PATRIARCH MK AUNG

#

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၁၄၂)တုန်လှုပ်မိကြခြင်း

ပေါက်ကွဲမှုကြီးကြောင့် မြေကြီးသည်
တသိမ့်သိမ့်တုန်လျှက်ရှိသည်။ဖုန်များသဲများက
မြင်ကွင်းကို
ပိတ်ဖုံးထားလိုက်သကဲ့သို့ ချီလှိုင်းကလည်း
အရပ်လေးမျက်နှာသို့ ဒင်းကြမ်း
ပံျ့နှံ့လျှက်ရှိ၏။ကြောက်စ
ရာကောင်းသည် စွမ်းအားများကြောင့် လူတိုင်းမှာ
အသက်ရှုရပင်ခက်လာသည်။
ထန်၀မ်အာက ကြောက်လန့်တကြားဖြင့်
ကြည့်သည်။လီရှင်းရှောင်ပင်
တိုက်ခိုက်နေရာမှရပ်၍
ကြည့်၏။
"ဘာဖြစ်တာလည်း"
ချီလှိုင်းငြိမ်သွားလျှင်
လူနှစ်ယောက်တိုက်ခိုက်နေသည်ကို
သူတို့မြင်ကြရသည်။အစောပိုင်းက သူတို့
နှစ်ယောက်တိုက်ခိုက်နေကြသော
တောင်ကြားလမ်းကလေးအနီးမှ
ကျောက်ကမ်းပါးကြီးမှာ လုံး၀
ပျက်ဆီးသွားပြီဖြစ်သည်။
ဖုန်မှုန့်များ ငြိမ်သည်တွင် ဆံနွယ်ရှည်ကြီးများ
ကျောဘက်တွင်ဝဲ၍ ၀တ်ရုံဖြူမှာ လေထဲ၌ တလူလူ
လွင့်လျှက် တိုက်ခိုက်နေသော လုံချန်ကို
သူတို့မြင်ကြရသည်။လုံချန်ပုံစံက
ကောင်းကင်အင်ပါယာ
မင်းသား တစ်ပါးကဲ့သို့ဖြစ်နေ၏။
သူနှင့် မီတာသုံးဆယ်ခန့်အကွာတွင်
ကျိုးဝူရှိသည်။ယခုအခါတွင် သူက မြေပြင်၌
ဒူးထောက်လျှက်
ရှိ၏။ကျိုးဝူ၏ ညာဘက်လက်မောင်းက
အပိုင်းပိုင်းကျိုးနေ၏။အချို့နေရာများတွင်
အရိုးများပင်ပေါ်
နေသည်။
သူက မယုံနိုင်စွာဖြင့်
လုံချန်ကိုစိုက်ကြည်ေ့နသည်။သူ့ပုံစံမှာ ယခုထိ
နားလည်နိုင်ဟန်မတူသေးချေ။
သွေးများက သူ့၏ပါးစပ်မှ စီးကျလျှက်ရှိရာ
၀တ်ရုံတွင်
စွန်းထင်လျှက်ရှိသည်။တိုက်ပွဲမြေပြင်တစ်ခုလုံး
တိတ်ဆိတ်နေသည်။ကျိုးဝူက သူ၏
ကြောက်မက်ဖွယ်အကောင်းဆုံးသိုင်းပညာကို
အသုံးပြုခဲ့ခြင်းဖြစ်
သည်။သို့တိုင်အောင် သူသာ ပြင်းထန်စွာ
ဒဏ်ရာရသွားခဲ့၏။
ယင်းက လူတိုင်း လက်ခံရ
ခက်သောအချက်ဖြစ်ခဲ့ပါသည်။အကယ်၍ ကျိုးဝူ
တိုက်ခိုက်နေသောသူမှာ
မဟာ ပါရမီ့ရှင် တစ်ယောက်ဖြစ်နေပါမူ
သည်အချက်ကို သူတို့လက်ခံနိုင်မည်ဖြစ်သည်။
"အဟွတ်.." ကျိုးဝူက
ရုတ်တရက်ချောင်းဆိုးသည်။သူချောင်းဆိုးလေ
သွေးများ ပိုထွက်လေဖြစ်နေရာ
