"သားရဲ့အခန်းကဘယ်မှာလဲ……"

ခပ်ပြတ်ပြတ်အမေးဆိုပေမယ့်မှိုင်းညှို့သူ့ကိုပြန်ဖြေဖို့မရဲပါ။ တသ်ချိန်လုံးကိုယ့်ဘက်ကမှားခဲ့တဲ့သူမို့ဘယ်လောက်ပဲစကားတွေပြောဖို့ရည်ရွယ်ထားပါစေ ၊ သူ့ရှေ့ရောက်သည်နှင့်ကြောက်ရွံ့အားနာစိတ်ကသာများနေမိသည်။

"ခင်ဗျားနားကန်းနေလား……"

ထပ်မေးလာတဲ့လေသံမာမာကြောင့်မှိုင်းညှို့အလန့်တကြားနှင့်သားရဲ့အခန်းကိုလက်ညှိုးထိုးပြမိတော့သူကသားအခန်းဘက်ကိုထွက်သွားပြန်တယ်။

အခန်းတံခါးကိုဖွင့်ဝင်ပြီးအိပ်ပျော်နေတဲ့သားရဲ့ဘေးမှာဝင်ထိုင်ကာနှဖူးလေးကိုလက်ဖမိုးဖြင့်စမ်းသပ်နေပုံကတကယ့်နူးနူးညံ့ညံ့လေးပါပင်။ တစ်ချိန်ကမှိုင်းညှို့ကိုလည်းအဲ့ဒီ့လိုဂရုစိုက်ပေးခဲ့ဖူးတယ်……။

"သားအတွက်ဆေးဝယ်လာတယ်……အဲ့ဒါတိုက်ထားလိုက်…အခုကလေးအိပ်နေတာဆိုတော့မနှိုးချင်လို့ နောက်မှကျုပ်ပြန်လာကြည့်ပေးမယ်……"

ပြောချင်ရာပြောပြီးသူ့လက်ထဲကဆေးထုပ်ကိုစားပွဲပေါ်ပစ်တင်ကာထွက်သွားပြန်တဲ့သူကြောင့်မှိုင်းညှို့မှာလိုက်ရပြန်ပါသည်။ ဒါတောင်သူကခြေလှမ်းကျဲကြီးတွေနဲ့အမြန်လျှောက်နေသေးတာ။

"မြတ်သဝဏ်……"

မှိုင်းညှို့ခေါ်လိုက်တော့ရပ်တန့်သွားတဲ့ခြေလှမ်းတစ်စုံ။ ခပ်မတ်မတ်ဖြစ်သွားတဲ့ခန္ဓာကိုယ်လေးကငြိမ်သက်ကာမှိုင်းညှို့ဘက်ကိုလည်းလာကြည့်လာခြင်းမရှိ။

"ငါသိပြီးပြီ……မင်းက…မြတ်သဝဏ်ဆိုတာ……"

အံ့သြသွားလောက်မယ်လို့ထင်ခဲ့တဲ့စကားကိုပြောလိုက်မိပေမယ့်တစ်ဖက်ကတုံ့ပြန်မှုကငြိမ်သက်လွန်းနေတာကြောင့်မှိုင်းညှို့သိပ်ဘဝင်မကျတော့။ တကယ်ဆိုသူ့ဘက်ကငြင်းသည်ဖြစ်စေ ၊ ဝန်ခံသည်ဖြစ်စေတစ်ခုခုတော့ရှိရမှာမဟုတ်လား။
အခုလိုမလှုပ်မယှက်ရပ်နေပြီးကျောခိုင်းထားတာကဘာသဘောလဲ……။

"ဘာဖြစ်လို့လိမ်တာလဲ……မြတ်သဝဏ်ကိုမသိဘူးလို့ဆိုပြီး……"

Second life ( အချို့သောချစ်ခြင်းတို့သည် )Onde histórias criam vida. Descubra agora