" စိတ်စွဲလို့ဖြစ်ပါလိမ့်မယ် သမီးတော်။ အရမ်းလည်းစိုးရိမ်ပူပန်မနေပါနဲ့ မယ်တော်လည်း လူယုံလွှတ်ပြီး စုံစမ်းခိုင်းထားပါတယ် "
" ညီမတော်နဲ့ မယ်မယ်တစ်ခုခုတော့ မဖြစ်နိုင်လောက်ပါဘူးနော် မယ်မယ်ကြီးဘုရား .. "
မျက်ရည်လေးဝေ့၀ဲစွာဖြင့် ပဒုမ္မာ ပြောလိုက်တော့ မယ်တော်ကြီးက သူ့ကိုအသာပွေ့ဖက်ပေးပြီး ကျောပြင်ကို လက်ဖြင့်ပွတ်သပ်ပေးနေသည်။
" ဘာမှမဖြစ်လောက်ပါဘူးကွယ်။ သမီးငယ်မုဒ္ဒြာ ကထက်မြက်တဲ့လူတော်ပါ။ သူ့ရဲ့မယ်တော်ကို ကောင်းကောင်းကာကွယ်ပေးနိုင်ပါလိမ့်မယ် "
ခါတိုင်းဆိုလျှင် မိခင်ဖြစ်သူက နှစ်သိမ့်အားပေးလိုက်သည့်အခါတိုင်း၌ အားအင်တွေပြန်လည်ပြည့်ဝခဲ့ပါသော်လည်း ယခုတော့ ထိုသို့ဖြစ်မလာခဲ့ပါ။ စိတ်ခွန်အားပြည့်ပြည့်၀၀ ပြန်ရရှိခဲ့သည်လို့ မခံစားရပါ။ မယ်တော်ကြီးရဲ့ အဆောင်တော်ဆီမှ ပြန်လာသည့်လမ်း၌လည်း စိတ်ထဲမှာ အင်မတန်မှလေးလံလွန်းနေသည်။ ဒီရက်ပိုင်းအတွင်းမှာ စရီ့ဆီမှ အဆက်အသွယ်လုံးဝပြန်လည်မရရှိခဲ့တာကိုက တစ်ခုခုဖြစ်နေတာပဲဖြစ်ရမည်ဟု တွေးတောနေမိသည်။
" သခင်မဘုရား .. မင်းသမီးငယ်စန္ဒာဒေ၀ီနဲ့ မင်းသားငယ်တို့ ရောက်ရှိနေကြကြောင်းပါ "
" ဟေ ဟုတ်သလား "
သူ့အဆောင်တော်ရှေ့ ရောက်ရောက်ချင်းမှာပဲ အထိန်းတော်ကြီးမယ်ဇာ ကဆီးကြိုပြောသဖြင့် ပဒုမ္မာ တစ်ယောက်မျက်ဝန်းလေးတွေ ၀ိုင်းစက်သွားခဲ့ရသည်။
'ကျိန်းသေပြီ စရီက ငါ့ကိုညီမငယ်စန္ဒာကနေတစ်ဆင့် အဆက်အသွယ်လုပ်ပြီ´ဟုတွေးလိုက်ရင်း သွက်လက်သောခြေလှမ်းတို့ဖြင့် အဆောင်တော်ပေါ်သို့ အပြေးတက်သွားမိသည်။" အခုဘယ်မှာလဲ ? "
" အိပ်ဆောင်တော်ထဲမှာ စောင့်နေကြပါတယ်ဘုရား "မယ်ဇာရဲ့အဖြေစကားကြောင့် ပဒုမ္မာဟာအိပ်ဆောင်တော်ထဲသို့ တန်းပြီးဝင်ချသွားခဲ့သည်။
" ညီမတော်စန္ဒာ .. "
သူ့ကိုကျောပေးထိုင်နေကြသည့် ညီမတော်နဲ့တူတော်မောင်ဟာ သူ့အသံလည်းကြားရော အနောက်ဘက်သို့ မသာယာသောမျက်နှာများဖြင့် လှည့်ကြည့်ကြလေသည်။
YOU ARE READING
နှောင်ကြိုး ၊ ေနွာင္ႀကိဳး
Historical Fictionအင်းဝခေတ် (ရတနာပူရမင်းနေပြည်တော်)ကို အခြေခံ၍ ရေးသားထားသော စိတ်ကူးယဉ် ဇာတ်လမ်းလေးတစ်ပုဒ်သာဖြစ်သည် ။ Written by JE Rain.
Part 17(Unicode)
Start from the beginning