PATRIARCH MK AUNG

#

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၁၃၇)လီယီငါး

လုံချန်က ထိုအရာကိုမြင်လျှင်
အော်ဟစ်လုနီးပါးဖြစ်သွားသည်။၎င်းသည်
ကြယ်ကိုးလုံးသိုင်းပညာမှ
ဒုတိယကြယ်ဖြစ်သော သောကြာကြယ် ကို
ပွင့်စေရန် ဖော်ရမည့်ဆေးတွင် အဓိကပါ၀င်သည့်
ဆေးအမယ်တစ်မျိုးဖြစ်သည်။
ဖီးနစ်မှ မထွက်ခွာမီတွင် လုံချန်က
ထိုဆေးဖက်၀င်ပစ္စည်းများအကြောင်းကို
ဆေးဆရာအသင်းနှင့်
ဟွာယွန်လေလံ အိမ်တော်သို့မေးမြန်း
စုံစမ်းခဲ့ပြီးဖြစ်သည်။သို့သော် အချို့သော
ဆေးအမယ်များ
မှ အပ အဓိကဆေးအမယ်များကို လုံချန်
မတွေ့ခဲ့ရပေ။
သောကြာကြယ်ကို သန့်စင်ရန်မှာ
ဒုတိယအဆင့်ဆေးအမယ်များ သို့မဟုတ်
တတိယအဆင့်ဆေး
အမယ်အချို့သာ လိုအပ်သော်လည်း
ယင်းအဓိကပါ၀င်ပစ္စည်းများ မှာ
လွန်စွာရှားသည်။ဆေးဆရာ
အသင်း၏ အကြီးအကဲပင် ထိုဆေးအမယ်
အတော်များများကို
ကြားဖူးခြင်းမရှိချေ။လုံချန်သည် ထို
အချိန်က လွန်မင်းစွာ စိုးရိမ်ခဲ့ရ၏။
ယခု သူက အမတဂန္ဓမာပန်းကို တွေ့ရသည့်အခါ၌
ထိတ်လန့်မှုကြောင့်မအော်မိစေရန်မနည်း ချုပ်
တီးထားရသည်။
"အရွက်ကိုးရွက်က ကောင်းကင်ပေါ်ကို
ထောင်တက်နေတယ် ဟုတ်တယ် ဒါက
အမတဂန္ဓမာပန်းပဲ"
လုံချန်က မမှားစေရန် ထပ်၍
အတည်ပြုလိုက်၏။လုံချန်က အမတ ဂန္ဓမာပင်ကို
ယူရန်အတွက်
ချောက်ကမ်းပါးအပေါ်သို့ခုန်တက်လိုက်သည်။သို့ေ
သာ် စိတ်ထဲ ထင့်ကနဲဖြစ်သွားသောကြောင့်ဘေး
သို့ ရှောင်တိမ်းလိုက်ရ၏။လုံချန်၏ ဘေးမှ
ပွတ်ကာသီကာ ဖြတ်သန်းသွားသည်မှာ စပါးအုံး
မြွေတစ်
ကောင်ဖြစ်နေ၏။
ခပ်မြန်မြန်သာ မရှောင်မိလိုက်လျှင် မြွေက သူ့ကို
ပေါက်လိုက်ပြီဖြစ်သည်။
"မှော်သားရဲကြီးတစ်ကောင်က
ဒီအပင်ကိုစောင့်ရှောက်နေတာလား"
လုံချန်အံ့အားသင့်နေသည်။ရှားပါးသော
အချို့ဆေးပင်များတွင် ၎င်းတို့ကို
စောင့်ရှောက်သည့်
မှော်သားရဲများ ရှိတတ်ကြသည်။သူက ထိုသို့သော
