PATRIARCH MK AUNG

#

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၁၄၇)မိုးကြိုးအမြူတေဓာတ်အားသန့်စင်ခြင်း

ထန်၀မ်အာ၏ လှပသောမျက်နှာကလေးမှာ
ဖြန်းကနဲ နီသွား၏။သူမသည်
မိန်းမပျိုးကလေးတစ်ဦးဖြစ်
၏။မည်သို့လျှင် နှုတ်ခမ်းခြင်းတေ့၍
ကူညီပေးနိုင်ပါမည်နည်း။သို့သော် လုံချန်မှာ
သေလုမျောပါးဖြစ်နေ
ချေပြီ။နောက်ဆုံးစကားအချို့ကို သူမအား
ပြောခဲ့ချင်ဟန်တူ၏။သူသည်
စကားပြောချင်သော်လည်း
အသက်ကို ကောင်းစွာ မရှုနိုင်သောကြောင့်
ပြောနိုင်စွမ်းမရှိဖြစ်နေလေ၏။
"ဟင့်အင်း...အဲ့လိုတော့ကျွန်မ မလုပ်နိုင်ဘူး"
ထန်၀မ်အာ၏ မျက်နှာကလေးမှာ ပန်းသီးမှည့် တစ်
လုံးလို ရဲတွတ်သွား၏။
"ကျုပ်.."
လုံချန်သည် တစ်ခုခုကို ပြောချင်၏။သို့သော်
ပြောနိုင်စွမ်းမရှိဖြစ်နေ၏။စကားတစ်ခွန်းပြောပြီး
လျှင်
သူသည် ချောင်းများဆိုးနေရာ ကျန်သော
စကားကို
ဆက်ပြောနိုင်စွမ်းကင်းမဲ့နေသည်။လုံချန်၏
အော်ရာမှာ မီးစာကုန်ကာနီးသည့် ဖယောင်းတိုင်
တစ်တိုင်ကဲ့သို့ မှိန်သထက်မှိန်လာ၏။အချိန်မရွေး
သေသွားနိုင်သည်ကဲ့သို့ဖြစ်လာသည်။
ထန်၀မ်အာသည်
သူ့ကိုတစ်ချက်ကြည့်လိုက်၏။ထို့နောက်
ပတ်၀န်းကျင်ကို အကဲခတ်လျှင် မည်သူ
မှ မရှိသည်ကိုသူမသတိထားမိသည်။
"ကောင်းပြီ ရှင်ကသေတော့မှာဆိုတော့ ရှင့်ကို
နောက်ဆုံးစကား ပြောခွင့်ရအောင်
ကျွန်မကူညီပေး
မယ်" ထန်၀မ်အာသည် အံကလေးကိုကြိတ်၍
လုံချန်အနားသို့ တရွေ့ရွေ့ကပ်လာ၏။လုံချန်၏
မျက်လုံးများ တောက်ပလျှက် သူမကို
ကျေးဇူးတင်ဟန်ဖြင့်ကြည့်သည်။ထန်၀မ်အာ၏
နှလုံးသား
သည် တဆစ်ဆစ်နာကျင်လာသည်။
သူမ၏ ချယ်ရီရောင်နှုတ်ခမ်းပါးကလေးသည်
လုံချန်၏ နှုတ်ခမ်းနားသို့
တရွေ့ရွေ့နီးကပ်လာခဲ့သည်။
လုံချန်က မျက်လုံးများ မှိတ်ထားသည်။
လုံချန်သည် ဤသို့
စိတ်ထဲမှတွေးနေမိသည်။နောက်ဆုံးတော့ငါ
အတိုးကော အရင်းကော ပေါင်းပြီး
ပြန်ရပြီ။အကယ်၍ ထန်၀မ်က စ၍ လုံချန်ကို
နမ်းနေသည်ကို သိကြလျှင်
လူများမနာလိုခြင်းကြောင့်
ရူးကုန်၊မကုန်အား မည်သူသိနိုင်မည်နည်း။သူမ၏
အနမ်း သူ၏ နှုတ်ခမ်းထက်သို့ ရောက်လာမည့်
အချိန်ကို စောင့်နေစဉ် ပေါင်ထက်မှ စူး၍ နာသည့်
နာကျင်မှုကို လုံချန် ခံစားလိုက်ရလေသည်။
"အိုက်ယားးးးး" လုံချန်မျက်လုံးဖွင့်၍
ကြည့်သည်တွင် သူ့ကို ပြုံးကြည့်နေသော
ထန်၀မ်အာကိုတွေ့သည်။
သူမသည် ရက်စက်စွာဖြင့် သူ၏ ပေါင်ကို
ဆိတ်နေသည်ကို လုံချန်တွေ့သည်။
"ဟေ့..မင်းရူးသွားပြီလား
သေတော့မယ့်လူတစ်ယောက်ရဲ့ပေါင်ကို
ဘာ့ကြောင့်ဆိတ်ရတာလည်း" လုံချန်
က ဒေါသတကြီးဖြင့်ပြောသည်။သည့်နောက်မှ
သူဟန်ဆောင်နေတာ ပေါ်သွားပြီဆိုတာကို
သေဘာ
ပေါက်ရသည်။
"သေခါနီးလူတစ်ယောက်က အဲ့ဒိလို
ပြန်ပြောဖို့ကျတော့ တတ်နိုင်သားနော်..."
