အပိုင်း (၁)

Start from the beginning
                                    

တကယ်တော့ သူ့အသက်ဟာ ၃၁ နှစ်ဖြစ်ပြီး ဒီနှစ်က အသက် ၃၁ နှစ်ပြည့်မွေးနေ့ဖြစ်တယ် ။ ဒါပေမဲ့ သူများတွေလို ပျော်ပွဲရွှင်ပွဲတွေမပြုလုပ်ပဲ တစ်ယောက်ထည်းဖြတ်သန်းရမဲ့ သာမန်နေ့တွေထက်မပိုဘူး ။ ကံကောင်း၍ အားလပ်ရက်နဲ့တိုက်ဆိုင်နေတာကြောင့် အလှူလုပ်ကာ ကုသိုလ်ယူရင်း မရောက်ဖြစ်တာကြာပြီဖြစ်တဲ့နေရာသို့ သွားရန်ပြင်နေခြင်းဖြစ်တယ် ။ ထိုနေရာကတော့ မြတ်ရှားငယ်စဉ်က နေထိုင်ခဲ့တဲ့ ရှမ်းပြည်တောင်ပိုင်းမှာရှိတဲ့ မိဘမဲ့ဂေဟာလေးထံ ...

ဆောင်းတွင်းကာလမို့ မြူနှင်းတွေက မန္တလေးမြို့ကြီးရဲ့ အလှတရားတွေကိုဖုံးအုပ်ထားတယ် ။ ကျုံးကြီးရဲ့နဘေးကနေဖြတ်လာချိန်မှာ ရေခိုးရေငွှေ့တွေကြောင့် ပတ်ဝန်းကျင်က ပိုပြီးမှုန်ဝါးလာကာ အအေးပိုလာတယ် ။ ​ဆောင်းတွင်းကာလမှာမွေးဖွားလာခဲ့တဲ့မြတ်ရှားကတော့ အအေးဒါဏ်မခံနိုင်တဲ့အပြင် အေးလာလျှင်ခန္ဓာကိုယ်တစ်ကိုယ်လုံး ကိုက်ခဲနာကျင်ပြီး ချမ်းတုန်ကာအဖျားတတ်သည့်အကျင့်ရှိ၍ ဆေးကြိုသောက်ထားရတယ် ။ ခန္ဓာကိုယ်တစ်ခုလုံးကိုလဲ နွေးထွေးအောင် အနွေးထည်ထူထူဝတ်ဆင်ထားရသေးတယ် ။ မန္တလေးကနေ မနက်အစောပိုင်းကတည်းက ထွက်လာခဲ့၍ ဂေဟာသို့ နေ့လည်စာစားပြီးချိန်မှာ ရောက်ရှိခဲ့လေတယ် ။

ကျောင်းလေးကတော့ အရင်လိုပဲ မပြောင်းမလဲသေးဘူး ။ သစ်တောငယ်လေးကိုခြံဝန်းခပ်ထားပြီး အလယ်မှာအစီအရီဆောက်ထားတဲ့အဖြူရောင်ကျောင်းဆောင်လေးတွေက ဟိုးအရင်ကအတိုင်းပဲ ။ ကျောင်းရှေ့မှာဘောလုံးကွင်းပြင်ကြီးလဲရှိနေသေးတယ် ။ ပြောင်းလဲသွားတာဆိုလို့ သစ်ပင်တွေကပိုကြီးလာပြီး ကျောင်းလေးကအနည်းငယ်ဟောင်းနွမ်းသွားတာလေးပါပဲ ။ သူဒီနေရာကိုမရောက်ဖြစ်တာ ၁၀ နှစ်တောင်ရှိခဲ့ပြီ ။

ကျောင်းရဲ့အရှေ့မှာဆော့ကစားနေတဲ့ ကလေးငယ်လေးတွေရဲ့ဆူညံအော်ဟစ်သံတွေက ကျောင်းဝိုင်းတွင်း စဝင်လာကတည်းက မြတ်ရှားရဲ့အကြာအာရုံထဲကိုဝင်ရောက်လာပြီး နှုတ်ခမ်းတွေက အထပ်သို့ကွေးညွှတ်ကာပြုံးမိစေတယ် ။ ဒီလိုကြည်နူးတဲ့ခံစားမှုမျိုးမရရှိခဲ့တာ ဘယ်လောက်တောင်ကြာနေပြီလဲ သူမမှတ်မိတော့ဘူး ။

အကိုလေးရဲ့ ဖန်အိမ်စောင့်Where stories live. Discover now