သူသည် အာကာသစွမ်းအင်ကို တစ်ဖက်ကမ်းခတ် ကျွမ်းကျင်ပြီး အဆင့်လည်း အလွန်မြင့်နေသူ ဖြစ်သည်။ သူသည် ဘယ်သောအခါမှ ခြေဦးမြေထိအောင် လမ်းမလျှောက်ပေ။ လေထဲတွင်သာ မျောနေအောင် နေတတ်သည်။ တစ်ချိန်လုံး ရုတ်တရက် ပေါ်ချင်သည့်အချိန် ပေါ်လာပြီး ပျောက်ချင်သည့်အချိန် ပျောက်သွားတတ်သည်။

မုန့်ကာလီသည် ဒေါက်တာဝိုင်၏ လက်တွေ့အခြေစိုက်စခန်းမှ တစ္ဆေတစ်ကောင်ကဲ့သို့ ဖြစ်တည်မှုမျိုး ဖြစ်သည်။ သူသည် ဘယ်သောအခါမှ စကားမပြောခဲ့သလို အပြင်ဘက်ကမ္ဘာကြီးကိုလည်း သူ၏ မျက်လုံးများဖြင့် မမြင်နိုင်သူ ဖြစ်သည်။ ဤကဲ့သို့ မမြင်နိုင်မှုတုံးအမှုများကို ဒေါက်တာဝိုင်ပင် ကုမပေးနိုင်ပေ။ အကြောင်းမှာ ဤအရာများကား သူ၏ စွမ်းရည်နှင့်အတူ ဆက်တိုက် တိုးတက်လာနေခြင်းဖြစ်ရာ ၎င်းတို့ကို ကုသပေးလိုက်လျှင် သူ၏ စွမ်းရည်များကို ဖယ်ရှားပစ်ရမည်သာ ဖြစ်သည်။

လေ့သွမ့်သည် မုန့်ကာလီ၏ အတွေးတို့ကို မှန်းဆမကြည့်ရဲပါချေ။ မုန့်ကာလီသည် အာကာသစွမ်းရည်ရော စိတ်စွမ်းအင်ရော ပိုင်ဆိုင်ထားသည့် အမွှာစွမ်းရည်ပိုင်ရှင်ဖြစ်ကာ သူ၏ စွမ်းရည်အဆင့်တို့က အထွပ်အထိပ်အဆင့်ဖြစ်သည်။ သူ၏ စိတ်စွမ်းအင်သည် မိုင်ပေါင်းရာချီမှ အရာအားလုံးကို ဘေးနားတွင် ရှိနေသကဲ့သို့ ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။

သူသည် အသိစိတ်ရှိသော သတ္တဝါတိုင်းကို စိတ်စွမ်းအင်သုံး၍ စကားပြောနိုင်သည်။ သို့သော် အနှီခေါင်းကြောမာသော မုန့်ကာလီသည် သူတို့အပေါ်ကိုတော့ လက်ဟန်ခြေဟန်သာ သုံး၍ ပြောလေသည်။ ဒေါက်တာသည်လည်း သူတို့၏ အခက်တွေ့မှုကို ဖြေရှင်းပေးရန် အချိန်မရှိပေ။

လေ့သွမ့်နှင့် ဤအခြေစိုက်စခန်းမှ ကျန်လူများ သုံးသည့် အာကာသစွမ်းအင်ပစ္စည်းများ(နေရာလွတ်စွမ်းအင်) အားလုံးသည် မုန့်ကာလီ လက်ထွက်များ ဖြစ်သည်။

လေ့သွမ့် လက်ကို ဆန့်ပေးလိုက်ပြီး

"ထိကြည့်လေ"

မုန့်ကာလီ ထိလိုက်သည်နှင့် ယင်ရှောက်ရှန်းသည် မုန့်ကာလီ၏ လက်တစ်ခုလုံး ရေခဲများဖြင့် ဖုန်းလွှမ်းသွားရအောင် ရေခဲတုံးများ ထွေးထုတ်လိုက်သည်။ သို့သော် မုန့်ကာလီသည် ကြောင်ကလေးကို ထိတွေ့ရသည်ကို အလွန်ပျော်ရွှင်နေဆဲဖြစ်ပြီး တက်ကြွစွာဖြင့် လက်ဟန်ခြေဟန်သုံးကာ စကားပြောလာသေးသည်။

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now