Part~8

581 33 2
                                    

Unicode

မနက်စောစောနွေးထွေးတဲ့နေရောင်ကြောင့် မျက်လုံးတို့ကအသာအယာပွင့်လာပြီး မြင်ကွင်းတို့ကတဖြည်းဖြည်းကြည်လင်လာတော့ တွေ့လိုက်ရတာက သူနဲ့မျက်နှာချင်းဆိုင်အနေအထားနဲ့ စောင်ဖြူဖြူထဲလုံးထွေးကာ အိပ်ပျော်နေသေးတဲ့သူ့ရဲ့မင်းကြီး။ ဖရိုဖယဲဖြစ်နေတဲ့ဝတ်ရုံကြောင့် သူပေးထားတဲ့အမှတ်အသားတွေကပေါ်လွင်နေကာ ပါးစပ်ကအနည်းငယ်ပွင့်ဟနေတာကြောင့် အထဲကသွားလေးနှစ်ချောင်းကအထင်းသားပေါ်နေသည်။ လက်တစ်ဖက်ကလည်းသူ့ခါးကိုသိမ်းကြုံးကာဖက်ထားတာမို့ သူလည်းစောင်အလုံးလိုက်လေးအတိုင်းရင်ခွင်ထဲဆွဲယူကာ မြင်နေရတဲ့မျက်နှာချောချောကိုအနီးကပ်သေချာကြည့်နေမိသည်။ ဘယ်ဘုရင်ကဒီလိုချစ်စရာကောင်းနေလို့လဲ?

ထယ်ယောင်းရဲ့ရင်တွင်းစကားသံကို အမတ်တွေ၊အမှုထမ်းတွေကြားလို့ကတော့ ချက်ချင်းသွေးပင်အန်ကုန်ကြမလားမသိ။ ဟုတ်တယ်လေ...အာဏာစက်ကြီးကကြောက်စရာကောင်းသလောက် ရဲရင့်ပြတ်သားတဲ့နေရာမှာလည်းနှစ်ယောက်မရှိတဲ့သူတို့ရဲ့ဧကရာဇ်ကိုဒီလိုချစ်စရာကောင်းတယ်လို့ပြောဖို့ကမလွယ်။

"အွန်း..."

"ပြန်အိပ်ဦး...ညီလာခံအချိန်ရောက်ဖို့အဝေးကြီးလိုသေးတယ်"

လူးလွန့်ကာမျက်လုံးတို့အနည်းငယ်ဟပြီးကြည့်လာတဲ့သူ့ရဲ့ဘုရင်ကို အနည်းငယ်ပုတ်ပေးလိုက်ပြီး ပြန်အိပ်ဖို့အချိန်ရှိသေးကြောင်းပြောလိုက်တော့ စောင်ထဲပိုပြီးတိုးဝင်သွားကာ ပြန်အိပ်ပျော်သွားသည်။ အားရှ် ဒီဘုရင်နဲ့ကြာကြာနေရင်တော့ အသည်းယားပြီးသေမှာပဲ။ စတွေ့တွေ့ချင်းသူနဲ့တိုက်ခိုက်ခဲ့တဲ့သူလို့တောင်မယုံချင်။

အိပ်ယာနိုးလာတော့လူကလန်းဆန်းနေပေမယ့် ခုနကအထိဘေးမှာရှိနေတဲ့အနွေးဓာတ်ကပျောက်နေတာကြောင့် ထထိုင်ကြည့်လိုက်တော့ အပျိုတော်တွေအမှုထမ်းတွေ အထိန်းတော်ကြီးကအစ ရှိနေကာရေချိုးဆောင်ထဲမှာတစ်ချို့၊ သန့်ရှင်းရေးလုပ်နေတဲ့နန်းတွင်းအစေခံတစ်ချို့ကိုတွေ့လိုက်ရတာကြောင့် မျက်လုံးတို့ကချက်ချင်းအိပ်ချင်ပြေသွားကာ အတွေးထဲအရင်ဆုံးရောက်လာတာကကြင်ယာတော်။

Duo VictorisNơi câu chuyện tồn tại. Hãy khám phá bây giờ