" မင်းတို့ကလည်း ခုနစ်နှစ်ခုနစ်လီ ဝေးနေတဲ့ မောင်နှံတွေလို အလွမ်းသယ်ပြနေတာကို အစကတည်းက သွားနှင့်ဖို့ ပြောပါလားကွ"

*ဘာတုန်း ဒီကောင် သူ့ဟာလေး ထိတော့ ကပ်ကပ်လန်နေတာ *
အနောက်ကဟာလေးကလည်း သူ့ကောင်ကြီး အားကိုးနဲ့ လူကို
ပမာမခန့် ပုံစံနဲ့။ အရင်ကများ လူကိုမြင်တာနဲ့ ပြေးဖို့ပဲ သိတဲ့ကောင်။

~~~~~~~~~

" သန့်စင်ထွန်း ! မြန်မြန်လာလို့ ! "

"အေးဆေးးပေါ့ ဟန်လျှမ်းရာ ကျောင်းဝန်းထဲ ကိုယ်တို့ပဲရောက်သေးတာ "

" မရဘူး လာခဲ့ ! "

ကျောင်းဝင်ပေါက်အရှေ့ရောက်ကတည်းက ဆိုင်ကယ်ကိုတောင် နေရာတကျ ထားခွင့်မရ။ လူကို လက်ဆွဲခေါ်ကာ ကျောင်းဝန်းထဲ ဝင်ပြန်၏။

ကျောင်းအဝင်ကတည်းက ဆွဲခေါ်လာတဲ့ လက်ကလေးက လွှတ်ပေးဖို့ အကြောင်းပြချက်မရှိသလို တင်းတင်းကြပ်ကြပ်လေး။

နေမထွက်ခင် ဝေလီဝေလင်း အချိန်လေးမှာ ကျောင်းဝင်ပေါက်ကတည်းက ဆီးကြိုကာ တန်းစီလျက်ရှိနေသော ကုက္ကိုပင်တန်း ကျောင်းလမ်းလေး အတိုင်း လက်ဆွဲခေါ်ကာ
အရှေ့မှ ခပ်သွက်သွက်ကလေး လမ်းလျှောက်နေတဲ့ လူသားလေးက သန့်စင်ထွန်း အမြင်မှာ တစ်ကယ်ကို ချစ်စရာအတိ။

အောင်စာရင်းသည် နှစ်ဆောင်ပြိုင် နှစ်ထပ်ဆောင်ကြီး၏ ဘယ်ဘက်ခြမ်း ကျောင်းဟောခန်း နား၌ ကပ်ထားသည်မို့
အောင်စာရင်းများ ကပ်ထားသော whiteboard များကို
တန်းစီကွင်းပြင်ကနေ လှမ်းမြင်ရတာနဲ့ ဟန်လျှမ်းမှာ ခုန်ပေါက်နေပြီ။ သူ ရင်တအားခုန်လို့ပါတဲ့။

" သန့်စင်ထွန်း ၈တန်း အောင်စာရင်း အရင်ရှာ "

"ဟင် ! ၉တန်း အောင်စာရင်း မကြည့်ဘူးလား "

" ငါက ငါ့ကိုယ်ငါ အောင်မှာသိတယ် ၊အိုက်လမင်းသာ လည်း
အောင်မှာကို သိတယ် မင်းကို ကြည့်ပေးမှာ "

" ကြည့်မနေနဲ့ ကိုယ် လည်း အောင်တယ် ၊ ကိုယ်တို့လေးယောက်လုံး အောင်မှာ သိတယ် "

"ပြောလို့ရမလား မင်းတို့က အစိုးရစစ်ဖြေထားရတာ တော်ကြာ ကျလို့ ကုစားပြန်ဖြေနေရမယ် "

ချစ်ချင်လို့ ချစ်တာ ( Complete)Where stories live. Discover now