"ဟိုလေ..အဲ့တာက ကျုပ်သာသေသွားရင် မင်းက
လူသေတစ်ယောက်ကိုကြည့်ပြီးအရမ်းကြောက်
နေမယ်လို့ စဉ်းစားမိလို့ မသေတော့ဘူးလို့
ဆုံးဖြတ်လိုက်တာပါ" လုံချန်က ရှက်ကိုး
ရှက်ကန်းဖြင့်ရယ်
သည်။
ထန်၀မ်အာက လက်သီးကလေးဖြင့် သူ့ကို
ထိုးသည်။လုံချန်သည် သူမ၏
လက်သီးဆုပ်ကလေးများ
ကို ကာကွယ်နေရသည်။သို့သော် သူမ၏
ရုပ်ပိုင်းဆိုင်ရာ ခန္ဓာမှာ ခွန်အားသိပ်မရှိလေရာ
လုံချန်
အဖို့
ပန်းနှင့်ပေါက်သကဲ့သို့သာရှိသည်။နောက်ဆုံးတွင်
လက်သီးဆုပ်ကလေးများဖြင့် ထိုးနေခြင်းကို
သူမရပ်လိုက်၏။မောပန်းသွား၍ပဲလား
စိတ်ဆိုးပြေသွား၍ပဲလားဆိုသည်ကိုတော့
လုံချန်မသိချေ။
"ကဲ..ထေတာ့
စကားကောင်းကောင်းပြောရအောင်"
ထန်၀မ်အာကပြောသည်။
လုံချန်က သူမကို မသိမသာခိုးကြည့်လျှင်
သူမသည် မတ်တပ်ရပ်နေပြီး အမူအယာမှာ
ယခင်ကထက်
ပျော့ပျောင်းသွားသည်ကိုတွေ့ရသည်။ထိုအခါမှ
လုံချန်က မြေပြင်တွင်လက်ထောက်၍
ရယ်လိုက်သည်။
"မမ၀မ်အာက ကျုပ်ဟန်ဆောင်နေတာကိုဘယ်လို
လုပ်သိတာလည်း"
လုံချန် စိတ်ဓာတ်
အတော်ကျသွားသည်။အောင်မြင်ခါနီးမှ
သူ့အစီအစဉ်သည် ပျက်ဆီးသွားရ၏။
သူ၏ ဟန်ဆောင်မှုတွင် လုံး၀ဟာကွက်မရှိဟု
လုံချန်တွက်ထားခဲ့သည်။သူ၏
အမူအယာ၊လှုပ်ရှားမှု
ကုန်ကုန်ပြောရလျှင် အသက်ရှုသည့်နေရာမှာပင်
ချို့ယွင်းမှုမရှိချေ။
"ဟမ့် ရှင်က သရုပ်ဆောင်တော့ ကောင်းသားပဲ
ဒါပေမယ့် ကျွန်မကို လှည့်ဖြားနိုင်မယ်လို့ထင်လား"
ထိုသို့ပြောရသော်လည်း ထန်၀မ်အာမှာ စိတ်ထဲမှ
သက်ပြင်းကြိတ်ချမိသည်။အစတွင် လုံချန်၏
သရုပ်
ဆောင်မှုတွင် သူမသည်
အမှန်ပင်မျောပါသွားခဲ့သည်။ယင်းသို့ လုံချန်
သရုပ်ဆောင်နေသည်ဟုသိ