အခြားသူများ တုန်လှုပ်ကြရသည်။ယခုမူ သူ၏
လက်မောင်းတစ်ဘက်သာ
ကြေမွသွားခြင်းမဟုတ်၊သူ၏
အတွင်း အဂါင်္များကပါ ပြင်းပြင်းထန်ထန်
ဒဏ်ရာရသွားပြီဆိုသည်ကို
လူတုငိ်းနာလည်သွားကြသည်။
"လုံချန် ခွေးကောင် မင်းကို ငါသတ်မယ်"
ကျိုးဝူက လုံချန်ကိုဆဲရေးသည်။သည် ရလာဒ်ကို
သူလက္မ
ခံနိုင်။မဟာပါရမီ့ရှင် ငါးယောက်မှတစ်ပါး
မည်သူကမျှ သူ့ပြိုင်ဘက်မဟုတ်ဟု သူက
အစဉ်တွေးနေခဲ့
သည်။ယခုတော့ နာမည်ပင်မရှိသည့်
ကောင်တစ်ကောင်၏ လက်တွင် သူ
ရှုံးနိမ့်သွားရသည်။
သည် ရှုံးနိမ့်မှုက ဒေါသထွက်လွန်းသဖြင့် သူ့အား
ရူးမလိုပင်ဖြစ်စေပါသည်။
"မင်းစိတ်ဓာတ်မျိုးနဲ့ ဆိုရင် နောင် နှစ်တစ်သောင်း
သိုင်းကျင့်ရင်တောင် ငါ့ကိုသတ်နိုင်မှာမဟုတ်ဘူး"
လုံချန်က ခေါင်းယမ်းသည်။
ကျိုးဝူ၏ အစောပိုင်းက တိုက်ခိုက်မှုမှာ
အလွန်ကြောက်မက်ဖွယ်ကောင်း၏။ထိုတိုက်ခိုက်မှု
ကို လုံချန်က
ဖုန်ဖူအကာအကွယ်ဖြင့်
တားဆီးခဲ့ရသည်။ယခုအခါတွင်
ဖုန်ဖူအကာအကွယ် ၏ လျှို့ဝှက်ချက်အချို့ကို
လုံချန် ထပ်သိရပြန်သည်။ဖုန်ဖူ အကာအကွယ်ကို
အသုံးပြုရာ၌ သူက ပို၍ ကျွမ်းကျင်လာပြီဖြစ်သည်။
"လုံချန် ခွေးမသား ငါ့ကိုသတ်ရဲရင်လာသတ်စမ်း"
ယခုအချိန်တွင် ကျိုးဝူ၏ စဉ်းစားဆင်ခြင်နိုင်စွမ်းက
ပျောက်ဆုံးသွားဟန်ရှိသည်။နည်းနည်းမှ လှုပ်၍
မရတော့မှန်းသိသည်နှင့် သူက လုံချန်ကို ဖရုဿ
၀ါ
စာ အော်ဟစ်ဆဲဆိုတော့သည်။
လုံချန်၏ မျက်နှာက တင်းမာအေးစက်လျှက်ရှိပြီ
ကျိုးဝူထံ တစ်လှမ်းချင်းလျှောက်သွားနေသည်။
"လုံချန် မလုပ်နဲ့ နင် သူ့ကို သတ်လိုက်ရင်
ကျောင်းတော်ကနေ နှင်ထုတ်ခံရမှာ"
ထန်၀မ်အာက
လုံချန်ကို စိုးရိမ်စွာဖြင့် သတိလှမ်းပေးသည်။
လုံချန်က သူမ၏
စကားကိုကြားဟန်မတူချေ။ကျိုးဝူထံသို့
တစ်လှမ်းခြင်းလျှောက်သွားနေသည်။သူ
မျက်လုံးများကား
ခံစားချက်လုံး၀ကင်းမဲ့သယောင်ထင်ရသည်။
"မင်းရှုံးသွားပြီ ဒါပေမယ့်မင်းက
အရှုံးကိုလက်မခံနိုင်ဘူး ဒါ့ကြောင့်
၀န်မခံရဲဘူးဖြစ်နေတယ်... ဒီအရှုံး
ကိုလက်ခံရမှာ ကြောက်လွန်းတာကြောင့်