အခြေအနေမျိုး ရွှမ်ရှင်းတွင်ရှိလိမ့်မည်ဟု မထင်
မိ။ဧရာမ စပါးအုံးမြွေကြီးကို အသေအချာ
ဆန်းစစ်ကြည့်ရာတွင် ပေါင်းလုံးခန့်တုတ်ပြီး
တစ်ကိုယ်လုံး
က ရွှေဝါရောင်ဖြစ်နေသည်ကို လုံချန်တွေ့ရသည်။
စင်စစ်တွင် ၎င်း၏ အကြေးခွံများသည်
ရွှေဖြင့်ပြုလုပ်ထားသကဲ့သို့ပင် ဖြစ်နေသည်။မြွေက
အသည်း
ယားစဖွယ် လျှာတစ်လစ် ထုတ်၍ လုံချန်ဘက်သို့
ပြန်လှည့်လာပြန်၏။ပန်းပင်၏ နောက်၌ ချုံပင်များ
ဖြင့် ဖုံးနေသော ဂူတစ်ခုရှိရာ လုံချန်က ထိုဂူကို
မမြင်မိခဲ့ချေ။
"ရွှေကြေးခွံ မြွေပါလား ဒီမြွေက ဒုတိယအဆင့်
မှော်သားရဲတွေမှာ ထိပ်တန်းသားရဲတစ်ကောင်ဖြစ်
ပြီး အတော်ရှားတဲ့ကောင်ပဲ
ဒီနေရာမှာလာတွေ့လိမ့်မယ်လို့ မထင်ထားမိဘူး"
လုံချန် ရင်အနည်းငယ်ခုန်သည်။စမ်းသပ်မှုအတွင်း
မှော်သားရဲများလည်း ပါ၀င်နေသည်။ယင်းသည်
သာမာန်စမ်းသပ်မှုမျိုးမဟုတ်ဟုဆိုလိုသည်။စမ်းသ
ပ်မှု မအောင်မြင်လျှင် သေဖို့က များသည်။
ဤနေရာ၌ ရှိကြသောလူတိုင်းက အဆင့်မြင့်
သိုင်းပညာရှင်များဖြစ်ကြသည့်တိုင် ၎င်းတို့၏
သိုင်းပညာ
အဆင့်အတန်းများမှာမူ
သွေးနှောအဆင့်၌ပင်ရှိကြသေးသည်။ဤမြွေ၏
အကြွေးခွံများသည် လွန်စွာ
မာသည်။တော်ရုံတန်ရုံ သိုင်းသမားများအနေဖြင့်
၎င်းမြွေနှင့် တွေ့လျှင် သေဖို့က များသည်။
လုံချန် အတွေးနက်နေစဉ်မှာပင် မြွေက
သူ့ဆီပြေး၀င်လာကာ
ကိုက်ရန်ကြိုးစားပြန်၏။မြွေသည်
လုံချန်၏ အရပ်အမြင့်လောက်ထိရောက်
အောင်ပါးစပ်ကိုဟထား၏။သူ့၏ ရှည်လျှားသော
အစွယ်လေးချောင်းမှ အရည်များ
တစက်စက်ကျလျှက်ရှိသည်။
"ဆေးမီးတောက်" လုံချန်က
အော်ဟစ်ကြုံးဝါးသည်။လက်ကိုရှေ့သို့
ဆန့်တန်းလိုက်လျှင် မီးလုံးတစ်လုံး
ပေါ်လာပြီး မြွေ၏ ပါးစပ်ထဲသို့
ပြေး၀င်သွားလေသည်။ယင်းသို့ မီးလုံးနှင့်
ပစ်လိုက်သည့် အချိန်၌
လုံချန် က နောက်သို့ တစ်ပြိုက်နက် ဆုတ်သွား၏။
၀ုန်း...
