Part~1

818 47 3
                                    

Unicode

ကင်မ်ထယ်ယောင်း....။ နာမည်ကြားလိုက်တာနဲ့ဘယ်သူမှန်းတန်းသိရအောင် ကျော်ကြားမှုကအရှိန်အဟုန်ပြင်းသည်။ Top 1အဆင့်ရှိတဲ့ ကုမ္ပဏီကိုအုပ်ချုပ်နိုင်အောင် အရည်အချင်းလည်းရှိသည်။ နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲဖြစ်ရုံသာမက သူ့ကိုလိုချင်နေတဲ့ယောက်ျားလေးတွေကလည်း ဒုနဲ့ဒေး။

အပျင်းပြေရုံလိုက်တွဲပေးတဲ့အခါမှာ နောက်ဆုံးဘာဖြစ်လဲ...?
play boyဆိုတဲ့ဂုဏ်ပုဒ်တစ်ခုထပ်တိုးလာရောပဲလေ။ ဒီလိုအဘက်ဘက်မှာပြည့်စုံနေတဲ့လူတစ်ယောက်မှာအပေါဆုံးက မနာလိုသူတွေပင်။ ဒါကိုလည်း ဂရုစိုက်မယ့်ထဲမှာ ထယ်ယောင်းမပါ။

သူအကြောလာတင်းရင် ကိုယ်ကဆယ်ဆပြန်တင်းပေးတတ်ပြီး ဘယ်နေရာမှာဖြစ်စေ အများထက်ကြိုပြီးအကွက်မြင်တတ်တော့ စီးပွားရေးမှာလည်းကျားတစ်ကောင်။ အခုလည်းလက်ရှိတွဲနေတဲ့ ရှယ်ယာရှင်မိန်းမလှလေးနဲ့ ညစာစားဖို့သွားနေသည်။

Luxuryဆန်တဲ့စားသောက်ဆိုင်က ပိုက်ဆံကိုရေလိုသုံးနိုင်တဲ့သူတွေအတွက်လို့ဆိုရအောင် အထက်တန်းဆန်လွန်းသည်။ တခြားဆိုင်နဲ့ဘာကွာလဲဆိုတော့ တိတ်ဆိတ်ခြင်း...။ အင်း ထယ်ယောင်းကတိတ်ဆိတ်တဲ့နေရာတွေကိုကြိုက်တယ်။ အဲဒါဆိုရင် clubတွေမသွားဘူးပေါ့ဆိုရင်လည်း မဟုတ်ပြန်ဘူး။ clubဆိုတာ ထယ်ယောင်းအတွက် အိမ်လိုသွားနေတဲ့နေရာ။ တစ်ခဏနဲ့တင် vibeအမျိုးမျိုးပြောင်းနိုင်တာကလည်း သူ့အရည်အချင်းတစ်မျိုးပဲလေ။

စားပွဲဝိုင်းတစ်ခုမှာမှ လူမရှိတော့ သေချာတယ် သူနဲ့တွေ့မယ့်သူကမရောက်သေး။ လက်ပတ်နာရီကိုငုံ့ကြည့်တော့ ချိန်းထားတဲ့အချိန်ကွက်တိ။ ကျစ်ခနဲစုတ်သတ်လိုက်သည်...အချိန်မလေးစားတဲ့သူတွေကို ထယ်ယောင်းအထင်သေးသည်။

ဆယ်မိနစ်လောက်ကြာမှ ဒေါက်ဖိနပ်သံတစ်ဂွက်ဂွက်နဲ့ရောက်လာပြီး သူ့ရှေ့မှာလာထိုင်တဲ့မိန်းကလေး။ ကြိုးတစ်လုံး အနီရောင်ဂါဝန်ကို ပေါင်လည်အထိခွဲထားပြီး ဒေါက်အမြင့်ကြီးစီးထားကာ ရှည်လျားတဲ့ဆံပင်တွေကိုလည်း ကျောပေါ်ဖြန့်ချထားသည်။ လှတာတော့အတော်လှတဲ့မိန်းကလေးပင်။

Duo VictorisWhere stories live. Discover now