စိတ်သက်သာရလိုရငြား ငါ့ကိုရိုင်းရိုင်းဆိုင်းဆိုင်း
ဆဲဆိုနေ
တာပဲ"
"မင်းက ရွှမ်ရှင်းရဲ့ စည်းကမ်းတွေကို ကိုင်ပြီး ငါ့ကို
အနိုင်ကျင့်ချင်တယ် ... ရွှမ်ရှင်းရဲ့ စည်းမျဉ်းတွေ
ကြောင့်မင်းကိုငါ မသတ်ရ ဲ ရင် မင်းငါ့ကို
ရှုံးသွားပေမယ့် မင်းကိုမင်း
တစ်နည်းအားဖြင့်နိုင်တယ် လို့
ခံယူလိမ့်မယ်"
"မှန်တယ် ဒါက မင်းရွေးချယ်မှုပဲ
ဒါကနည်းနည်းတော့ရှက်ဖို့ကောင်းပေမယ့်
အခုဒီနည်းနဲ့ မင်း ငါ့ကို
ကစားဖို့လုပ်နေတာပဲ"
"ဒါပေမယ့် ကံဆိုးတာက ငါဆိုတာ ဘယ်လို
လူမျိုးလည်းဆိုတာကို မင်းမသိဘူး ငါမိသားစုကို
မင်းမစော်ကားခဲ့သင့်ဘူး ငါလေးစားရတဲ့သူကို
မင်းမထိခိုက်ခဲ့သင့်ဘူး ဒီလိုလုပ်ရင် ...အေး ..
မင်းသေပြီ
သာမှတ်တော့"
လုံချန်က ကျိုးဝူကို ပြောနေသော်လည်း
လူထုတစ်ရပ်လုံးမှာ
တိတ်ဆိတ်ငြိမ်သက်နေသည်။ထို့ကြောင့်
စကားတစ်ခွန်းစီတိုင်းကို သူတို့
ရှင်းရှင်းလင်းလင်းကြားခွင့်ရလေသည်။လုံချန် ၏
အမြင်က သွေးထွက်
အောင်မှန်သည်။လူတိုင်းက ကျိုးဝူကို
ချက်ချင်းအထင်အမြင်သေးသွားကြသည်။
သိုသော် တစ်ခုခုမှားနေပြီဟု
သူတို့ခံစားမိသည်။ကျိုးဝူက သူ့ကို
ထောင်ချောင်ဆင်မှန်းသလျှက်နှင့်
လုံချန်က အဘယ့်ကြောင့် ထိုထောင်ချောက်ထဲကို
ခုန်၀င်ရသနည်း။
"လုံချန် အရူး...နင့်ကို သူသတ်သတ်
ထောင်ချောက်ဆင်နေတာ" လုံချန်က ကျိုးဝူ၏
ထောင်ချောက်
ိကိုသတိပြုမိပေမယ့် ထောင်ချောက်ထဲ
ခုန်ဆင်းတော့မည် မြင်လျှင် ထန်၀မ်အာ က
စိုးရိမ်ကြီးစွာဖြင့်
လှမ်းအော်သည်။
သူမကား လုံချန်ကို သူမ၏ အဖွဲ့ထဲသို့ လှည့်စား၍
သွတ်သွင်းခဲ့သည့်တိုင် ၎င်းမှာ သူမ၏
လက်စားချေ
တတ်သောညဉ်ကြောင့်သာ ဖြစ်သည်။သူမက
ဆိုးယုတ်သော စိတ်ထားရှိသူမဟုတ်ပေ။ယခုတော့
သူမ
က လုံချန်ကို ကြည့်၍
အလွန်စိုးရိမ်နေသည်။လုံချန်က ကျိုးဝူ၏
ထောင်ချောက်ထဲ သိသိနှင့်၀င်တော့
မည်။လုံချန် လူသတ်မိလျှင် ရွှမ်ရှင်းမှ
နှင်ထုတ်ခြင်းခံရမည်။
"လုံချန် ကျွန်မတို့က မမ
၀မ်အာရဲ့နောက်လိုက်တွေပဲ သူမစကားက အမိန့်ပဲ
ဒီလိုလုပ်နေတာက
သစ္စာမရှိရာကျတယ်နော်
ရှင်...လူကောင်းတစ်ယောက်မဖြစ်ချင်ဘူးလား"
