မောင့်အပိုင်သက်ထား part 13

1.7K 31 8
                                    

"ထမင်းကျွေးမယ် အမ်.....ဟင်းကို ပုဇွန်ဆီပြန်လုပ်ရင်ကောင်းမလား ဒါမှမဟုတ် အမဲသားနှပ်လေးကော သက်ထား?"

"မောင်ရယ်....တခြားတစ်ခုစဉ်းစားပါအုန်း"

"ဘာလို့တုန်းသက်ထားရဲ့ ပုဇွန်ကော အမဲသားကောက သက်ထားအကြိုက်လေ"

"ဟုတ်ပေမဲ့ အကုန်ကျအရမ်းများသွားမှာစိုးတယ်မောင်ရဲ့"

"ဟားဟားဟား....မောင့်ဇနီးသေးသေးလေးက ဘာတွေငြီးနေတာတုန်း...မင်းလင်ရှာတာ အကုန်မင်းလေးအတွက်ပဲလေချစ်ဆုံးရဲ့ ကိုယ်ရှာတာတွေကို ရေလိုသုံးမလား လေလိုသုံးမလား ဟောဒီက ကိုယ့်အသဲအသက်လေးသဘော....အာ့တော့ဒီပုဇွန်နဲ့ အမဲသားဆိုတာ မောင့်အတွက်စာဖွဲ့ပါဘူးအချစ်ရယ်...."

စကားတတ်လွန်းတဲ့မောင့်ကြောင့်သက်ထားပြုံးလိုက်မိသည်။

"အဟင်း....ဟုတ်ပါတယ်သူဌေးမင်းရှင့်....
ရှင်ပိုက်ဆံပေါတာ လူတိုင်းသိပါတယ်နော် အာ့သလောက်ကြွားမနေနဲ့ ဟွန့်"

သက်ထားရဲ့အသည်းယားစရာ အပြုမူကြောင့် မနေနိုင်ဖြစ်ကာ ရုတ်တရက်သက်ထားမျက်နှာနားကို ခေါင်းကြီးဝေ့လာတဲ့ ရာဇာဘနိုင်။

"အို....ဘာထဖြစ်တာတုန်း ဖယ်ပါ အတင်းပဲသူ့နှာခေါင်းကြီးက"

ပြောလိုက်လို့ ခေါင်းအနောက်ဆုတ်သွားကာ ဆူပုတ်ပုတ်လေးဖြစ်သွားတဲ့ ရာဇာဘနိုင်ပုံက သက်ထားမျက်လုံးထဲ ချစ်စရာတစ်မျိုး။

"သက်ထားနော်...ကိုယ့်လင်နမ်းတာကိုဘာဖြစ်တာတုန်း"

"မောင်က ရုတ်တရက်ကြီးလာနမ်းတာကို ပြီးတော့ ကြီးကြီးသက်တွေ့သွားအုန်းမယ်"

ဟုတ်သည်။မင်္ဂလာပွဲအတွက်မြို့ရှိသက်ထားအမေဆီကိုသွားနေတာပင်။ သမီးရှင်က ကိုယ့်လက်ထဲမှာဆိုပေမဲ့ ထုံးတမ်းအစဉ်လာအရ​ကော သက်ထားအပေါ်သူတန်ဖိုးထားတာကောကြောင့် အုန်းပွဲငှက်ပျောပွဲနှင့် တောင်းရန်မိခင်ဖြစ်သူ ဒေါ်ဒေါ်သက်ကိုပါခေါ်လာ၍ လာရောက်တောင်းခြင်းဖြစ်သည်။

"ရော်....ဟိုမှာကြည့် အမေကအိပ်တောင်ပျော်နေပြီ ကိုယ့်အမေက ကားတစ်ခါစီးရင် တရေးပဲ ဘာမှအာရုံစိုက်မနေနဲ့ ကိုယ့်ကိုပဲအာရုံစိုက်ပေး.."

မောင့်အပိုင်သက်ထားМесто, где живут истории. Откройте их для себя