မီးလုံးမှာ မြွေ၏ ပါးစပ်အတွင်း၌
ပေါက်ကွဲသွား၏။မြွေ၏ ခေါင်းသည်
ကြေမွသွားကာ သွေးနှင့် အသား
စများက နေရာအနှံ့သို့
ပြန့်ကျဲသွားလေသည်။ကျန်ရှိနေသော ခန္ဓာကိုယ်
တစ်ပိုင်းကြီးမှာမူ ကြမ်း
တမ်းစွာ လှုပ်ယမ်းလျှက်ရှိရာ လုံချန်က ထို
ကိုယ်လုံးပိုင်းကြီးကို
ခပ်ဝေးဝေးသို့ကန်ပစ်လိုက်ရသည်။
အမတဂန္ဓမာပန်း မပျက်မဆီးပဲ ရှိသည်ကို
မြင်တော့မှ လုံချန်က စိတ်သက်သာရရပြီး
သက်ပြင်းချရ
တော့သည်။
ပန်းက မြွေကိုယ်လုံးကြ၊ီးကြောင့်
ပျက်ဆီးခါနီးနီးဖြစ်ခဲ့သည်။ဂန္ဓမာပန်းကို
မပျက်မဆီး၊မထိခိုက်စေရပ ဲ
နဂိုအတိုင်းရအောင် အလွန်သတိထား၍
နှုတ်ယူရ၏။အကယ်၍ အစိတ်အပိုင်းတစ်ခုခု
ပျက်ဆီးသွားပါက
ပန်းပင်တစ်ခုလုံး၏ အာနိသင်မှာ သိသိသာသာ
ကျဆင်းသွားတတ်သည်။
တစ်ကယ်တမ်းတွင် ရွှေကြေးခွံမြွေ၏
အကြေးခွံများက
လွန်စွာမာကျော၏။မည်မျှဆိုသော် တော်ရုံတန်
ရုံဓားများဖြင့် ပင် ထိုးဖောက်၍မရချေ။သာမာန်
ကျင်ကျီသိုင်းသမားများပင် ၎င်း၏
အကြေးခွံကိုဖောက်
နိုင်ရန် များစွာခေါင်းခဲရလေ့ရှိသည်။
ထို့ပြင် ၎င်းက အဆိပ်ငွေ့များဖြင့်လည်း
မှုတ်တတ်သောကြောင့် ယင်းသို့
အဆိပ်ငွေ့မှုတ်နေသည့်အချိန်
တွင် အသက်ရှုအောင့်ထားမည် ဆိုလျှင်လည်း
အဆိပ်သင့်မည်ပင်ဖြစ်၏။ထိုအဆိပ်က ကုသရ
အင်မတန်ခက်လှသည်။
သို့သော် လုံချန်က ယခုတစ်ကြိမ်တွင်
ကံကောင်းသွားခဲ့သည်။မြွေ၏ အကြေးခွံများက
ပြင်ပခန္ဓာကိုယ်
ကို ကာကွယ်ထားသည့်နေရာ၌ လွန်စွာ
အစွမ်းထက်သော်လည်း လုံချန်၏မီးလုံးက မြွေ၏
ပါးစပ်ထဲ
သို့၀င်သွားခြင်းဖြစ်ခြင်းကြောင့် မြွေသည်
ပေါက်ကွဲ၍
ပွဲခြင်းပြီးသေသွားခြင်းဖြစ်သည်။ထို့နောက်
လုံချန်က အမတဂန္ဓမာ ပန်းကို ချောက်ကမ်းပါး
နံရံမှ ဂရုတစိုက်တူးယူ၏။အမြစ်တွင် ပေနေသော
ရွှံ့များကို ဂရုတစိုက်သန့်စင်၏။
ပြီးနောက် ကျောက်စိမ်းပုလင်းကလေး
တပုလင်းထဲသို့ ဂရုတစိုက်ထည့်၏။ရွှေကြေးခွံ
မြွေအသေ
ကောင်ကိုတော့ မယူရန်
