Part~6

396 36 1
                                    

Unicode

"အား~..အားရှ်...ကိုယ့်ဆယ့်ကိုး...အင်း~...တစ်ရာ...ဟူး..."

မနက်အစောကြီး နေမထွက်ခင်ထတဲ့ဘုရင်ဂျွန်မှာ အိပ်ရင်တောင်သတိအပြည့်နဲ့အိပ်ရသူမို့ သူ့ဘေးနားက တအားအားနဲ့ ခပ်ကြိတ်ကြိတ်အသံတွေကြောင့်နိုးလာရသည်။
မြင်လိုက်ရတာက သူ့ကြင်ယာတော် မိုးမလင်းသေးခင် လေ့ကျင့်ခန်းလုပ်နေခြင်း။ ထထိုင်နေတဲ့သူ့ကိုမမြင်သေးပဲ နောက်တစ်မျိုးပြောင်းလုပ်နေပြန်သည်။

"ဘာလုပ်နေတာလဲ မနက်အစောကြီး"

"အား~လေ့ကျင့်ခန်းလုပ်နေတာလေ တစ်ရေးနိုးတော့မြင်လိုက်ရတာ ငါ့ဗိုက်ကြွက်သားတွေနည်းနည်းလျော့နေပြီ... မဖြစ်ဘူး...အား...ပြန်လုပ်မှရမယ်..ဆက်အိပ်လေ"

အပေါ်ပိုင်းဗလာနဲ့သူ့ကြင်ယာတော်က ချွေးတွေထွက်ကာ ဆံပင်တွေမှာလည်း ဟိုတစ်ချောင်းဒီတစ်ချောင်း မျက်လုံးပေါ်ဝဲကျနေသည်။ လေ့ကျင့်ခန်းလုပ်နေလို့ လှုပ်ရှားလိုက်တိုင်း ​ခြေထောက်မှာချည်ထားတဲ့ သံကြိုးကလည်းတချွင်ချွင်နဲ့...။ ဒါဟာဘုရင့်ကြင်ယာတော်တစ်ဦးအတွက် ပြစ်ဒဏ်ပေမယ့် သူ့ကြင်ယာတော်ကတော့ ဂရုပင်မထား...တစ်နေ့တစ်နေ့ သူ့ရဲ့သဝဏ်လွှာတွေ စာတမ်းတွေကိုဒီတိုင်းထားခဲ့ပြီး အကွယ်ကနေစောင့်ကြည့်ဖူးပေမယ့် ထိုစားပွဲကိုရှိတယ်တောင်မထင်၊ ကိုယ့်ကိုများလုပ်ကြံဖို့လားဆိုပြီး ညတွေမှာအိပ်ချင်ယောင်ဆောင်ပေမယ့် သူကချည်းတခူးခူးနဲ့အရင်အိပ်ပျော်သွားတာ...အဆိပ်ခတ်ရအောင်လည်း ဗိုက်ဆာရင်သူကချည်းတွေ့တာအကုန်စားချင်နေတာမို့ ကိုယ်တောင်တစ်ခါတစ်လေတားရသေးတယ်။

ဆက်အိပ်လေဆိုပြီး သူ့ဘာသာလေ့ကျင့်ခန်းဆက်လုပ်နေတာမလို့ ပြန်အိပ်ဖို့ပြင်ပေမယ့် မျက်စိကြောင်သွားပြီးအိပ်မရတော့။ ဘေးတစ်စောင်းအနေအထားနဲ့ တံတောင်ထောက်ထားကာ ခေါင်းကိုထိန်းထားရင်း သူ့ကြင်ယာတော်လုပ်နေတာတွေကိုပဲ အတော်ကြာကြည့်နေမိတော့သည်။ နေ့တစ်နေ့ရဲ့အစ နွေးထွေးတဲ့နေရောင်ခြည်က ဘုရင့်နန်းဆောင်ကို အလင်းရောင်လုံလောက်ဖို့စီမံထားတဲ့ စက္ကူနံရံပါးလေးတွေကတစ်ဆင့် ဖြာကျလာသည်။
ဒိုက်ထိုးနေတဲ့သူ့ကြင်ယာတော်ရဲ့ ရွှေရောင်သမ်းကာ လေ့ကျင့်ခန်းလုပ်ထားလို့ချွေးစို့နေတဲ့ကျောပြင်ကျယ်ပေါ်ကိုပါ တစ်ခါတည်းကျရောက်လာတာမို့ ထိုသူကကြင်ယာတော်ပင်ဖြစ်သည့်အားလျော်စွာ နေရောင်အောက်မှာခံ့ညားတင့်တယ်နေပြန်သည်။ တစ်ဆက်တည်းပုရောဟိတ်ကြီးပြောလိုက်တာတွေကိုလည်း ပြန်သတိရမိသည်။ အလိုက်ဖက်ဆုံးနဲ့အရှိန်အဝါအကြီးဆုံးတဲ့လား...တကယ်ပဲမင်းကငါ့အတွက်အဲ့လိုကြင်ယာတော်လား။

Duo VictorisWhere stories live. Discover now