ရခြင်းမှာလည်း အလွန့် အလွန့် အရေးမကြီးသော
အမှားသေးသေးလေး တစ်ခုကို သူ လုပ်မိသော
ကြောင့်ဖြစ်သည်။
လုံချန်နှင့်မနီးမဝေးတွင်
ပေါင်းပင်နှင့်ချုံပုတ်အချို့ရှိသည်။သူ၏
ခြေထောက်တစ်ချောင်းသည် မြက်
ပင်ကြားထဲမှ
အသီးတစ်မျိုးအပေါ်သို့တင်မိလျှက်သားဖြစ်နေခဲ့
သည်။ထိုအသီးတွင် အမွေးများရှိရာ
အမွေးတွင်
အဆိပ်ဓာတ်အနည်းငယ်ပါ၏။ယင်းအဆိပ်သည်
ပြင်းထန်သည့်အဆိပ်မျိုးမဟုတ်သည့်
တိုင် ထိမိလျှင် လွန်စွာယားယံသည်။
လုံချန်သည် ထိုယားယံမှုကို
တစ်ချိန်လုံးတောင့်ခံထားသော်လည်း
သူအနိုင်ရတော့မည်ဟု
ထင်သည့်အချိန်၌ ယားနေသော ခြေထောက်ကို
အခြားခြေထောက်ဖြင့် မသိမသာကုတ်
လိုက်မိသည်။ထို့ကြောင့် ထန်၀မ်အာက လုံချန်
သရုပ်ဆောင်နေခြင်းဟု သိသွားခြင်းပင်။
သေခါးနီးလူတစ်ယောက်က မည်သို့ဖြင့်
ယားယံခြင်းကို ကုတ်နိုင်စွမ်းရှိပါမည်နည်း။
တစ်ချိန်တည်းတွင် သူမသည် ချီစွမ်းအင် ဖြင့် သူ၏
ခန္ဓာကိုယ်သို့ မသိမသာ အာရုံခံကြည့်ရာ
လုံချန်သည် သူ၏ ချီစွမ်းအင်ကို ကျွမ်းကျင်စွာဖြင့်
ဖုံးကွယ်ထားသည့်တိုင် သူမကား အာရုံခံ
နိုင်ခဲ့သည်။
လူအများသေဆုံးသည့်အခါတွင် ၎င်းတို့၏
စိတ္တစွမ်းအင်သည် အားနည်းလာတတ်ပြီး
၎င်းတို့နှင့်
အတူ ပျောက်ကွယ်သွားတတ်လေသည်။သည်မျှ
များပြားသည့် ချီစွမ်းအင်များမှာ မည်သို့ဖြင့်သေ
တော့မည့် လူတစ်ယောက်တွင် ရှိလေမည်နည်း။
ထန်၀မ်အာက သူ့ကို ပြောရန် ငြင်းဆန်နေလျှင်
လုံချန်သည် သက်ပြင်းချလိုက်သည်။
"မိုးကြိုးအမြူတေကို ရှင့်ခန္ဓာကိုယ်ထဲ
စုပ်ယူရလောက်အောင် ရှင်က
ဘာ့ကြောင့်မိုက်မဲတာလည်း
ရှင့်အတွင်းအဂါင်္တွေသာ မပျက်ဆီးဘူးဆိုရင်
ကျွန်မ ရှင့်ကို ကူညီပေးနိုင်တယ် ...
