~~~

ဆိုင်ကယ် လေးစီးလုံး  စော်ဘွားကုန်း တက်ရာလမ်းကြား၌ ထားခဲ့ပြီ တောင်တက်လမ်း လူတစ်ယောက်သွားစရာလေး ဖောက်ထားတဲ့ အတိုင်း တန်းစီပြီး တက်ကြရာ။

တွန့်ဆုတ်တွန့်ဆုတ်နှင့် အနောက်ဆုံးမှာ မချင့်မရဲ ဖြစ်နေတဲ့ ခန့်စေ။  လမင်းမှာ ကျန်လူတွေနဲ့ အားတတ်သရော တက်နေပေမယ့် လမ်းတစ်ဝက်တွင် တောင်တက်ရာလမ်းသည် မက်စောက်လာပြီမို့ တက်နေသည့် ခြေလှမ်းတွေဟာ စတက်တုန်းကလောက် မတတ်ကြွ၊ မြန်ဆန်ခြင်း သိပ်မရှိတော့။
နားနားပြီး တက်ကြရာ အရှေ့ဆုံးမှာ ရောက်နေသည့် လမင်းက တက်ခဲ့ရာ လမ်းအတိုင်း ပြန်ပြန်လှည့်ကာ ငုံ့ကြည့်၏။
ခန့်စေ အနောက်က ပါလာမလား နောက်ပြန်ကြည့်ရတာ သူ့မှာအမော။  လမင်း စိတ်ထဲမှာတော့ ပြောနေမိသည်က...

*ဟွန့် အလကား ပုံပြင်သာသာ ပါးစပ်ရာဇဝင်ပါ မောင် အယုံအကြည်မရှိပေမယ့် ဘာညာတွေ ပြောနေပြီး အခုကျ
မျောက်ကြီး ငှက်ပျောသီးမစားရလို့ လက်မှိုင်ကျ နေတဲ့ ရုပ်နဲ့။
အဖြေမပေးရသေးတာမို့ ချစ်သူ မဖြစ်သေးတာမို့ ရောက်ဖူးလေ့ရှိအောင် စိတ်ရှင်းရှင်းနဲ့ တက်လာတာကို ဘာတွေ တွေးပြီး စိတ်ပူနေမှန်း မသိဘူး။ *

တောင်ပေါ် ရောက်သည်နှင့် အရင်ဆုံး စေတီရှေ့၌ ခင်းထားသော သမံတလင်းပြင်ပေါ်၌ ထိုင်ကာ အမောဖြေရ၏။ မောလိုက်သည့် ဖြစ်ခြင်း။

စုံဂဏာန်း လက်မခံဟု ဆိုထားတာမို့ စိုင်းတွမ်ခမ်းက သူ၏ ဆိုင်ကယ်သော့ချိတ်တွင် ချိတ်ဆွဲထားသော  PSY အရုပ်လေးပါထည့်သွင်းကာ စုံဂဏာန်း တက်လာတာမဟုတ်ဘူးဟု ဆိုပေး၏။

တိမ်စိုင်များ ကင်းရှင်းကာ ပြာလွင်သော ကောင်းကင်ကြီးနှင့် သာယာသော ရာသီဥတုက အားဖြည့်ပေးထားတာမို့ အပေါ်စီးမှ မြင်နေရသော မြင်ကွင်းမှန်သမျှသည် ရင်သပ်ရှုမောဖွယ် အတိ။
ပြောင်းချိုးပြီး ကာလမို့ ပြောင်းပင်အကိုင်းအခြောက်တွေသာ ပြည့်နှက်နေသော ယာခင်းကျယ်ကြီးများဟာလည်း တမျှော်တခေါ်။

ဝါဆိုလပြည့်ညက ခန့်စေတို့နှင့် ဆီမီးသွား၍ ပူဇော်ခဲ့သော လယ်ကွင်းစေတီမှာလည်း ယခုစော်ဘွားကုန်းထိပ်မှ ကြည့်လျှင်
လယ်ကွင်းများဝန်းရံထားသော အလှတရားနှင့် ကြည်ညိုဖွယ် ကောင်းလှတာမို့ လမင်းမှာ  တောင်စောင်းတစ်နေရာတွင် ချွန်ထွက်နေသော ကျောက်ဆောင် အကြီးကြီးပေါ်သို့ မဝံ့မရဲလေး တက်ကာ မြင်မြင်သမျှ အောက်ဘက်ရှိ ရှုခင်းတိုင်းကို
လက်ကလေးနှစ်ဘက် ဆန့်တန်းကာ အပြည့်အဝရှုစားမိ၏။
အဝေးတစ်နေရာမှလည်း စေတီပျက်တချို့ကို တွေ့ရသေးသည်။
ထိုစေတီသည် တမျှော်တခေါ် ပြောင်းခင်းတွေကြားထဲမှာ ထီးထီးကြီး ပေါ်လွင်နေတဲ့ ပေါ်တော်မူဘုရား(ခေါ်) နမ့်ကွမ့်စေတီ ။
ထိုစေတီမှာ အလောင်းမင်းတရားကြီး တည်ခဲ့သော စေတီဟု ဆိုကြပြီး စေတီတွေမှာ တော်တော်ကို ပျက်စီးနေသည့် ရှေးဟောင်းစာရင်းဝင်စေတီပင်။ တချို့စေတီတွေကို ပြန်လည်မွမ်းမံနေပါပြီ။

ချစ်ချင်လို့ ချစ်တာ ( Complete)Where stories live. Discover now