အခန်း (၁၁.၁) လူ ၁၀ ယောက်သာ ဗေဒင်မေးရန်

Comenzar desde el principio
                                    

ဒါကို မြင်တဲ့အခါ သူသည် ဦးလေးများနှင့် အဒေါ်များကို နေရာကနေ နည်းနည်းလောက် ဆုတ်ခိုင်းပြီး လင်းချင်းယင်၏ရှေ့တွင် သူ၏ကုလားထိုင်ကို ထားလိုက်၏။ ဒီထိုင်ခုံသည် ဖောက်သည်များအတွက် ဖြစ်သည်။

လင်းချင်းယင်သည် ဆော့ကစားနေသကဲ့သို့ပင် လက်ထဲမှ ကျောက်တုံးများကို ပစ်လိုက်သော်လည်း ကျောက်တုံး တစ်ခုချင်းစီတိုင်းသည် သူ(မ)လိုချင်သည့် နေရာတိုင်းသို့ ကျသွားသည်။

ဖက်တီးဝမ် ၏မျက်နှာသည် ချွေးများဖြင့်ပြည့်နေပြီး၊ ဦးလေးများနှင့် အဒေါ်များ၊ အဆက်မပြတ် အားပေးနေကြသူများကို မြင်လိုက်ရသည်။ လင်းချင်းယင်သည်လည်း ဖက်တီးဝမ်၏နေရာနှင့် သူ(မ)ရှေ့ရှိ ထိုင်ခုံလွတ်‌‌နေရာကိုပင် ခင်းကျင်းထားလိုက်၏။

လင်းချင်းယင်သည် နောက်ဆုံးကျောက်တုံးကို ပစ်ချပြီးသောအခါ၊ ဖက်တီးဝမ်သည် လေထဲရှိ အပူများ ကျဆင်းသွားသည်ကို ခံစားလိုက်ရပြီး၊ အေးမြသော လေပြည်က သူ့အား ဖြတ်သွားသဖြင့် အလွန်သက်တောင့်သက်သာ ဖြစ်စေသည်။

ဖက်တီးဝမ်သည် လင်းချင်းယင်ကို ကြည့်ကာ ပွေ့ဖက်ချင်မိ၏။ ဝသော သူတစ်ယောက်အတွက်၊ နွေရာသီ၌ အပြင်တွင် တိုက်ခတ်နေသော အေးမြသော လေပြည်‌ကို ခံစားရသည်ထက်၊ သူတို့ကို ပျော်ရွှင်အောင် လုပ်ပေးနိုင်တဲ့အရာ ဘာမှမရှိပေ။

ခံစားချက်မှုများ လန်းဆန်းလာပြီးနောက် ဖက်တီးဝမ်သည် အလုပ်စလုပ်ကာ သူ၏အိတ်ကပ်ထဲမှ တွန့်ကြေနေသော စာရွက် အပိုင်းအစလေးတစ်ရွက်ကို ထုတ်ပြီး ကျယ်လောင်စွာ ပြောလိုက်သည် - "နံပါတ် ၁၊ ဝမ်ရှုဖန်း"

"ငါပဲ၊ ငါ၊ ငါ၊ ငါ!" လင်းချင်းယင်ကို အချိန်အကြာကြီး ကြည့်နေခဲ့သော အဒေါ်တစ်ယောက်သည် သူ(မ)၏ ကိုယ်ဟန်အနေအထားနှင့် လုံးဝကိုက်ညီမှုမရှိသော အရှိန်ဖြင့် ပြေးလာ၏။ သူ(မ)သည် ကုလားထိုင်ပေါ်တွင် ထိုင်ကာ သူ(မ)ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးကို ရှက်ရွံ့စွာဖြင့် ကြည့်ပြီး အသံနိမ့်နိမ့်လေးဖြင့် ပြောလိုက်သည် - "ဆရာသခင်၊ ကျွန်မ စိတ်ထဲမထားနိုင်တဲ့ အရာတစ်ခုရှိတယ်"

လင်းချင်းယင်က သူ(မ)ကို ဘောပင်နှင့် စာရွက်တစ်ရွက် ပေးလိုက်သည်- "စာလုံးတစ်လုံး ချရေးပါ"

ရှေးဖြစ်ဟော ဆရာသခင် (MM Translation)Donde viven las historias. Descúbrelo ahora