intro

2.7K 88 9
                                    

မှတ်ချက်‼️(ဤဇာတ်လမ်း၏ ဇာတ်ကောင်နှစ်ယောက်အဖြစ်ပါဝင်မည့် ကောင်လေးငယ်နှစ်ယောက်အား ထိခိုက်လိုစိတ်မရှိပါ) Daiရဲ့စိတ်ကူးသက်သက်သာဖြစ်သည်

*********

2023 ခုနှစ် Seoul မြို့၌

"နည်းနည်းလောက်လမ်းဖယ်ပေးကြပါ ပိတ်မရပ်ပါနဲ့ရှင်"

"အရေးပေါ်ခွဲခန်းထဲကို အမြန်ခေါ်သွားလိုက်ပါ"

ကောင်းကျိုးဆိုးကျိုးတွေနဲ့ ရောထွေးစွာရှိနေပြီး
24နာရီဆူညံမှုတွေနဲ့ပြည့်နေတဲ့ အဖြူရောင်ဆေးရုံကြီးထဲမှာ အသက် 41 နှစ်အရွယ် အမျိုးသားတစ်ယောက် လေးလံ‌ေနတဲ့ခြေလှမ်းတွေနဲ့အတူ...

"တဆိတ်လောက်ပါ ဒီပုံထဲကလူနာရဲ့အခြေအနေနဲ့အခန်းနံပါတ်ကို ပြောပြပေးလို့ရမလားဗျ"

ကောင်တာမှာရှိတဲ့nurse မလေးကို စိုစွပ်ခြောက်ခြားနေတဲ့ မျက်ဝန်းတွေနဲ့စိုက်ကြည့်ပြီးမေးလိုက်တယ်

"တောင်းပန်ပါတယ်ရှင်..လူနာရှင်မိသားစုတွေကလွဲလို့ ဘယ်လိုမျိုးနဲ့မှ ကိုယ်ရေးကိုယ်တာအချက်လက်တွေကို ပြောပြခွင့်မရှိပါဘူး"

"ကျနော်ကလူနာနဲ့သိပါတယ်"

"ဘယ်လိုပတ်သက်မှုမျိုးလဲ"

ထိုမေးခွန်းကြောင့်ခဏတာငြိမ်သက်သွားမိခဲ့သည် ထိုသူတို့ပတ်သက်မှုကပုံမှန်ဆက်ဆံရေးမဟုတ်တော့...

"တောင်းပန်ပါတယ်ရှင့် ပြောပြမပေးနိုင်ပါဘူးရှင့်"

ဂျောင်ဂု တစ်ယောက် ဘယ်လိုဆက်လုပ်ရမှန်းမသိတော့ချေ

"မင်းက..."

အသံကြားရာဘက်ကို လှည့်ကြည့်လိုက်သည်
ထိုရင်းနှီးနေတဲ့ မျက်နှာပြင်ကို အားနာမှုတွေနဲ့သာ...

"အန်ကယ်"

"မျက်နှာပြောင်တိုက်တဲ့ကောင် မင်းဘယ်လိုအတွေးမျိုးနဲ့ လာရဲ‌ေသးတာလဲ!! ထွက်သွား!"

"ကျနော်မှားသွား.."

"မင်းမျက်နှာငါထပ်မတွေ့ချင်ဘူး အရှက်မရှိတဲ့ကောင်"

နဂိုကတည်းက ဆူညံနေတဲ့ ဆေးရုံထဲမှာ ဟိန်းထွက်သွားတဲ့အသံ

"နောက်ဆုံးအခွင့်ရေးပေးပါ ဒါနောက်ဆုံးပါအဖေရယ်"

Don't regret itWhere stories live. Discover now