လုံချန်ဆုံးဖြတ်လိုက်သည်။ယင်းမြွေကား ပြင်ပ
ခုခံမှုတွင်သာ
လွန်စွာအစွမ်းထက်ပြီး ယင်း၏ အဆိပ်သည်
အစွမ်းမထက်လှပေ။အစွမ်းမထက်လှသော
မြွေဆိပ် များသည် စျေးကွက်အတွင်း၌
စျေးကောင်းသိပ်မရတတ်။
ပတ်၀န်းကျင်ကို ကြည့်ရာတွင် ချုံပုတ်အောက်၌
ရောက်နေသော အသားတချို့ကို တွေ့ရသည်။
လုံချန်က ထိုအသားတစ်မှ လက်ဖဝါးအရွယ်
ခရစ်စတယ် အမြူတေကို ထုတ်ယူသည်။
ထိုခရစ်စတယ်၌ ရွှေကြေးခွံမြွေ၏ အမတေ
ဓာတ်များပါ၀င်ပြီး လွန်စွာရှားပါးလှသည်။
၎င်းအား ဆေးဝါးအဖြစ်ဖော်စပ်၍
အသုံးပြုနိုင်သကဲ့သို့
လက်နက်အဖြစ်လည်းအသုံးပြု၍ ရသည်။
အထူးသဖြင့် လက်နက်ဖြစ်ပို၍
အသုံးများကြ၏။ယင်းအမြူတေကို
လက်နက်တစ်ခုခုတွင်ထည့်
သွင်းခြင်းအားဖြင့် လက်နက်သည်
မူလကထက်များစွာ
အစွမ်းထက်လာသည်။ထိုလက်နက်
မျိုးကို နာမ်လက်နက်ဟူ၍ ခေါ်ရာ လွန်စွာ
အစွမ်းထက်သော ပန်းပဲဆရာကြီးများသာ ထုလုပ်
နိုင်ကြ၏။
၎င်းပန်းပဲဆရာကြီးများကား အင်း၊စမ များစီရင်၍
မှော်သားရဲ၏ အမြူတေအား လက်နက်၏ တန်း
ခိုးစွမ်းအင် အဖြစ်သို့
ပြောင်းလည်းယူနိုင်စွမ်းရှိကြသည်။သို့ရာ၌
ထိုကဲ့သို့သော လက်နက်မျိုးသည်
လွန်စွာ ရှားပါးလှရာ လုံချန်ပင် ယခုထိ
တစ်ခုတစ်လေမှ မမြင်ဖူးသေးချေ။
ယခု အမြူတေများမှာမူ လက်နက်တစ်ခုအတွင်းသို့
ထည့်သွင်းရန် အဆင့်နိမ့်လွန်းနေသေးသည်။သို့
ရာတွင် စျေးကွက်အတွင်းရောင်းချလျှင်
ငွေများများရနိုင်သည်။လုံချန်က အမြူတေများကို
သိမ်းဆည်း
၍ ရှေ့သို့ဆက်သွားလျှင် တောင်နှစ်တောင်ကြား၌
ရှိနေသော ချောင်းငယ်ကလေးတစ်ခုသို့ရောက်
သွား၏။
ထိုချောင်းငယ်ကလေးအတိုင်း လိုက်သွားလျှင်
ချောင်းငယ်ကလေးသည် တဖြည်းဖြည်း ကျယ်လာ
ကာ ရေစီးနှုန်းသည် ပို၍တည်ငြိမ်လာပြီး
မြစ်ကလေး တစ်ခုဖြစ်လာသည်ကို တွေ့ရသည်။
နောက်ထပ် နှစ်နာရီခန့်လမ်းလျှောက်ပြီးနောက်
ရှေ့ဆီမှ ကျယ်ကျယ်လောင်လောင်အသံများ
ကြားလာရသည်။
ထိုအသံများဖြင့်
တစ်ဖြည်းဖြည်းနီးကပ်လာသည်တွင်
