"ဟွန့် ....! "

လမင်းနဲ့ ဟန်လျှမ်း ဘေးချင်းကပ် ထိုင်ကာ စကားတစ်ခွန်းပြောတိုင်း ပုခုံးကို တိုးတိုက်ပြီး တိုးတိုး 'တိုးတိုး နှင့်
စကားများနေကြရာ စားစရာအထုတ် ပေါင်းစုံကို ဆွဲကာ လမင်းတို့ ထိုင်နေသည့် သစ်ပင်အောက်နား ရောက်လာကြသော ခန့်စေတို့ လေးယောက်။

ခန့်စေက ထုံးစံအတိုင်း လမင်း ဘေးတစ်နေရာမှာသာ ဝင်ထိုင်လာ၏။

"ရေဆော့ရအောင်လေ လမင်း .."

"ဟင့်အင်း.."

"မောင် ရှိတယ်လေ မောင် ရှိတာမို့ လာလည်ရကျိုးနပ်အောင်
ရေဆော့ပြီးမှ ပြန်ပါလား "

" လမ်းမှာလည်း ရေလောင်းခံရတာမို့ပါ အေးနေပြီ "

"အေးနေပြီလား လာ ..မောင့်အနား တိုးထိုင် "

ခန့်စေက ပြောလည်းပြော လက်ကလည်း လမင်း၏ ခါးသိမ်သိမ်လေးအား လက်တစ်ဖက်တည်းနှင့် ဆွဲယူကာ သူနှင့် အနီးကပ် ထိုင်စေလိုက်သည်။

ရင်ခွင်တည်း ရောက်မတတ်ဖြစ်သွားရသော်လည်း လမင်းမှာ အရင်လို ရုန်းကန်ခြင်း မပြုမိ။ ဒီအတိုင်းလေးသာ သူနှင့် အနီးကပ် အတူတူထိုင်နေမိသည်။ လမင်း အစောတုန်းက အေးသည် ပြောမိ၍လားတော့ မသိ လမင်း၏ လက်နှစ်ဖက်အား အသာယူကာ သူ့လက်ဖဝါးကြီးကြီးများအတွင်း၌ ထည့်ကာ မအေးအောင် ဆုတ်နယ်ခြင်း ပြုပေးနေသေးသည်။ ခဏအကြာ မိုင်းနောင်မှာကတည်းက ဝယ်ခြမ်းလာသော အကင်မျိုးစုံ ၊အအေးမျိုးစုံနှင့် လမင်းတို့သူငယ်ချင်းနှစ်ယောက် ကြိုက်တတ်မည့် မုန့်အစုံတို့အား မြေပြန့်သည့် နေရာ၌ ချကာ ရေမဆော့ခင် စားသောက်လိုက်ကြ၏။

ခန့်စေမှာ ရေမဆော့သော  လမင်းနဲ့ အတူ သစ်ပင်အောက်မှာ ထိုင်နေတာ အတော်အတန် ကြာပြီမို့ လက်မောင်းကို မှီကာ ထိုင်နေတဲ့ ဘေးက အချစ်တော်လေးအား ငဲ့ကြည့်လိုက်ရာ ခန့်စေတို့နှင့် အနည်းအငယ် အလှမ်းဝေးသော ကျောက်တုံးပေါ်မှာ ထိုင်ကာ ဆူပုတ်နေသည့် သူငယ်ချင်းဖြစ်သူ စိုင်းဟန်လျှမ်းနှင့် ရေထဲတွင် ရှိနေသော သန့်စင်ထွန်း တို့ကို ပြုံးကာ ကြည့်နေသော ခန့်စေ၏ ချစ်ရသူ ။

ချစ်ချင်လို့ ချစ်တာ ( Complete)Where stories live. Discover now