121. ချင်ဝေ့ဥယျာဉ်တွင် အဒေါ်ဖန်၏ ကလေးဆုံးရှုံးခြင်း

Start from the beginning
                                    

"အကိုပြောတာကြားတော့ အလုပ်ဖြစ်မယ်ထင်တယ်။ အဖွားက အိပ်နေရင်း အမြဲ ခေါင်းကိုက်တယ်။ မင်းပြောတဲ့အတိုင်း အဆင်ပြေရင် တို့ဝမ်းကွဲလုဆီ ထပ်တောင်းပြီး အဖွားကို သုံးခွင့်ပေးရမယ်"  မို့ရွှီတုန်းက ပြုံးပြီး ပြန်ဖြေတယ်။ 

"တတိယညီမက နေ့တိုင်း အမွှေးတိုင်တွေ သုံးနေပြီး အခု ဆေးဆရာ တစ်ဝက်လောက် ဖြစ်နေတာ။ ပြီးတော့ ညီမက ဆေးနဲ့ ပတ်သက်တဲ့ စာအုပ်တချို့လည်း ဖတ်ဖူးတယ်လို့ တို့ကြားတယ်။ ညီမက ဆေးဆရာလုပ်ဖို့ စီစဉ်နေတာလား။"  မို့ရွှမ်မင်က ညင်သာစွာ ပြုံးပြသည်။ 

"တတိယညီမက ဆေးပညာကို တကယ်ကျွမ်းကျင်ရင် အဖွားရဲ့ မသက်မသာမှုကို ကုသပေးနိုင်ပါတယ်။ ကျုပ်လည်း ဆေးပညာကို တတ်မြောက်ဖို့ ကူညီပေးနိုင်ဖို့ ညီမလေးအတွက် မနက်ဖြန်မှာ ဆေးစာအုပ်တွေ ရှာပေးပါ့မယ်။" 

မိုယုဖန်က စိတ်ဝင်တစားနဲ့ ပြောလိုက်ပါတယ်။  သူ့အသံက ကျယ်လောင်လွန်းသဖြင့် အားလုံးက သူမကို လှည့်ကြည့်လိုက်ကြသည်။  ချမ်းသာသော မိသားစုမှသခင်မလေး တစ်ဦးသည် ဘယ်သူမှ မလေ့လာခဲ့တဲ့ ဆေးပညာကို လေ့လာခဲ့သည်။ ဒါဟာ လေးနက်တဲ့ အဓိပ္ပါယ်တွေ ရှိရမည် ။

"ပထမ မောင်လေး ၊ မင်းအဲလိုလုပ်ဖို့ နောက်ကျသွားပြီ။ တတိယညီမမှာ ဆေးစာအုပ်တွေ အစုံရှိတယ်။ ဟိုတုန်းက မိုယုဆီက တတိယညီမမှာ ဆေးဆရာကောင်းတစ်ယောက်ရှိတယ်လို့ တို့ကြားတယ်။ သူမ ဖတ်ဖူးတဲ့ ဆေးစာအုပ်တွေအားလုံးကို အခန်းတွေနောက်မှာ စုထားတယ်တဲ့ ။ သူတို့တွေက အများကြီးပဲဆို ။ တို့ကြားတာ မှန်တယ်မဟုတ်လား" 

မို့ရွှမ်မင်သည် သူ့မောင်လေးအား ပြက်ရယ်ပြုရန် လက်ကိုင်ပုဝါကို ကိုင်ထားသည်။  ဆိုလိုတာက မို့ရွှီတုန်းက ဆေးပညာကို တကယ်သိတယ်။  မို့ရွှီတုန်းသည် ဆေးဘက်ဆိုင်ရာကျွမ်းကျင်မှုကို သင်ယူနေတယ် ၊ ဒါမှမဟုတ် အခြားအစီအစဉ်များရှိနေကြောင်း လူတိုင်းကို အသိပေးလိုကြသည်။ 

မို့ရွီတုန်းသည် ဒုတိယ ခန့်မှန်းချက်တွင် ဖြစ်နိုင်ခြေ ပိုများသည်ဟု ထင်ခဲ့သည်။  ဒါပေမယ့် ဒါက ခန့်မှန်းချက် သက်သက်ပါ။ 

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now