''သက်သာရဲ့လား''

''ရှင် !..''

''ကိုယ် မေးတာကို တကယ်မကြားတာလား၊ နှစ်ခါ ပြန်မေးစေချင်လို့ ပြောနေတာလား''

ကြွေရုပ်က ခေါင်းတစ်ခါခါနဲ့..

''မဟုတ်ပါဘူး ဟို သက်သာပါတယ်၊ ကြွေ ဘယ်လိုဖြေရမှန်းမသိလို့ပါ''

'' ကိုယ် ဆေးမှာထားပြီးပြီ၊ ခဏနေကျရင် လာပို့လိမ့်မယ်''

ဟင် ညက ဟိုဆရာဝန် ပြောတဲ့ဆေးလား။ အခု ဦးဓနက ဘယ်သူ့ကို မှာလိုက်တာလဲ။ ဦးဓန သွားမှာလိုက်တဲ့လူက ကြွေ ဘာဖြစ်နေတယ်ဆိုတာ သိ​သွားပြီလား..။ ရှက်လွန်းလို့ မျက်နှာလေးက တဖြည်းဖြည််း နီမြန်းလာသည်။

သူမမျက်နှာကို အမြဲလိုလို အရိပ်အကဲဖမ်းနေတဲ့ ဦးဓနကလည်း ကြွေ ရှက်နေပြီဆိုတာ သိသည်။ ထို့ကြောင့် ..

''ဘာမှရှက်စရာ မလိုဘူး၊ သူတို့က ကိုယ်နဲ့ နှစ်တွေ အကြာကြီး ရှိလာခဲ့တာ၊ ယုံရတယ် ဘာမှမဖြစ်ဘူး၊ ပြီးတော့ ကိုယ့်အိမ်မှာ အလုပ်လုပ်နေတဲ့သူအားလုံးက စကားလုံတဲ့လူတွေချည်းပဲ၊ ဘယ်သူမှ ပါးစပ်ဖွာတဲ့သူ မပါဘူး၊ အေး ပါးစပ်ဖွာရင်လည်း အလုပ်ထုတ်ပစ်ဖို့ ဝန်မလေးဘူး၊ ကိုယ် ပြောတာ သဘောပေါက်လား''

''ဟုတ်..ဟုတ်ကဲ့''

''ကိုယ် ရေချိုးတော့မယ်''

''ဟုတ်''

ရေချိုးမယ်ဆိုပြီး အသိပေးလိုက်တော့လည်း အခန်းဒေါင့်လေးနားမှ ကုတ်ကုတ်ကလေး ရပ်နေသေးသည်။ သူ့အနောက်ကို လာပြီး ပြင်ဆင်ပေးရမှာ မဟုတ်ဘူးလား။ အဲဒါတွေက အိမ်ထောင်ရှင်မတစ်ယောက်ရဲ့ တာဝန်တွေမှန်း သူမ မသိလို့လား။

အရိပ်အကဲပြလည်း မသိတော့ သူဘဲ ပါးစပ်က ထုတ်ပြောရပြန်သည်။

''အင်္ကျီလာချွတ်ပေး''

''ရှင်!..''

ပြောလိုက်တော့လည်း မျက်လုံးအပြူးသားနဲ့ သူ့ကို ပြန်ကြည့်လာသည်။

''ဘာလဲ မင်းက ကိုယ့်ရဲ့ဝေယျာဝစ္စတွေကို မလုပ်ပေးချင်တာလား''

''မဟုတ်ပါဘူး''

ပြောတော့မှ အနားသို့ အမြန်ရောက်လာပြီး ညဝတ်အင်္ကျီလေးကီု လာထိကိုင်လာသည်။ နောက်ပြီး လက်သေးသေးလေးတွေက ကြယ်သီးလေးကို ဖြုတ်ပေးလာသည်။

ဦးပိုင်သောအခမဲ့ပြည့်တန်ဆာ🚨🚨🚨🚨🍼Where stories live. Discover now