောင်ဂုဆိုတဲ့ လူဟာ ဘာရန်ငြိုးမှရှိမနေ။ ဒါပေမယ့်လည်း သူကအခု ပတ်ခ်ဂျီမင်းဖြစ်နေပြီလေ။ အရင်လို အကြွေးသမားတွေလိုက်လို့ပြေးနေရတဲ့ပတ်ခ်ဂျီမင်းမဟုတ်ဘဲ ရွှေဘုံစံမင်းသားလေး ပတ်ခ်ဂျီမင်းဖြစ်နေပြီ။ အဲ့ဒီ ရွှေဘုံစံမင်းသားလေး ပတ်ခ်ဂျီမင်းက အဲ့လူ ဂျွန်ဂျောင်ဂုဆိုတဲ့လူကြောင့်ခံစားခဲ့ရတာလေ။အခု သူကအဲ့ဒီရွှေမင်းသားလေးဖြစ်နေပြီဆိုတော့ ဒါတွေကသူနဲ့ဆိုင်သွားပြီမလား။ စဉ်းစားရင်း စဉ်းစားရင်း ဂျီမင်းခေါင်းရှုပ်လာရသည်။

"တီ!..တီ!"

"ကားကိုဘယ်လိုမောင်းနေတာလဲ လိပ်သွားနည်းသွားနေရအောင် ဒါမင်းအဖေပိုင်တဲ့လမ်းမဟုတ်ဘူး!"

ကားပြတင်းပေါက်ဖွင့်ထားတာမို့ အသံတွေကိုကြားနေရသည်။တွေးနေသော အတွေးတွေသည် ဘယ်ကမ္ဘာကိုရောက်လို့ရောက်သွားမှန်းမသိလိုက်။ နဂိုဘဝမှာကတည်းက ဆက်ဆက်ထိမခံတဲ့သူမို့ ဒေါသတွေကထောင်းခနဲ။ တစ်ဖက်ကနေသူ့ကို ပြောနေသောကောင်တွေအား လက်ခလယ်ပြန်ထောင်ပြလိုက်ကာ

"ငါ့အဖေပိုင်တဲ့လမ်းမဟုတ်လဲ ငါ့ကားငါမောင်းချင်သလိုမောင်းတာ မင်း*င်တက်ချနေလို့လား"

ဂျီမင်း ပြန်ပြောလိုက်သည့်စကားကြောင့် တစ်ဖက်ကားပေါ်ကကောင်တွေဟာ တရှူးရှူးတရှဲရှဲဖြင့်ဒေါသတွေထွက်လာကာ

"မင်းဘာစောက်စကားပြောတာလဲ!"

ပြောလည်းပြော ဂျီမင်း၏ကားအား အရှိန်ဖြင့်ဘေးမှ ကပ်ဆွဲသွားတော့သည်။ ဂျီမင်းသည် တစ်ဖက်လူရဲ့ အပြုအမူကိုဒေါသအလွန်ထွက်သွားကာ

မောင့်Omegaငယ်(မောင့်Omegaငယ်)Where stories live. Discover now