ရက်အနည်းငယ်
အတွင်းမှာ လုံးဝကောင်းသွားလိမ့်မယ်"
"ဒါပေမယ့် အခုတော့ မိုးကြိုးအမြူတေက ရှင့်ရဲ့
ချီလမ်းကြောင်းတွေထဲ ၀င်ရောက်သွားပြီဆိုတော့
ဒါကို ပြန်ထုတ်နိုင်ရင်တောင် ရှင့်ရဲ့
ချီလမ်းကြောင်းတွေက ကြီးကြီးမားမား
ပျက်ဆီးသွားမှာပဲ
ဒီလိုပျက်ဆီးသွားရင်
ပြန်ကောင်းဖို့အချိန်အများကြီးယူရမယ်
ဒါဆိုရှင့်အတွက်အချိန်တွေ
သိပ်ကုန်တာပေါ့" လုံချန်သည် အဘယ့်ကြောင့်
ထိုသို့လုပ်ခဲ့မှန်း သူမ နားမလည်နိုင်ဖြစ်နေသည်။
ထို့ပြင် လုံချန်သည် လွန်စွာ လည်သော သူ
တစ်ယောက်ဖြစ်ကြောင်းလည်းသူမသိသည်ဖြစ်ရာ
သူ၏ ရည်ရွယ်ချက်ကို မမှန်းဆတတ်အောင်
ဖြစ်နေတော့သည်။
"ဒီကမောင်လေးက မမနတ်သမီးကလေးကို
အပြစ်လုပ်မိတဲ့အတွက် ကိုယ့်ကိုကို အပစ်ပေးတဲ့
အနေနဲ့ ဒီလိုလုပ်လိုက်မိတာပါ" လုံချန်က
သက်ပြင်းချ၏။သို့သော် ထိုသို့ပြောပြီးပြီးချင်း သူ၏
ပေါင်မှ စူးကနဲအောင့်လာသည်ကို
ခံစားရပြန်သည်။
"တော့ပါတော့ မလိမ်ဆွဲပါနဲ့တော့
ကျုပ်အမှန်အတိုင်းပြောပြပါ့မယ် ဟုတ်ပြီလား"
ထိုအခါမှ သူမက
လိမ်ဆွဲနေခြင်းကို ရပ်၍ သူ့ကို မကျေမနပ် ဟန်
ကလေးဖြင့်ကြည့်သည်။
"အစောကတည်းက အမှန်အတိုင်းပြောရင် ရှင့်ကို
လိမ်ဆွဲမလား ဘာလို့ပေါက်ကရတွေ
လျှောက်ပြောနေလည်း"
လုံချန်က သူ့ပေါင်ကို ပွတ်၍
သံသယ၀င်ဟန်ဖြင့်မေးသည်။
"တစ်ခါက ကုရန် ကျုပ်ကိုပြောဖူးတယ်
ထန်၀မ်အာဟာ အတော်ကလေးဖော်ရွေတယ်တဲ့
ဒီကောင့်
စကားကို အခု ကျုပ်တော့သံသယ
တောင်၀င်လာပြီ"
ထန်၀မ်အာက ချိုသာစွာဖြင့် ပြုံးလိုက်လျှင်
သူမ၏ပါးချိုင့်ကလေးနှစ်ဖက်ပေါ်လာသည်။
"အခုတော့ ရှင်သိပြီမလား" ထန်၀မ်အာ၏ အသံက
အပြစ်ကင်းဟန်ပေါက်နေသည်။
"သိပါပြီ" လုံချန် ခေါင်းတဆတ်ဆတ်ငြိမ့်နေသည်။
"ဟမ့် သိပါပြီ ဆိုတာ ဘာကို ဆိုလိုတာလည်း
ကဲ...မနာချင်ရင်မြန်မြန်ပြောနော်..အမှန်အတိုင်ြးေ
ပာ"
လုံချန်ကသက်ပြင်းချသည်။ထန်၀မ်အာတွင်
နွေးထွေးဖော်ရွေသည့်အခြမ်းနှင့် ကြမ်းတမ်း၍
မာနကြီး
သည့်အခြမ်းဟူ၍ နှစ်ခြမ်းရှိရာ သူကတော့
ကံဆိုးစွာဖြင့်
ဒုတိယအခြမ်းကိုသာတွေ့နေရလေသည်။
လုံချန်က မချိုမချဉ်ဖြင့် ပြုံးသည်
"မမကို ကျူပ်ပြောပြလို့ရပါတယ် ဒါပေမယ့်
