အပိုင်း ( ၃ )

Beginne am Anfang
                                    

အကိုလေးကဒါတွေကို ပိပိရိရိနဲ့ဖုံးကွယ်ထားခဲ့တယ် ။ သူမကသူတို့အတွက် အကောင်းဆုံးမိတ်ဆွေလို့ပဲ မြတ်ရှားကထင်ခဲ့တာ ။ အကိုလေးကိုယ်တိုင်ကလဲ သူနဲ့ ပဲနှစ်တွေအကြာကြီးအချိန်ကုန်ဆုံးခဲ့ပြီး ဘယ်မိန်းကလေးနဲ့မှမရှုတ်တော့တဲ့အတွက် မြတ်ရှားသူ့ကိုယ်သူအထင်ကြီးမိသွားခဲ့တဲ့ပုံပဲ ။ အမြဲတမ်းသံချောင်းလိုဖြောင့်နေတဲ့အကိုလေးက သူ့ကြောင့်နဲ့ကွေးသွားလိမ့်မယ်လို့ ဘယ်လိုကြောင့်များ မြတ်ရှား တွေးထင်မိခဲ့လဲမသိတော့ဘူး ။

ဒီနှစ်ထဲမှာတော့ အကိုလေးက ခြေလှမ်းတွေစပြောင်းလာတယ် ။ အလုပ်ကိစ္စနဲ့အမြဲခရီးထွက်နေပြီး  အိမ်တော်ကိုလဲအချိန်ကြာတဲ့ထိပြန်မလာတော့ပဲ အလုပ်တွေကိုပဲပိုလုပ်လာတယ် ။ မြတ်ရှားနဲ့အတူအိပ်တဲ့အချိန်ရှားလာတဲ့အပြင် အရင်လိုဘယ်သွားသွားခေါ်မသွားတော့ပဲ ဒီအိမ်တော်ကနေပဲ သူ့ကိုထိုင်စောင့်စေတယ် ။ ပိုဆိုးတာက မြတ်ရှားအပေါ်ယုံကြည်မှုတွေ လျော့နည်းလာတာပဲ ။ သူ့ရဲ့အရင်းနီးဆုံး မိတ်ဆွေတွေနဲ့တောင် သံသယတွေဝင်လာခဲ့တယ် ။ အကိုလေးပွေရှုတ်သမျှကိုမြတ်ရှားသီးခံခဲ့ပေမဲ့ အကိုလေးကတော့မြတ်ရှားအသိမိတ်ဆွေတွေနဲ့ အပြင်မှာအတူဆုံလို့စကားပြောမိရင်တောင်မကြိုက်ဘူး ။ ထိုကိစ္စတွေကြောင့်လဲ မြတ်ရှား အကိုလေးနဲ့ အမြဲလိုလိုရန်ဖြစ်ရတယ် ။

မြတ်ရှားက အကိုလေးရဲ့လက်ထောက်အဖြစ်ကနေ လွန်ခဲ့တဲ့ ၆ လလောက်က ရပ်နားခံလိုက်ရတယ် ။ မြတ်ရှားကအလုပ်လုပ်တဲ့အချိန်တွေဆို အစားအသောက်ကိုပါမေ့တဲ့အထိ ကြိုးစားပမ်းစားနဲ့လုပ်လေ့ရှိတာကြောင့် သူ့လိုမွေးရာပါကိုယ်ခံအားနည်းသူက အစားပုံမှန်မစားတော့ အစာအိမ်ရောဂါအလွယ်ဖြစ်လာပြီး အရင်ကထက်ပိုအားနည်းလာတယ် ။

ဒီနှစ်ကသူ့အတွက်ကံညံ့နေတယ်ဆိုရမလား မကြာခနဖြားနာနေခြင်းကြောင့် အကိုလေးကအိမ်တော်မှာပဲ နားနားနေနေ နေဖို့ အလုပ်မလုပ်ခိုင်းတာလို့ပြောပေမဲ့ မြတ်ရှားကတော့ သူ့ကိုယ်သူပိုပြီးသိမ်ငယ်လာမိတယ် ။ ဒီစိတ်တွေကို ပြေဖျောက်ဖို့ အကိုလေးမရှိတဲ့အချိန်တွေမှာ မိတ်ဆွေတစ်ယောက်ထံ အချိန်ပိုင်းအလုပ်ဝင်လုပ်ရင်း အထီးကျန်မှုတွေကို အလုပ်နဲ့အစားထိုးရင်း ဖြေဖျောက်နေမိတယ် ။

အကိုလေးရဲ့ ဖန်အိမ်စောင့်Wo Geschichten leben. Entdecke jetzt