အဖြူရောင်ဖဲကြိုးများသဖွယ် ကျဆင်းနေသော
ရေတံခွန်တစ်ခုကိုတွေ့ရ၏။သန်းနှင့်ချီသော
ရေစက်ကလေးများမှာ ရေတံခွန်မှကျလာပြီး လျှင်
အောက်ခြေကျောက် တုံးများအပေါ်သို့အရောက်၌
နေရောင်ခြည်နှင့် ထိ၍ ရောင်ပြန်ဟပ် လေသော်
ပုလဲလုံးကလေးများပမာ ဖြစ်လာကြပြန်သည်။
ရေတံခွန်အောက်ခြေ၌ ငါးမိုင်ခန့်ကျယ်သည့်
သဘာ၀ကန်ငယ်လေးတစ်ခုဖြစ်နေသည်။ကန်ထဲမှ
ရေသည် လွန်စွာကြည်လင်ပြီး အောက်ခြေကိုပင်
မြင်နေရသည်။ရေတံခွန်မှ ကျနေသောရေများ
သည် ဖဲကြိုးများ ကျနေသည်နှင့်တူပြီး
ရေကန်ငယ်လေးသည် မှန်တစ်ချပ်ကဲ့သို့
အလင်းပြန်နေရာ
လှပသော တောင်တန်းကြီးများ၏ ပုံရိပ်က
ကန်ရေမျက်နှာပြင်၌ ထင်ဟပ်နေကြသည်။
မြင်ကွင်းကား
အသက်ရှုပင်မှားလောက်သည်ဖြစ်ရာ လုံချန်က
ထိုမြင်ကွင်းကိုကြည့်၍ မင်တက်နေ
မိသည်။
"ရေထဲမှာ ငါးတွေပါလား"
ကန်ရေပြင်တွင် လှုပ်လှုပ်ရှားရှားဖြစ်နေသော
အရာများကို လုံချန်
ချက်ချင်းသတိပြုမိလိုက်သည်။
ယင်းအရာများသည်
ငါးများဖြစ်ကောင်းဖြစ်နိုင်သော်လည်း
မည်သည့်ငါးအမျိုးအစားဖြစ်သည်ကို လုံ
ချန်မသိချေ။ငါးတစ်ကောင်က ကန်ရေပြင်တွင်
ပေါလောမျောနေသော အသီးတစ်ခုကို စားရန် ရေ
အောက်မှ အသာအယာတက်လာသည်။
"ဟာ..လီယီ ငါးတွေ"
ယခုမှပင် လုံချန်မှတ်မိသွားသည်။ထိုငါးက
လက်တစ်ဝါးအရွယ်ခန့်ရှိပြီး အကြေးခွံတွင်
အရောင်လေး
ရောင်ပါသည်။ငါးက အသီးလေးကို မျိုချပြီး
ရေအောက်သို့ ချက်ချင်းပြန်ငုပ်သွား၏။
လီယီငါးသည် မှော်သားရဲမဟုတ်သော်လည်း
အလွန်နူးညံ့သည့် သဘာ၀ရှိသည်။ထိုငါး
မှာ လွန်စွာအရသာရှိလွန်းသဖြင့် နတ်သုဒ္ဒါနှင့်ပင်
တင်စားကြရသည်။ထိုငါးကို စားလျှင် မိမိလျှာ
ကိုပါပြန်မမျိုချမိစေရန် သတိထားပါဟုသော
ဆိုရိုးလည်းရှိသည်။
ယင်းသည် ချဲ့ကားပြောသော
အကြောင်းအရာများဖြစ်သည့်တိုင် ၎င်း၏
အရသားအား နတ်သုဒ္ဓါ
ှနှင့်ပင် နှိုင်းယှဉ်၍ ချီးမွမ်းကြရသည်ကား
အမှန်ဖြစ်သည်။သို့သော်
ထိုငါးကိုလုံချန်အလိုရှိသည်