ဒီကိစ္စကိုအခြားသူတွေကို
မပြောပါဘူးဆိုတဲကတိကို
တော့ပေးပါ"
လုံချန်၏ ပုံစံမှာ
အလေးအနက်ဖြစ်သွားသည်ကိုမြင်လျှင်
ထန်၀မ်အာ သည် အံ့သြသွားမိသည်။
သည်ကဲ့သို့ ကတိမျိုးကို သူမသည်
မပေးချင်လှသော်လည်း ခေါင်းငြိမ့်လိုက်ပါ၏။
"မစိုးရိမ်ပါနဲ့ ကျွန်မက နှုတ်ဖွာတတ်သူ
တစ်ယောက်မဟုတ်ဘူး"
"ကျုပ်က လီရှင်းရှောင်ရဲ့ စွမ်းအင်ကို ယူပြီး
ကျုပ်ရဲ့ကိုယ်ပိုင်စွမ်းအင်အဖြစ် သန့်စင်ကြည့်မလို့"
ထန်၀မ်အာ အကြီးအကျယ် အံ့အားသင့်သွား၏။
"ရှင်ရူးနေလား...ဒါက
ဘယ်လိုလုပ်ဖြစ်နိုင်မှာလည်း"
"ဘာ့ကြောင့်မဖြစ်နိုင်ရတာလည်း"
လုံချန်ကနားမလည်ချေ။
"ရှင် နောက်နေတာလား လီရှင်းရှောင်က သူရဲ့
မျိုးရိုးစဉ်ဆက်ကနေ အမွေခံပြီး ပါလာတာ
မျိုးဆက်သွေးကြောင့်သာ မဟုတ်ရင် ဒီစွမ်းအင်က
ရှင့်ခန္ဓာကိုယ်ထဲမှ ဘယ်လိုမှ မနေဘူး ရှင့်
ခန္ဓာကိုယ်ကိုဖျက်ဆီးသွားလိမ့်မယ် ဒီလိုတွေးတော
ပုံ တွေးတောနည်းက တော်တော် ရူးသွပ်ရာ
က်တာပဲ"
"ဒါဆို လုံး၀မဖြစ်နိုင်ဘူးပေါ့" လုံချန်ကမေးသည်။
"အမှန်ပဲ.. ဒီစွမ်းအင်ကြောင့် ရှင့်ရဲ့ ဒန်တမ်
ပျက်ဆီးသွားလိမ့်မယ်
ကျွန်မအကြံပေးမယ်...ရှင်က
မုန်းစရာကောင်းပေမယ့် ရှင့်ရဲ့ သိုင်းပညာက
မဆိုးဘူး သေသွားရင် နှမျောဖို့ကောင်းတယ် ဒီလို
တွေ မလုပ်ပါနဲ့ရှင်...."
လုံချန်က ပြုံးသည်။
"ကျုပ်ကို ဒီလောက်ဂရုစိုက်တာကို
ကျေးဇူးတင်ပါတယ် ဒါပေမယ့် ကျုပ်က
ဆုံးဖြတ်လိုက်ပြီ"
"ရှင့်အသက်ကိုတောင် ရှင်မနှမျောဘူးလား"
ထန်၀မ်အာ ဒေါသထွက်လာသည်။
"ခင်ဗျားပဲပြောခဲ့တယ်လေ ကျုပ်က
လူဆိုးတစ်ယောက်ဆို...လူဆိုးတွေက
လွယ်လွယ်နဲ့မသေ
ဘူးလေ ဟဲဟ"ဲ လုံချန်ကပြုံး၏။ထန်၀မ်အာ၏
ရှင်းပြမှုကြောင့် သူ၏ ယုံကြည်ချက် သည် ပို၍
ပြင်းထန်လာခဲ့သည်။
အခြားသူများသည်
သေချင်သေသွားနိုင်သည်။သို့သော်သူသည်
မသေနိုင်။သူ့၌ ဒန်တမ်ပင်မရှိချေ။
သို့ဆိုလျှင် မရှိသည့် ဒန်တမ်က
မည်သို့ပျက်ဆီးနိုင်မည်နည်း။အကယ်၍
ပျက်ဆီးစရာရှိလျှင် သူ၏
ခြေဖုဝါးမှ
ဖုန်ဖူကြယ်သာလျှင်ဖြစ်နိုင်သည်။သို့သော်လက်ေ
တွ့၌ ယင်းသို့ဖြစ်ရန်မှာလည်း အပုံတစ်သိန်း
တွင် တစ်ပုံပင်မဖြစ်နိုင်ပေ။
"မမ၀မ်အာ သွားချင်သွားတော့လေ
