Ray တယောက်တချက်ပြုံးကာ ထပြီး မီးဖိုဘက်သွားရန်ပြန်စဉ် တခါးမှ ဘဲလ်မြည်သံကြားရသည်။ သူရေချိုးခန်းဘက် တချက်ကြည့်ကာ တခါးထံသို့သွားလိုက်ပြီး မော်နီတာမှတဆင် တဖက်သူအား ကြည့်လိုက်သည်။

ဥက္ကဌ?

ဥက္ကဌကဘာလို့ ဒီကိုရောက်လာတာလဲ?

ဇဝေဇဝါဖြစ်သွားသော်လည်း ချက်ချင်းတံခါးဖွင့်ကာ ဦးညွှတ်ကာ နှုတ်ဆက်လိုက်သည်။

"ဥက္ကဌ"

"မင်းကဘယ်သူလဲ" စက် တယောက် Rayကိုမြင်လိုက်သည်နဗာ လေထုတခုလုံး အေးခဲသွားကာ ခက်ထန်သည့် လေသံဖြင့် မေးလိုက်သည်။

"ကျွန်တော့က Rayပါ Sinfuလက်အောက်ခံ ကြေးစားလုပ်ငန်းထဲက CAအဖွဲရဲ့ ကြေးစားခေါင်းဆောင်ပါ"

"ငါမေးချင်တာက မင်းကဘာလို့ ဒီကိုရောက်နေတာလဲ ငါမှတ်တာမမှားရင် ဒါက X club ရဲ့ bossငယ်လေးရဲ့အိမ်လားလို့" နတ်ဆိုးတကောင်၏ အသံမှာ လူတယောက်အားအသက်ပင် ယူဆောင်နိုင်လေသကဲ့သို့ လူပေါင်းများစွာ၏ အသက်နှင့် သွေးများ စွန်းထင်းနေသည့် Rayလိုလူကိုပင် ခန္တာကိုယ်အနှံ့ ဓားများဖြင့် ထိုးနေသကဲ့သို ခံစားရစေသည်။ Ray တယောက် စိတ်ရှုပ်ထွေးမိရသည်။ သူတို့၏ ဥက္ကဌမှာ သူအပေါ်မည်သို့သောရန်ညိုးရှိလေသနည်း။ Ray တယောက် ခွန်းတုံ့မပြန်ခင်ပင် ကြည်လင်ပြက်သားသည့် ဆွေး ၏အသံက အနောက်မှ ထွက်ပေါ်လာသည်။

"ဥက္ကဌက ဘယ်လို အကြောင်းကြောင့်များ ကျွန်တော့လို လက်အောက်ငယ်သား အိမ်အထိ ရောက်လာပါလိမ့်" Rayဘေးနား စကားပြောရင်း ရောက်လာကာ စက်နှင့် မျက်နှာခြင်းဆိုင်လျက် ဘေးမှ Rayအား တိုးတိုးသာသာဖြင့် " မီးဖိုက ညှော်နံရသလိုပဲ မင်းသွားကြည့်သင့်တယ်" ဟုအသိပေးလိုက်သည်။

Rayတယောက် ထိုအခါမှ စက်အားတချက်ကြည့်ကာ ထွက်ခွာသွားသည်။ ဆွေးက စက်အား ဖ်ိတ်ကြားသည့် လက်ဟန်ပြကာ ဧည့်ခန်းတွင်းသို့ ဦးဆောင်ခေါ်လာသည်။

Rayတယောက် ထိုအခါမှ စက်အားတချက်ကြည့်ကာ ထွက်ခွာသွားသည်။ ဆွေးက စက်အား ဖ်ိတ်ကြားသည့် လက်ဟန်ပြကာ ဧည့်ခန်းတွင်းသို့ ဦးဆောင်ခေါ်လာသည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
My Possessively Mafia Boss Where stories live. Discover now