မောင့်အပိုင်သက်ထား part 3

967 46 2
                                    

သူကြီးအိမ်ကို ညစာထမင်းချိုင့်သွားပို့ရမည်ဖြစ်သည့်အတွက် နေမ၀င်ခင် အမှီသွားဖို့ပြင်လိုက်သည်။နေဝင်လျှင် သွားရေးလာရေးက မလွယ်တာအမှန်ပင်။ဘာကြောင့်ဆို သူကြီးအိမ်နှင့်သူ့အိမ်သွားသည့်လမ်းတွင် ညောင်ပင်ကြီးတစ်ပင်ကို ဖြတ်သွားရသည်။ထိုညောင်ပင်သည် အရင်ထဲကသရဲရှိသည်ဟု နာမည်ကြီးသည်။အခြောက်အလန့်လဲ သေးထွက်အောင်ပင်ကြမ်းသည်။ ထို့ကြောင့်အေးသွင် ထိုအခြောက်ကြမ်းသည့်သရဲနှင့်မဆုံချင်၍ နေမ၀င်ခင်အမှီသူကြီးအိမ်ရောက်ဖို့အရေး ဒို့အရေးဖြစ်နေသည်။

"သက်ထားရေ သက်ထား ငါအပြင်ခနသွားအုန်းမယ်သိလား ခြံတံခါးပိတ်ခဲ့တယ်"

"အော်....ဟုတ်ပြီသွင် ဂရုစိုက်သွားနော်"
ဘယ်သွားမလို့လဲလို့မေးချင်ပင်မဲ့ အပြင်သွားဖို့လောနေသည့်ပုံ ပေါ်နေသောကြောင့် ပြန်ရောက်မှမေးမည်ဟုဆုံးဖြတ်လိုက်ပြီးစာပြန်ဖတ်နေလိုက်သည်။ခနနေတော့ခြံတံခါးဖွင့်သံကြားတာကြောင့်သူငယ်ချင်းမအေးသွင်ပြန်လာမှန်းသိလိုက်ရသည်။

“ပြန်လာပြီ သက်ထားရေ လာငါတို့လဲထမင်းစားကြမယ်”

“အေ လာပြီ ဒါနဲ့စောနကဘယ်သွားတာတုန်း အရေးကြီးသုတ်ပြာနဲ့”

“အော် ဒါလား ထမင်းချိုင့်သွားပို့တာလေငါတို့ရွာသူကြီးအိမ်ကို”

“အော် သူတို့ကသူတို့ဘာသာချက်မစားဘူးလား”

“အေ ဟုတ်တယ် ငါ့ကိုထမင်းဟင်းချက်ဖို့လခပေးငှားထားတာလေ အဲ့တော့ ငါကချက်ပြီးသွားသွားပို့ပေးရတာ”

“အော်”

ထို့နောက်ရှေးဟောင်းနောက်ပစ်များပြောရင်းထမင်းစားသောက်ပြီး သူငယ်ချင်းနှစ်ယောက်အိပ်ယာဝင်လိုက်ကြသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"အော်.....ဒီကလေးနဲ့တော့ ဘယ်တွေသွားနေပြန်ပြီလဲမသိဘူး ငါနှယ့်တစ်ယောက်ထဲမွေးထားလို့ပဲလိုက်ထိန်းလိုက်စိတ်ပူရတာမောလိုက်တာ မြန်မြန်မိန်းမရမှအေးမယ်" ဒေါ်သက်တစ်ယောက် သားဖြစ်သူရာဇာဘနိုင် ညအိမ်ပြန်မအိပ်၍ စိတ်ပူကာ တစ်တွတ်တွတ်ရွတ်နေခြင်းဖြစ်သည်။

မောင့်အပိုင်သက်ထားWhere stories live. Discover now