ချင်ယုက လည်း၀င်ဖျောင်း
ဖြသည်။သို့သော်သူမ ဖြောင်းဖျပုံကြောင့် လူတိုင်း
မျက်မှောင်ကိုယ်စီကုပ်သွားကြ၏။မည်သူမှ
သည်လို
နည်းနှင့် ဖြောင်းဖျပုံကို ကြုံခဲ့ရဟန်မတူချေ။
"ဟားဟား
လုံချန်...ငါမင်းကိုဆဲတော့ဘာဖြစ်လည်း
ခွေးကောင် ... ခွေးမသား...မင်းငါ့ကို
သတ်ရဲလား...ငါစောင့်နေတယ် မင်း ငါ့ကို
မသတ်ရဲရင် မင်းက တစ်ရာ ရာခိုင်နှုန်း
ခွေးမသားပဲ ဟားဟား
... အားးးးးး"
ကျိုးဝူက ရူးကြောင်ကြောင်ဖြင့်ရယ်သည်။သို့သော်
ရယ်သံမဆုံးခင်မှာပင် နာကျင်စွာ အော်ဟစ်သံ
ထွက်လာ၏။လုံချန်၏ ခြေထောက်တစ်ဖက်က
သူ၏ ခြေထောက်ကိုနင်းထားရာ အရိုးကျိုးသံ
တစ်ဖျစ်
ဖျစ်ကို ကြားနေရသည်။
လုံချန်က ခန္ဓာဗေဒကို ကျွမ်းကျင်စွာ
နားလည်သူဖြစ်သည်။သူနင်ထားသည့်နေရာက
ဒူးခေါင်းအောက်
သုံးလက်မအကွာကိုဖြစ်၏။ထိုနေရာတွင်
အပ်စိုက်သော အမှတ်ရှိသည်။ယင်းနေရာကား
အကြောဆုံ
ရာဖြစ်၍ လွန်စွာနာကျင်သည့်နေရာဖြစ်သည်။
အားအနည်းငယ်စိုက်၍ နင်းလျှင်ပင်
အသည်းခိုက်မတတ်နာကျင်ရသည်။
"အား"
ကျိုးဝူ၏ နာကျင်စွာအော်သံက လူအများကို
ကြက်သီးမွေးညှင်း ဖြန်းဖြန်း ထစေ၏။
"ငါမင်းကို သတ်ဝံ့တယ် မသတ်ဝံ့ဘူးဆိုတာ
ငါ့ကိစ္စပဲ မင်းသေရမှာကို တစ်ကယ်ကြောက်လားမ
ကြောက်လားဆိုတာကို ငါကြည့်ချင်သေးတယ်
ဒါပေမယ့် ကံမကောင်းတာက မင်းလိုကောင်မှာ
ဒီလိုအစွမ်းအစမျိုးမရှိဘူး"
လုံချန်က
ခေါင်းကိုစိတ်ပျက်ဟန်ဖြင့်ယမ်းသည်။ထို့နောက်
ကျိုးဝူ၏ အခြားခြေထောက်တစ်ဘက်ကို
ထပ်နင်းပြန်သည်။ကျိုးဝူမှာ အော်ရင်း
အော်ရင်းဖြင့် အသံမထွက်နိုင်ဖြစ်လာ၏။အသံက
သူ၏ လည်
ချောင်းတွင် စို့နင့်ပြီး ထွက်မလာတော့ပေ။
"ထူးဆန်းလိုက်တာ မင်းကို ငါက
သေရမှာမကြောက်တဲ့
သူရဲကောင်းတစ်ယောက်လို့ထင်ထား
ခဲ့တာ
တစ်ကယ်တော့ထင်ထားသလိုမဟုတ်ပါလား"
"လုံချန် ခွေးမသား မင်းငါ့ကိုသတ်ရင်
မင်းလည်းအသေဆိုးနဲ့သေစေရမယ်" ကျိုးဝူက
ကောက်ကျစ်စွာ
ကျိန်ဆဲသည်။
"အိုး...မင်းကိုငါသတ်မှာပါ စိတ်ချ...ဒါပေမယ့် မင်း
သေရမှာတစ်ကယ် ကြောက်မကြောက်စမ်းကြည့်
ရဦးမယ်"
ဖြောက်...ဖြောက်...