မှာ၎င်း၏ အရသာကြောင့်မဟုတ်ပ ဲ
တန်ဖိုးရှိသောကြောင့်ဖြစ်၏။လီယီငါး၏
ပါးဆုံအောက်တွင်
အသားလုံးတစ်လုံးရှိသည်။
လူအားလုံးနီးပါးက ထိုအသားလုံးထဲမှ
ကျောက်တုံးကလေးကို အသုံးမ၀င်ဟုဆိုက
လွှင့်ပစ်လေ့
ရှိသည်။သို့ရာတွင် သူ၏
ဆေးနတ်ဘုရားမှတ်ညာဏ်များအရ ၎င်းသည်
စိတ်ဝိညာဉ်ကို
အားဖြည့်ပေးနိုင်သော
ရတနာတစ်ပါးမှန်သိလေသည်။စိတ်ဝိညာဉ်ကို
အားဖြည့်ပေးနိုင်
သောအရာများကားလွန်စွာရှားပါးလှ၏။
ထုိ့ပြင် လူအများစုသည် ယင်းကဲ့သို့သော
ရတနာများကို သတိမပြုမိတတ်ကြချေ။ယင်းကား
ဟွာယွန်
အိမ်တော်မှ သူရရှိခဲ့သော ညမိစ္ဆာ
ခေါင်းခွံကဲ့သို့ဖြစ်သည်။ညမိစ္ဆာခေါင်းခွံတွင်
ခရစ်စတယ် အမြူ
တေမရှိ။ရိုးရိုး အမြူတေသာရှိသည်။
စိတ်ဝိညာဉ်အားဖြည့်ဆေး ဖော်စပ်ရန်အတွက်
ညမိစ္ဆာ အမြူတေကို လုံချန်အသုံးပြုခဲ့ဖူးပါသည်။
နောက်ပိုင်းတွင် ထိုဆေးကို သူက မန်ချီ့ထံသို့
လုဖုန်းအာ မှ တစ်ဆင့် ပေးခဲ့သည်။
မန်ချီသည် ထို ဝိညာဉ်အားဖြည့်ဆေးကို
စားသုံးပြီးနောက် သူမ၏ စိတ်ဝိညာဉ်အစွမ်း
မှာ လွန်စွာအစွမ်းထက်လာသည်ကို လုံချန်
သတိမထားမိခဲ့ချေ။
မန်ချီ၏ စိတ်ဝိညာဉ်စွမ်းအားမှာ ယခင်ကပင်
အစွမ်းထက်ပြီးသားဖြစ်သည်။ယခုအခါတွင်
လုံချန်၏
စိတ်ဝိညာဉ်အားဖြည့်ဆေးကြောင့် သူမ၏
စိတ်ဝိညာဉ်စွမ်းအင်က လွန်မင်းစွာ
အဆင့်မြင့်တက်သွား
ခဲ့ရခြင်းကြောင့် လေဝိညာဉ် စံအိမ်တော်တစ်ခုလုံး
ရုတ်ရုတ်သဲသဲဖြစ်ခဲ့ရပါသည်။
သို့ရာတွင် မန်ချီကော လုဖုန်းအာပါ လုံချန်၏
စိတ်ဝိညာဉ်အားဖြည့်ဆေးအကြောင်းကို
ပြောဆိုရန်
ငြင်းဆန်ခဲ့ကြသည်။သူမတို့နှစ်ယောက်စလုံးသည်
ဤဆေးအား မည်သည့်ဆေးဖြစ်မှန်း မသိကြ
သည့်တိုင် သူမတို့ပြောမိ၍
လုံချန်တစ်ခုခုဖြစ်မည်ကို စိုးရိမ်သည်။
လီယီငါးသည်
ညမိစ္ဆာဦးခေါင်းနှင့်မတူချေ။ညမိစ္ဆာဦးခေါင်းသည်
မိစ္ဆာ သတ္တဝါတစ်ကောင်ဖြစ်ရာ ကြမ်း
ကြုတ်ရက်စက်သည့်သဘာ၀ရှိသည်။ယင်း၏
အမြူတေကို ဝိညာဉ်အားဖြည့်ဆေး ဖော်စပ်ရာ၌
