အပိုင်း - ( 3 ) Zawgyi

Start from the beginning
                                    

    ဒီလိုမှသာအကယ်၍ ဒီငါးထဲမှာ ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေနိုင်မည့်အရာတွေပါနေမယ်ဆိုလျှင်တောင်သူ့ရေစွမ်းအင်နှင့် အချိန်မီသန့်စင်နိုင်ပေမည်။သိပ်မကြာခင်တွင် သူ့ကိုယ်ထဲ၌ ဆံချည်မျှင်ထက်တောင်သေးသော အနက်ရောင် အမျှင်လေးတစ်ခုကို တွေ့လိုက်ရသည်။ဒီအနက်ရောင်စွမ်းရည်က သေချာပေါက်ကို ခန္ဓာကိုယ်အတွက် အန္တရာယ်ရှိနေ၏ !

     အနက်ရောင်အမျှင်က ကိုယ်ထဲတွင် သွေးနှင့်အတူစီးဆင်းနေပြီး မျက်စိတစ်မှိတ်အတွင်းမှာ နှလုံးအတွင်းပိုင်း၌ ကပ်တွယ်သွားတော့သည်။

    အန်းကျင်းလန့်သွားပြီး ဝိဉာဉ်စွမ်းအင်ကို အမြန်စုစည်းကာ ရေစီးကြောင်းသေးသေးလေးတစ်ခု ဖန်တီးလိုက်၏။သူက ထိုအနက်ရောင်အမျှင်ကို သန့်စင်မလို့လုပ်နေတုန်း နှလုံးအိမ်အတွင်းနံရံထဲတွင် ပင်လယ်ပြာရောင် အလင်းလေးတစ်ခုပေါ်လာတာကို တွေ့လိုက်ရသည်။

    ရုတ်တရတ် ထိုအလင်းလေးက လွင့်စင်ပျောက်ကွယ်သွားတာအနက်ရောင်အမျှင်ပါ ပျောက်သွားတော့၏။

    အန်းကျင်းတောင့်ခဲသွားကာ သေချာပြန်စစ်ကြည့်လိုက်ပြီး  သူ့ကိုယ်ထဲတွင် အန္တရာယ်ဖြစ်စေတာမျိုး ဘာမှမရှိတော့ဘူးဆိုတာ သိလိုက်ရသည်။သူက ဝိဉာဉ်စွမ်းအင်ကို ပြန်ရုတ်သိမ်းကာ သူ့စွမ်းအင်ပင်လယ်ကို စစ်ဆေးကြည့်လိုက်၏။

     ရေစွမ်းအင်ပိုင်ရှင်တွေရဲ့ စွမ်းအင်ပင်လယ်ဟာ ရေလိုပြာလဲ့နေသော ဝိဉာဉ်စွမ်းအင်ပိုးမျှင်လေးတွေ ပါတတ်သည်။အကယ်၍ စွမ်းအင်သာပြည့်နေမယ်ဆိုလျှင် စွမ်းအင်ပိုးမျှင်လေးတွေက လင်းလက်ကာ အလွန်လှပပေ၏။အန်းကျင်းက သူ့စွမ်းအင်ပင်လယ်ထဲမှ ပိုးမျှင်အချို့ဟာ ရောင်စိုပြေခြင်းမရှိတော့ပဲ မှိန်ဖျော့သွားတာကို တွေ့လိုက်ရတော့ အံ့အားသင့်သွားသည်။

     သူခုနက မသုံးလိုက်ရသည့် ရေစွမ်းအင်စီးကြောင်းရဲ့ စွမ်းအင်တွေကအပြည့်အဝ ပြန်လည်ဖြည့်တင်းသွားတာကြောင့် ဘာစွမ်းအင်မှကို မသုံးဖြစ်လိုက်သလိုပင်။

   အခုလေးတင် သူ့ခန္ဓာကိုယ်ကို သူ စစ်ဆေးကြည့်ဖို့ ဝိဉာဉ်စွမ်းအင်ကို သုံးခဲ့ပြီး သုံးလိုက်တာကလည်း နည်းနည်းလေးမို့ သူ့စွမ်းအင်ပင်လယ်က ခုလိုဖြစ်မနေသင့်ပေ။သူ့ခုဏတုန်းကတွေ့လိုက်ရသည့် သူ့စွမ်းအင်ပိုးမျှင်နှင့် တစ်ထပ်တည်းတူသော အလင်းလေးကို သတိရလိုက်၏။

ရေသူထီးလေးဖြစ်လာပြီးနောက်ပြုစုပျိုးထောင်ခံရတယ်(ဘာသာပြန်)Where stories live. Discover now