1

970 75 4
                                    

#Unicode

"ဟိုဘက်ပြေးသွားတယ်!!မြန်မြန်လိုက်!!"

နောက်ကနေအော်ပြောသံနှင့်အတူ ပြေးလိုက်လာသောလူတစ်စု၏ခြေသံ။ဂျီမင်း အမှောင်ရိပ်ကျသောချောင်တစ်ခုထဲအမြန်ဝင်ပုံးလိုက်ကာ အသာငြိမ်နေလိုက်သည်။

"ကျစ်!ဘယ်နားရောက်သွားတာလဲ!ခုနဒီနားတင်ရှိနေတာကို!"

သူနှင့်မလှန်းမကန်းတွင် ရေရွတ်နေသော လူတစ်ယောက်၏အသံ။ဂျီမင်း အသက်ရှုပင်ခဏအောင့်ထားလိုက်မိသည်။

"မင်းတို့၄ယောက်ဟိုဘက်လမ်းသွား! မင်းတို့၃ကောင်ငါနဲ့လိုက်ခဲ့!"

ခေါင်းဆောင်ဖြစ်ဟန်တူသည့် ယောက်ျားတစ်ယောက် လူစုခွဲကာ သူ့(ဂျီမင်း)အား လမ်းခွဲရှာခိုင်းသည်။ထိုအုပ်စုသူတို့နားကထွက်သွားတာသေချာတော့မှ ဂျီမင်းသက်ပြင်းချကာ မကျေမနပ်ရေရွတ်လိုက်မိသည်။

ပိုက်ဆံလေးသိန်း၅၀၀ချေးမိတာကို သေမလိုနောက်ကလိုက်နေတယ်။အချိန်တန်ပြန်ပေးပြီးရောပေါ့...။

ထို့နောက် အမှောင်ရိပ်ထဲကထွက်လိုက်ကာ ချောင်ထဲမှာထိုင်တုန်းက အင်္ကျီပေါ်တွင်ပေလာသည့် ဖုန်မှုန့်အနည်းငယ်ကို လက်နှင့်ခါထုတ်လိုက်သည်။ထို့နောက်တွင်တော့ ဘောင်းဘီအိတ်ထဲလက်ထည့်ကာ သူ၏အိမ်ပြန်လမ်းသို့ ဦးတည်လျက်...

"ဟဲ့ရောင်.!!ဟိုမှာ တွေ့ပြီ!!"

နားထဲငှက်ဆိုးထိုးသံမြည်သလို ခံစားချက်နှင့်အတူ ဂျီမင်း၏ခေါင်းသည်လည်း အော်တိုအသံလာရာသို့ လှည့်မိသွားသည်။ထို့နောက်သူတွေ့လိုက်ရသည်က ခုနကသူ့နောက်အသည်းအသန်လိုက်နေသော အုပ်စု..။ယခုလည်း သူ့ဆီပြေးလာနေကြပြန်သည်။ဟမ့်...လိုက်တော့လည်း ပြေးရုံပေါ့..။ဘာဆန်းသလဲ။ထိုအတွေးနဲ့အတူ သူ(ဂျီမင်း)၏ခြေလှမ်းတွေသည် နောက်ကလိုက်လာသော အုပ်စုနဲ့အပြိုင် အပြေးလှမ်းလျက်..။

"တီ..တီ!!"

အသံအကျယ်ကြီးနှင့်အတူ သူ့(ဂျီမင်း)မျက်နှာပေါ်သို့ ကျရောက်လာသောအလင်းစူးစူးတစ်ခု။သူအလျင်အမြန်လက်နှင့်ကာလိုက်ကာ အလင်းရာဘက်သို့လှည့်ကြည့်လိုက်တော့...

မောင့်Omegaငယ်(မောင့်Omegaငယ်)Where stories live. Discover now