" မင်းကလည်း ..."

" ကဲ ရှက်နေရင် မောင် မျက်လုံးမှိတ်ပေးထားမယ် "

" မင်း ငါ့ကို ဘာလို့ ချစ်တာလည်း "

"ဟင်!..."

မျက်လုံးမှိတ်ကာ ဖြေလာမယ့် အဖြေကိုစောင့်စားနားစွင့်နေမိပေမယ့်  ကြားလိုက်ရတာက ဖွင့်ပြောစဉ်က မေးခဲ့သော မေးခွန်းလေးသာ ။

" ချစ်ချင်လို့ချစ်တာ ၊ မင်းမို့လို့ချစ်တာ ၊ မောင့်နှလုံးသားထဲမှာ
    မင်းပဲရှိတာ"

" ငါကမယုံဘူး ဆိုရင်ရော "

" မောင့်ရဲ့ ဘယ်လိုအပြုအမူတွေက လမင်းစိတ်ထဲကို မယုံကြည်ခြင်းတွေပဲ ဝင်ရောက်နေစေလို့လဲ "

" အဲ့လိုလည်း မဟုတ်ပါဘူး ငါ~~ငါက အားနည်းချက်နဲ့လူ၊ ပြီးတော့ ယောကျာ်းလေး ဖြစ်နေလို့  "

"မောင် ပြောပြီးပြီလေ လမင်းမို့လို့မောင် ချစ်တာ၊ လမင်းက အားနည်းချက်လို့ သတ်မှတ်ထားတဲ့အရာ မှန်သမျှ  မောင့်အတွက် အဖိုးမဖြတ်နိုင်တဲ့ ဆုလာဘ်လို့ပဲ မောင်သတ်မှတ်တယ်။
မောင့်အနက်ရှိုင်းဆုံးနေရာက ဖြစ်တည်လာတဲ့ ချစ်ခြင်းကို
ကျား/မ ဆိုပြီး ခွဲခြားပြတဲ့ ခေါင်းစဉ်အောက်မှာ မောင် ထည့်သွင်းထားတာမဟုတ်တာမို့  လမင်းကိုချစ်တဲ့ မောင့်ချစ်ခြင်းအကြောင်းပြချက်အောက်မှာရော၊ အပေါ်မှာပါ
ဘယ်လိုစကားလုံးခွဲမှ မရှိဘူး။ မောင် မင်းမို့လို့ချစ်တာ၊ မင်းကိုပဲ မောင်ချစ်တာ ၊ မောင် လမင်းကို စချစ်ကတည်းက လမင်းရဲ့ ဝမ်းသာခြင်း၊ဝမ်းနည်းခြင်း၊ ဘယ်လိုအရာပဲ ဖြစ်လာလာ မောင်ကာကွယ်ပေးချင်တာ၊ လမင်း ပျော်လို့ပဲဖြစ်ဖြစ် ဝမ်းနည်းလို့ပဲဖြစ်ဖြစ် ပုခုံးပေါ်မျက်နှာအပ်ငိုတဲ့အခါ၊ ရင်ခွင်ထဲ တိုးဝင်ငိုတဲ့အခါ အဲ့ပုခုံးပိုင်ရှင်နဲ့ ရင်ခွင်ပိုင်ရှင်ဟာ မောင်ပဲဖြစ်ချင်တယ် ၊မောင်မင်းကို ပြောမပြတတ်အောင် ချစ်တာ  "

"ဟင့်~~~~"

ခန့်စေ အရှေ့က အသေးလေး မျက်နှာအား တစိမ့်စိမ့်ကြည်ကာ
စကားကို ဖြည်းဖြည်းမှန်မှန်နဲ့ ပြောပြနေတုန်း နှုတ်ခမ်းလေးမဲ့ကာ
မျက်ရည်ကြည်တွေ ဝေ့ဝဲလာတာကို မြင်ရတော့  စကားအဆုံးကို အပြုံးတို့ဖြင့် အဆုံးသတ်ကာ လက်နှစ်ဖက်ကို ဆန့်လို့ ရင်ခွင်ထဲ ဝင်လာရန် ခေါ်ပြန်တော့ ငိုချင်နေတဲ့ကလေးကို ငိုချင်ရဲ့လက်တို့
ဖြေစေသွားသလား။  မျက်ရည်လေးတွေဟာ ပါးပြင်ပေါ်အလုအယက်နှင့် ပြေးဆင်းသွားကြပြီး၊ မျက်နှာလေးက ခန့်စေ ရင်ဘတ်ထံ အပ်နှင်းလာကာ ခါးကို တင်းကြပ်စွာ ဖက်လာတဲ့
ခန့်စေ၏ ချစ်ရသူလေး။

ချစ်ချင်လို့ ချစ်တာ ( Complete)Where stories live. Discover now