လမင်း အိမ်ပေါ်မှ ဆင်းလာသည်ကို မြင်သော ခန့်စေမှာ ဆိုင်ကယ်အား ဒေါက်ထောက်ကာ ချစ်ရသူလေးအား လက်နှစ်ဖက် ဆန့်တန်းကာ ကြိုဆိုပြန်တော့  မျက်မှောင်လေးကြုံ့ကာ အနားရောက်လာ၏။ 

" မောင်!.. လမ်းပေါ်ကြီးမှာ "

"လာပါကွာ မောင် ခဏပဲ ဖတ်မှာ လွမ်းလို့ "

"ဟွန့် ! "

နှုတ်ကသာ ငြင်းဆိုဟန် ပြုနေတာ ကိုယ်လုံးလေးက ရင်ခွင်ကျယ်ကြီးထဲ တိုးဝင်ပြီးသွားပြီ ဖြစ်၏။

ခန့်စေမှာ သန့်စင်ထွန်း မနက်စောစောစီးစီး ဖုန်းလှမ်းဆက်ကာ
၅မိနစ်အတွင်း ဆိုလို့ ကမန်းကတမ်းသာ မျက်နှာသစ်လာခဲ့ပြီး မျက်နှာတောင် ရေစင်အောင် မသုတ်လာခဲ့ပါ။ ခေါင်းဖြီးခဲ့ဖို့ဆိုတာ သတိ တောင်မရ။ ရင်ခွင်ထဲက ချစ်ရသူဆီမှ သနပ်ခါးနံ့လေးက သင်းသင်းလေး ရနေသည်မို့ သနပ်ခါး ပါးပါးလေး လူးထားသော ပါးပြင်လေးအား အသာ နမ်းကာ မျက်နှာလေးအား ကြည့်မိတော့
ခန့်စေကို ကြည့်ကာ ပြုံးစိစိလေး ဖြစ်နေတဲ့ လမင်း။

" မောင့်ကို ဘာလို့ အဲ့လို ကြည့်နေတာလဲ"

"မောင် မျက်နှာကို သေချာလည်း မသစ်ခဲ့ဘူး မေးစေ့မှာ သွားတိုက်ဆေး အမြုပ်တွေလား မသိဘူး "

" အာ...အဲ့တာက မောင့်ကို သန့်ကြီးက ၅မိနစ်အတွင်း ဆိုလို့ပါ
  ဆောရီး "

"ရပါတယ်  နည်းနည်းငုံ့လိုက် လမင်း သုတ်ပေးမယ် "

" မရွံဘူးလား လမင်းရဲ့ "

"ဟင့်အင်း "

မေးစေ့က အမြုပ်တွေကို သေချာသုတ်ပေးနေတဲ့ လမင်းလက်ကလေးအား အသာအယာ ဆွဲယူကာ မျက်ဝန်းဝိုင်းဝိုင်းလေးတွေအား မြတ်နိုးစွာ ကြည့်မိတော့ အကြည့်ချင်း ဆုံလာတဲ့ မျက်ဝန်းဝိုင်းဝိုင်းလေး။
တစ်ဦးကို တစ်ဦး ကြည်နူးမှု အပြည့်ဖြင့် အကြည်စိုက်နေကြတုန်း
နားထဲ ကိုးလို့ကန့်လန့် ဝင်လာတဲ့ အသံစူးစူး။

" အိုက်လမင်းသာ! မင်းတို့က ဒီနေ့ အောင်စာရင်း ကြည့်အုန်းမှာလား ရပ်နေမှာလား "

" ဟိုကောင် ဂျပု ! နားငြီးတယ် သန့်ကြီး မင်းဟာကို ခေါ်ပြီး သွားနှင့်လိုက် "

ချစ်ချင်လို့ ချစ်တာ ( Complete)Où les histoires vivent. Découvrez maintenant