Part~4

417 42 0
                                    

Unicode

နန်းတွင်းသူတစ်ဦးဖြစ်သူ ယူနာ...ငယ်စဥ်ကတည်းကနန်းတွင်းထဲမှာကျင်လည်ခဲ့ရတဲ့သူမက မင်းကြီးကိုငယ်စဥ်ကတည်းက စိတ်ထဲကြိတ်ကာသဘောကျမိခဲ့သူတစ်ဦး။ မင်းကြီးကတော့ သူမလိုမထင်မရှား ကျယ်ပြောလှတဲ့နန်းတွင်းကြီးထဲမှာ မြူမှုန်လောက်ပဲရှိတဲ့ဖြစ်တည်မှုကို ရှိလို့ရှိမှန်းတောင်သိမည်မဟုတ်။ အသားအရေဖြူဝင်းပြီး ကြာပန်းလိုပုံရိပ်နဲ့သူမက နန်းတွင်းအမှုထမ်းတွေကြားမှာတော့ ရေပန်းစားသည်။ သို့သော် သူမကိုသဘောကျသူအားလုံးကိုအကုန်ငြင်းလွှတ်ခဲ့သည်က သူမသဘောကျနေသူက မင်းကြီးဖြစ်နေလို့ပင်။ အခုတော့ မင်းကြီးအနားကပ်ဖို့အခွင့်အရေးရလာပြီဖြစ်သည်။ သူမငယ်စဥ်က အနည်းငယ်ကြည့်ရှုစောင်မပေးခဲ့တဲ့ အမတ်တစ်ဦးက သူမကိုမင်းကြီးအနားက အခိုင်းအစေအဖြစ်ပို့ပေးမှာဖြစ်ပြီး သူမက မင်းကြီးရဲ့အကြောင်းအရာတစ်ချို့ကိုပြန်ပြောပေးရုံသာ။ ဘယ်လိုပဲခေါင်းစဥ်တပ်တပ် သူမကတော့ မင်းကြီးနားနေရရင်အဆင်ပြေသည်။

ဘုရင်ဂျွန်လည်း မနက်ခင်းညီလာခံမှာတစ်နေ့တစ်ခြားမရိုးနိုင်တဲ့ အမတ်ကြီးတွေရဲ့နန်းသွေးယူဖို့တိုက်တွန်းချက်တွေကိုအကုန်ပယ်ချနေရသည်။

"မင်းကြီး...မိဖုရားမထားလိုရင် ကိုယ်လုပ်တော်ဆိုရင်ရော အဆင်ပြေပါသလား"

ဘယ်လိုမှလက်မလျှော့မယ့်အမတ်ကြီးတွေရဲ့စကားကြောင့် ဘုရင်ဂျွန်ပြန်ပြောတာက

"အဆင်မပြေဘူး...ငါကိုယ်တော်က မောင်မင်းတို့မျက်စိထဲမှာအသက်ကြီးနေတဲ့ပုံပေါက်နေပြီမလို့လား"

"မဟုတ်ပါဘူးမင်းကြီး စိုးရွံမိပါတယ်"

အရေးကြီးတာတွေအကုန်စီမံပြီးပြီမို့ ညီလာခံပြီးပြီဖြစ်ကြောင်းမိန့်ကြားကာ ညီလာခံခန်းမဆောင်ကနေ ထွက်လာခဲ့လိုက်သည်။ အနောက်မှာတော့ အမတ်တွေရဲ့ခပ်တိုးတိုးတိုင်ပင်သံတွေကြားလိုက်ရပါသေးတယ်။ ငါကိုယ်တော်မှအဲဒါတွေစိတ်မဝင်စားပဲ။

ကျန်နေခဲ့တဲ့အမတ်တွေထဲက တစ်စုကတော့ တစ်ခုခုကိုကြံစည်ရင်း ကျန်နေခဲ့ကြသည်။

Duo VictorisWhere stories live. Discover now