အမြူတေ၏ အာနိသင်အတော်များများကို
စွန့်ပစ်ရသည် ဖြစ်ရာ အာနိသင်အနည်းငယ်သာ
ကျန်ခဲ့သည်။
သို့သော် လီယီငါးမှာမူ သန့်ရှင်းသောရေထဲတွင်
နေထိုင်ပြီး သဘာ၀၏ ချီစွမ်းအင်များကို စုပ်ယူစား
သုံးသော သတ္တဝါသာဖြစ်သည်။၎င်းတို့တွင်
အညစ်အကြေးမရှိ။ထို့ကြောင့် ယင်း၏
အမြူတေကို
တိုက်ရိုက်ပင် အသုံးချနိုင်လေသည်။ထို့ပြင်
အခြားသော ဘေးထွက်ဆိုးကျိုးများလည်းမရှိချေ။
"ငါတော့ ချမ်းသာပြီ"
လုံချန်၀မ်းသာလုံးဆို့နေသည်။ရွှမ်ရှင်းသည်အတေ
ာ်ကောင်းသည့်နေရာတစ်ခုဖြစ်သည်။နေရာ
တိုင်း၌ ရတနာများဖြင့် ပြည့်နေသည်။သည်ကို
လာရသည်မှာ သူ့အတွက် အတော်တန်သည်။
လုံချန်က ရေကန်ကိုကြည့်ပြီး
စဉ်းစားနေသည်။ပထမဦးဆုံးအနေနှင့်
ရေကန်၏အနက်ကို
တိုင်းပြီး ငါဖမ်းနိုင်မည့်နည်းကို ရှာဖို့လိုသည်။
သူက အနက်ရောင်ပိုးကြိုးလေး
တစ်ချောင်းကိုထုတ်၍ တစ်ဖက်တွင်
ကျောက်တုံးတစ်တုံးကိုချည်ကာ
ရေထဲချသည်။ကျောက်တုံးကလေးက
ရေအောက်သို့ တစ်ဖြည်းဖြည်း ဆင်းသွား၏။
"ဘယ်လို...ဒီလောက်တောင်နက်လား"
လုံချန် လက်တွင် ကိုင်ထားသော
မီတာသုံးရာရှည်သည့် ပိုကြိုးက ဆုံးသွားသည့်တိုင်
ကန်အောက်
ခြေသို့ ကျောက်တုံးသည် မရောက်တတ်သေးပေ။
"ဒီလောက်နက်ရင် ငါဖမ်းပိုက်တွေလုပ်ပြီး
ဖမ်းရင်တောင် ဖမ်းမိဖို့အတော်ခက်လိမ့်မယ်
ပြီးတော့ လီယီ
ငါးက ရေးကူးအရမ်းမြန်တယ်"
"ငါးမျှားတံ လုပ်ပြီး ဖမ်းရင် တော့ရနိုင်ပေမယ့်
တစ်ကြိမ်မှာ ငါးတစ်ကောင်ပဲရမှာ ဒီနေရာမှာ
ငါအချိန်းဖြုန်းလို့မဖြစ်ဘူး
ထောင်ချောက်လုပ်ပြီးဖမ်းတာ ပိုကောင်းမယ်"
လုံချန်က နောက်ဆုံး၌ လှောင်အိမ်များပြုလုပ်၍
ငါးဖမ်းရန်
ဆုံးဖြတ်လိုက်သည်။ငါဖမ်းလှောင်အိမ်များ
က ပြုလုပ်ရလွယ်ကူသည်။သူငယ်စဉ်ကပင်
ထိုသို့သောအရာမျိုးကို ပြုလုပ်ခဲ့ဖူးခြင်းကြောင့် သူ
နှင့် သိပ်မစိမ်းလှချေ။လုံချန်က တုတ်ချောင်းများကို
ခြင်းငယ်ကလေးတစ်ခုပုံစံအဖြစ်သို့ ယက်ကာ
ကြိုးဖြင့်ချည်သည်။ခြင်း၏ အစွန်းနှစ်ဖက်၌