မိုးကြိုးအမြူတေကို သန့်စင်ဖို့ ကျုပ်လုပ်ဦးမယ်"
"ဒီနေရာမှာပဲ သန့်စင်လေ ကျွန်မက
ပတ်၀န်းကျင်ကို ကြည့်ပေးထားမယ် တစ်ခုခုဖြစ်လို့
ရှင်
သေခါနီးဖြစ်နေရင်လည်း ကျွန်မကယ်လို့ရတာပေါ့"
ထန်၀မ်အာက ခေါင်းယမ်းသည်။ထို့နောက်
မလှမ်းမကမ်းတွင်ရှိသော နေရာတစ်ခုတွင်
သွားထိုင်နေတော့၏။
လုံချန်က
အနည်းငယ်ပြုံးသည်။သည်မိန်းကလေးသည်
ရံဖန်ရံခါ၌ ရက်စက်တတ်သော်လည်း စိတ်
ကောင်းကလေးတော့ရှိသည်။မျက်လုံးများကို
အသာအယာမှိတ်၍ ချီဓာတ်ကို လှည့်ပတ်ကာ
မိုးကြိုး
စွမ်းအင်ကို သန့်စင်ရန် သူ လုပ်သည်။
မိုးကြိုးဓာတ်က သူ၏
စွမ်းအင်ကိုတောင့်ခံနေ၏။သာမာန်
သွေးနှောသိုင်းသမားတစ်ယောက်ဆိုလျှင်
ထိုသိုလုပ်၍ မရ။ ဒန်တမ်ပျက်ဆီး၍
သိုင်းကျင့်၍မရသောဘ၀သို့ရောက်သွားပေမည်။
သို့သော်လုံချန်
၏ ချီလမ်းကြောင်းများမှာမူ တောစောင့်နတ်မင်း၏
ပြုပြင်ပေးခဲ့မှုကြောင့် မူလကထက်ပို၍ ကြီးလာ
သလို ဒဏ်ခံနိုင်စွမ်းလည်း အဆမတန်
တိုးတက်နေ၍သာ ယင်းသို့မဖြစ်ခြင်းဖြစ်သည်။
သူသည် ဖုန်ဖူကြယ်မှ စွမ်းအင်များကိုစုပ်ယူ၍
မိုးကြိုးစွမ်းအင်ပေါ်သို့တင်ပေးလိုက်ရာ
မိုးကြိုးစွမ်းအင်
မှာ အပြင်းအထန်ပြန်ခုခံနေသည်။သို့ရာတွင် သူ၏
ချီလမ်းကြောင်းများကား သံပိုက်များတမျှ မာ
ကြောလေရာ
မိုးကြိုးအမြူတေအဖို့မည်မျှပင်ရုန်းကန်
ခုခံစေကာမူ အချည်းနှီးပင်။
နောက်ဆုံး၌ မိုးကြိုးအမြူတေသည်
လှုပ်ရှားခြင်းမရှိတော့ပဲ သူ၏ အမိန့်ကို
နာခံလာသည်။လုံချန်က
လီရှင်းရှောင်၏ ဗီဇကို မိုးကြိုးစွမ်းအင်မှ
ဖယ်ထုတ်၍ သူ၏ စိတ်စွမ်းအင်
အားသွင်းလိုက်သည်။ဤ
မိုးကြိုးအမြူတေသည် ယခုတော့ သူ၏ ကိုယ်ပိုင်
စွမ်းအင်ကဲ့သို့ဖြစ်သွားချေပြီ။
ယခင်ကပင် ဘိစ်မီးတောက်ကို သန့်စင်ခဲ့ဖူးသော
သူ့အဖို့ မိုးကြိုးအမြူတေကို သန့်စင်ရသည်မှာ
အခက်အခဲနည်းနည်း ရှိသည်မှလွဲ၍
များစွာခက်ခဲမှု မရှိလှချေ။ခြောက်နာရီခန့်ကြာလျှင်
လုံချန်က
မျက်လုံးများကိုဖွင့်လိုက်သည်။သူသည် လွန်စွာ
မောဟိုက်နေ သလို လွန်စွာမှလည်း စိတ်လှုပ်ရှား
လျှက်ရှိပါသည်။

ဆေးသိန္ဓိရှင် ( လုံချန် ) Book 1(ခွင့်ပြုချက်ရပြီး)Where stories live. Discover now