ငါးလှမ်းလောက်သွားပြီးချိန်တွင် ရုတ်တရက် သူ၏ ဘယ်ဘက်ခြေထောက်ကို ဆွဲလိုက်သည့် အထိအတွေ့ကို ခံစားမိလိုက်သည်။ သူငုံ့ကြည့်လိုက်ရာ ဘောင်းဘီအိတ်ထဲမှ ယင်ရှောက်ရှန်းလေးက လက်သေးသေးလေး နှစ်ဖက်နှင့် ဆွဲ၍ ကိုက်နေသည်ကို တွေ့လိုက်သည်။ သူ့တစ်ကိုယ်လုံးကလည်း ဘောင်းဘီကိုဆွဲထားသည့် လက်နှစ်ဖက်မှလွဲ၍ တွဲလောင်းလေး ကျလို့နေသည်။

ကြည့်ရသည်မှာ ကလေးက သူဒီလိုလုပ်လိုက်လျှင် ကျန်းကျိရင် လမ်းလျှောက်ရပ်သွားမည်ဟု ထင်နေပုံရသည်။ စိတ်မကောင်းစရာမှာ သူ၏ ပေါ့လွန်းသည့် ကိုယ်လေးကြောင့် ကျန်းကျိရင်မှာ သူ့ကိုယ်ပေါ်မှ တစ်ခုခု တွဲလောင်းကျနေသည့် ခံစားချက်သာ ရလေသည်။

"......."

သူ၏ ခပ်ဆိုးဆိုး ကြောင်ကလေးကို ကျန်းကျိရင် ကြည့်လိုက်သည်။ ထို့နောက် သက်ပြင်းချလိုက်ပြီး နောက်သို့ ငါးလှမ်းပြန်ဆုတ်၍ ရှိနေခဲ့သည့် နေရာမှာ သွားပြန်ရပ်နေလိုက်ရသည်။ ဆောင့်ကြောင့်ထိုင်လိုက်ကာ ယင်ရှောက်ရှန်းကို မ၍

"ဘာဖြစ်လို့လဲ"

ယင်ရှောက်ရှန်းသည် သူ၏ လက်ဖဝါးပေါ်သို့ တက်လိုက်ပြီး နောက်လှည့်၍ နှင်းကျားသစ်ကြောင်အုပ်ဘက်ကို မျက်နှာမူလိုက်သည်။ ကျန်းကျိရင် သူ၏ ကြောင်ကလေးထံမှ လွှမ်းမိုးအားကောင်းသော အရှိန်အဝါ ခပ်ပါးပါးကို ခံစားမိလိုက်သည်။ သူမအံ့ဩနိုင်သေးခင်မှာပင် ဆော့နေကြသော နှင်းကျားသစ်ကြောင်များအားလုံး ရုတ်တရက် ငြိမ်သက်သွားသည်ကို မြင်လိုက်ရသည်။

ခြေလက်လေးဖက်လုံးကွေး၍ ဦးညွတ်သည့်သဏ္ဍာန်ဖြင့် သူရှိသည့် နေရာဘက်သို့ ဦးတည်၍ ဝပ်တွားနေကြကာ သူ့ကိုကြည့်နေကြ.....မဟုတ်သေး သူ့လက်ထဲမှ ယင်ရှောက်ရှန်းကို ကြည့်နေကြသည်။

ယင်ရှောက်ရှန်းသည် ကျန်းကျိရင်၏ လက်ဖဝါးကို လျက်လိုက်ပြီး ဂျစ်ကန်ကန် မျက်နှာလေးကို မော်ချီထားကာ ကျန်းကျိရင်ကို ချီးကျူးခိုင်းလေသည့် အသံလေးပေးလာသည်။

"အောင်းဝ်"

'ဒီကလေးမှာ အမွှာစွမ်းရည်ရှိတာလား'

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now