ပြောင်းပြန်လှန်ထားသော
ဂျိုပုံစံကလေးတစ်ခုလုပ်ထား
သည်။
ဤနည်းအားဖြင့် ခြင်းအ၀သည် အပြင်၌
ကြီးသော်လည်း အတွင်းပိုင်း၌
သေးငယ်သွားသည်။
(ငါးရှဉ့်ထောင်တဲ့ မြှုံးပုံစံထင်တာပဲ)
ငါးများ ခြင်းအတွင်း၀င်လာလျှင် ပြန်ထွက်ရန်
လွန်စွာခက်လိမ့်မည်။တစ်နာရီပျော့ပျော့ရှိလျှင်
ခြင်း
ငါးလုံး လုပ်ပြီးသွားပြီဖြစ်သည်။ထို့နောက် တဂ င်္
စဉ်းစားပြီး ဆေးမီးဖိုကိုထုတ်၍ ဆေးတစ်မျိုးကို
စဖော်
လေသည်။
15 မိနစ်ခန့်ကြာလျှင်
ဆေးဖော်စပ်မှုပြီးဆုံးလေပြီ။ယင်းကားတစ်ကယ့်ေ
ဆးအစစ်များမဟုတ်။
အနံ့ကောင်းသော သစ်သီးအချို့ကို သန့်စင်၍
ငါးများကို ထောင်ချောက်ဆင်ရန် ဖော်စပ်ထားခြင်း
သာဖြစ်၏။ထို့ကြောင့် ထိုဆေးတွင်
မည်သည့်အာနိသင်မှလည်း မရှိချေ။
ယင်းနောက် လုံချန်က
ကြိုးရှည်နှစ်ချောင်းကိုထုတ်၍ မီတာတစ်ရာခန့်တွင်
ဖြတ်ပြန်သည်။
ထိုကြိုးဖြင့် လှောင်အိမ်၏ အစွန်းနှစ်ဖက်ကို
ချည်၏။လှောင်အိမ်ထဲတွင် ဖော်စပ်ထားခဲ့သော
ဆေးကိုထည့်၏။ပြီးလျှင် နေရာကောင်း
တစ်ခုကိုရွေးကာ
လှောင်အိမ်ကိုရေထဲပစ်ချလိုက်၏။
လှောင်အိမ်နှင့်တွဲချည်ထားသော ကြိုးကိုမူ
သစ်ပင်တွင်ချည်၏။
ထောင်ချောက်များဆင်ပြီးလျှင် လုံချန်က
ကျောက်တုံးခပ်ကြီးကြီးတစ်တုံး ပေါ်၌
အနားယူသည်။
ဘယ်အချိန် ထောင်ချောက်ထဲသို့ လီယီငါးများ
၀င်လာမလည်းဆိုတာကို သာ
စောင့်နေရန်လိုသည်။
တစ်နာရီခန့်ကြာလျှင် လုံချန်က လှောင်အိမ်များကို
ရေပေါ်သို့ခပ်ဖြေးဖြေး ဆွဲတင်နေသည်။
ရေပေါ်သို့တဖြည်းဖြည်းတက်လာသည့်လှောင်အိမ်
များအတွင်း လှုပ်ရှားမှု များကို သူမြင်နေရသည်။
လှောင်အိမ်ရေပေါ်သို့ရောက်လျှင်
လက်ဝါးအရွယ်ခန့် လီယီငါးသုံးကောင်ကို
တွေ့ရ၏။
"အဲ့ဒီ လီယီ ငါးတွေကို ပေးစမ်း"
ထိုစဉ် ကျေနပ်အားရသည့် လေသံ တစ်သံကို
သူကြားလိုက်ရလေသည်။

ဆေးသိန္ဓိရှင် ( လုံချန် ) Book 1(ခွင့်ပြုချက်ရပြီး)Where stories live. Discover now