ကျိုးဝူ ခန္ဓာကိုယ်မှ
အရိုးကျိုးသံများဆက်တိုက်ထွက်လာသည်။လူတိုင်
းကြက်သီးမွေးညင်းထကုန်သည်။
၎င်းတို့အားလုံးက ငွေကြေးအလွန်ချမ်းသာသော
မိသားစုများမှ လာသည့် ပေါ့ပေါ့နေ
ပေါ့ပေါ့စားသခင်
ကလေးများသာဖြစ်ရာ သည်လို မြင်ကွင်းမျိုးကို
တစ်ခါမှ
မြင်တွေ့ခဲ့ဖူးခြင်းမရှိကြချေ။၎င်းတို့မျက်နှာများ
က ဖြူဖွေးလျှက်ရှိလေသည်။
သူတို့အကြောက်ဆုံးက လုံချန်၏ ကန်ရေပြင်ကဲ့သို့
ပကတိတည်ငြိမ်သည့် မျက်နှာကိုဖြစ်သည်။
သည်အမူအရာကား ကောက်ကျစ်ယုတ်မာသည့်
မျက်နှာထက်ပင် ပို၍
ကြောက်စရာကောင်းနေသေး
သည်။လူတိုင်းက မြင်ကွင်းကို ရူးကြောင်ကြောင်
ဖြင့်ကြည့်နေကြသည်။
ထန်၀မ်အာ၏ မျက်နှာပင်
အနည်းငယ်ဖြူဖျော့နေသည်။သူမ၏ သိုင်းပညာက
ပြိုင်စံရှားဖြစ်၍ မရေ
မတွက်နိုင်သော် သိုင်းသမားများကို
အနိုင်ယူခဲ့ဖူးသူ ဖြစ်သည့်တိုင်
သည်ကဲ့သို့ရက်စက်သော
မြင်ကွင်းကိုမူ တစ်ကြိမ်မှ မြင်ဖူးခြင်းမရှိခဲ့ချေ။
နာကျင်စွာ အော်ဟစ်သံများ တိတ်သွားချိန်တွင်
လုံချန်က ကျိုးဝူကို လည်ပင်းမှကိုင်ကာ မ
လိုက်သည်။ကျိုးဝူက လေထဲတွင် ယက်ကန်
ယက်ကန်ဖြင့် ပါလာသည်။သို့သော် ကျိုးဝူကား
စိတ်ဓာတ်အလွန်မာသော
သူတစ်ယောက်ပင်။သည်မျှ နာကျင်မှုကို
ခံစားရသည့်တိုင် လုံချန်
အပေါ် ပြည့်နှက်နေသော အမုန်းတရားများကို
သူ့မျက်၀န်း၌ ထင်ရှားစွာတွေ့ရသည်။
"ဟားဟားဟား ခွေးကောင် မင်းငါ့ကို
မသတ်ရဲပါဘူး" ကျိုးဝူက
ရူးကြောင်ကြောင့်ဖြင့်ရယ်သည်။
လူတိုင်းက မြင်ကွင်းကို မည်သို့မှ
မတတ်နိုင်ပဲကြည့်နေကြသည်။သူတို့နှစ်ယောက်စ
လုံးကား အရူး
များပင်။သူတို့နှစ်ယောက်ကို
နားချနိုင်မည့်သူမရှိချေ။လုံချန်က ကျိုးဝူကို
သနားဟန်ဖြင့်ကြည့်သည်။
"မင်းရဲ့နည်းက ကောင်းတော့ကောင်းပါတယ်
မင်းက ဒီနည်းကိုအသုံးပြုပြီး ငါ့ရဲ့တာအို
