မောင့်အပိုင်သက်ထား part 11

880 18 0
                                    

ရွာပြန်လမ်းသွားတဲ့ကားလေးပေါ် ချစ်သူလေးပခုံးကိုလက်နဲ့ဖက်ပြီး ကားလေးတငြိမ့်ငြိမ့်နဲ့ အရာရာဟာကဗျာဆန်နေသလား...။

သက်ထားကိုငြုံ့ကြည့်လိုက်တော့ အိပ်ပျော်နေပြီ..

"အဟင်း.....ကလေးလေးကျနေတာပဲ"

နဖူးပေါ်ထဲကျနေတဲ့ ဆံနွယ်မျှင်လေးတွေကိုသပ်တင်ရင်း အသာလေးနမ်းလိုက်သည်။

ရုတ်တရက် ဆောင့်ရပ်သွားတဲ့ကားကြောင့် ရာဇာဘနိုင် ကားဆရာကိုမေးလိုက်သည်။

"ဟေ့လူ ဘာဖြစ်တာလဲကားက"

"ကျုပ်လဲမသိဘူး ရပ်သွားတာထင်တယ်"

"ဟ ရပ်သွားမှန်းတော့သိတာပေါ့ ဘာလို့ရပ်တာလဲမေးတာ"

"မသိဘူးဗျ ခနကျုပ်ဆင်းကြည့်လိုက်မယ်"

စကားသံတွေကြောင့် သက်ထား မျက်လုံးလေးပွတ်၍ နိုးလာခဲ့သည်။

"နိုးပြီလား မောင့်အိပ်ပုတ်လေး"

"အွန်း.....ကားကဘာဖြစ်တာလဲဟင်"

ရပ်နေတဲ့ကားကြောင့်သက်ထားဟိုကြည့်ဒီကြည့်နဲ့မေ့လိုက်သည်။

"မသိသေးဘူးသက်ထားရဲ့ ကားဆရာတော့ ဆင်းကြည့်နေတယ်"

"အော်.."

ခနနေတော့ ကားဆရာက ကားပေါ်ပြန်တက်လာပြီး

"ကိုယ့်လူတို့ရေ ကားကတော့ပျက်သွားပြီ"

"ရှင် ဒါဆိုဆက်မောင်းလို့မရတော့ဘူးလား" သက်ထား အလန့်တကြားလေးမေးလိုက်သည်။ မလန့်လို့လဲမရဘူးမဟုတ်လား မှောင်ကလဲမှောင်နေပြီ ရွာရောက်ဖို့လဲ လိုသေးသည်လေ။

"ဟုတ်တယ် ကျုပ်လဲစိတ်မကောင်းပါဘူး ဒီနေရာရောက်မှပျက်ရတယ်လို့ အကူညီတောင်းစရာလူကလဲပျက်"

"ဟင်း....... ထားပါတော့ဖြစ်ပြီးပြီပဲ"
ရာဇာဘနိုင်သက်ပြင်းချပြီး ပြောလိုက်ရင်း

"ခနစောင့်ကြည့်ကြတာပေါ့ အကူညီတောင်းစရာကားလာရင် အကူညီတောင်းပြီး ရွာပြန်ကြမယ်" ဟုသက်ထားဘက်လှည့်ကာ ဘနိုင်ပြောလိုက်သည်။

"ဟုတ် အာ့လိုပဲလုပ်ကြတာပေါ့မောင်"

"ဒါဆို ကျုပ်လဲဖြတ်သွားဖြတ်လာကားတွေ ကြည့်ပေးထားမယ်"

မောင့်အပိုင်သက်ထားDonde viven las historias. Descúbrelo ahora