နှလုံးသားကို
ပျက်ဆီးအောင်လုပ်တာပဲ ငါ့ရဲ့တာအိုနှလုံးသား
သာ ပျက်ဆီးသွားခဲ့ရင် နောင်ဆို ငါ့သိုင်းပညာက
တန့်
သွားမှာပဲ...မင်းက
တော်တော်ကောက်ကျစ်တဲ့ကောင်ပ"ဲ
"ဒါပေမယ့် မင်းတွက်ကိန်းမှားသွားတယ်
နောက်ဘ၀ကျမှ သူတစ်ပါးကို
ကောင်းကောင်းလှည့်စား
နိုင်ပါစေလို့ဆုတောင်းပေါ့"
လုံချန်၏ စကားကိုကြားလျှင် လူတိုင်းက
နားရှုပ်သွားကြသည်။လီရှင်းရှောင်နှင့်
ထန်၀မ်အာသာ အမူ
အယာပြောင်းသွားကြ၏။တာအိုနှလုံးသား
ဆိုသည်ကို လူတိုင်းက မသိကြ။သို့သော်
ထန်၀မ်အာနှင့်
လီရှင်းရှောင်တို့မှာမူ သူတို့မိသားစု၏
တာအိုနှလုံးသား မပျက်ဆီးစေရန်
အကြိမ်ကြိမ်သတိပေးမှု
ကြောင့်သိနေခြင်းဖြစ်သည်။
တာအိုနှလုံးသားပျက်ဆီးလျှင် သိုင်းပညာက
လမ်းခုလတ်တွင် ရပ်သွားတတ်သည်။ပြောရလျင်
တာ
အိုနှလုံးသား ဟာ လူတစ်ယောက်၏
စိတ်အခြေအနေ
တစ်မျိုးလည်းဖြစ်၏။ထို့ကြောင့်အမုန်းတရား
တစ်ခုအမြစ်တွယ်လာလျှင် တာအိုနှလုံးသားကို
ထိခိုက်တတ်သည်။နောင်အခါ သိုင်းအဆင့်တက်
ရာတွင် ယင်းအမုန်းတရားကြောင့် သိုင်းသမားမှာ
ရှေ့သို့တက်နိုင်စွမ်းမရှိတော့ပေ။
ယင်းက လုံချန်ပြောခဲ့လိုပင်
ဖြစ်သည်။ထန်၀မ်အာက မူလတွင် လုံချန်
လွန်လွန်းသည်ဟုတွေးနေမိခဲ့
သည်။သို့သော် ယခုတော့လုံချန်၏ ပြောစကားကို
ကြားသည်တွင် ကျိုးဝူကို ခုချက်ချင်း သတ်ပစ်
ချင်စိတ်ပေါက်လာ၏။သည်ကျိုးဝူက
ကောက်ကျစ်လွန်းသည်။
"ဟီးဟီး ငါ့ကို သတ်မယ်ဟုတ်လား ..
သတ်ရဲလို့လားကွ...ရွှမ်ရှင်းကနေ
မင်းနှင်ထုတ်ခံရမှာ
နော် .. မင်းဘဝတော့သွားပြီပဲ" ကျိုးဝူ က
တိတ်တဆိတ်ရယ်မောနေသည်။
"မင်းကို သတ်နိုင်မလား
မသတ်နိုင်ဘူးလားဆိုတာကို ကြည့်ရသေးတာပေါ့"

ဆေးသိန္ဓိရှင် ( လုံချန် ) Book 1(ခွင့်ပြုချက်ရပြီး)Waar verhalen tot leven komen. Ontdek het nu