ပြောပြောဆိုဆိုနှင့်အဆင်သင့်ယူလာသည့်အဝတ်သန့်သန့်တစ်ခုကိုယူကာဘယ်အချိန်ကတည်းကအခန်းထဲရောက်နေမှန်းမသိသည့်ရေဇလုံထဲကိုနှစ်လိုက်ပြီးသဝဏ့်ကိုစိုက်ကြည့်လာသည်။ သဝဏ်လက်ဆောင်ပေးထားသည့်ရွှေရောင်ကိုင်းလေးထောင့်မျက်မှန်လေးအောက်ကမျက်ဝန်းတွေကိုငေးကြည့်မိတော့ခပ်စူးစူးစိုက်ကြည့်လာပြန်ပုံကတကယ့်အသည်းယားစရာ။ ဘာပဲဖြစ်ဖြစ်ထပ်စနေရင်စိတ်ဆိုးတော့မယ့်ပုံရတာမို့အလိုက်တသိမျက်လုံးမှိတ်ပေးရင်းမျက်နှာကိုရှေ့တိုးပေးထားလိုက်တော့သည်။

"ဒီကောင်လေးကတော့…ပြောစကားကိုနားမထောင်ဘူး……"

ရေရွတ်နေမိပေမယ့်ရှေ့ကပြေပြစ်ချောမောသည့်မျက်နှာလေးအပေါ်သာရေစိုဝတ်နှင့်ခပ်ဖွဖွသုတ်ပေးနေမိသည်။ စိတ်ဆိုးယောင်ဆောင်နေပေမယ့်လို့ ထည်ဝါကောင်လေးကိုစိတ်မဆိုးမိဘူးဆိုတာကိုယ့်ကိုကိုယ်အသိဆုံးပင်။

မနက်ကထည်ဝါအိပ်ရာနိုးလာတော့ကိုယ်တွေပူကျစ်နေတဲ့အပြင်သတိလစ်မတတ်ဖြစ်နေတဲ့ကောင်လေးကိုတွေ့လိုက်ရတာမို့လူကပျာယာခတ်သွားခဲ့ရတာဒီကောင်လေးဘယ်သိပါလိမ့်မလဲ။
ဟင်း……ဒါကြောင့်ဒီအဆိုးလေးကိုအလျှော့ပေးလို့တော့မဖြစ် ၊ စိတ်ကိုတင်းထားမှဖြစ်မည်။
ဒါမှအဆိုးလေးနောက်မလုပ်ရဲတော့မှာ။

"မနက်စာစားဖို့ယူလာခဲ့ပေးမယ်……"

"ဒေါက်တာ……"

တိုးဖွဖွအသံလေးနဲ့အတူလက်ကိုဖမ်းဆွဲလာတဲ့ကောင်လေး။ ခပ်တည်တည်ပြန်စိုက်ကြည့်ပေးလိုက်တော့ခေါင်းလေးငုံ့သွားရှာသည်။

"ကျွန်တော်က…ဟို……ဒေါက်တာအိပ်ရတာအဆင်မပြေဖြစ်မှာစိုးတာနဲ့……"

"အင်း…ဆက်ပြော……"

လေသံခပ်မာမာနဲ့ပြန်ပြောလိုက်မိတော့မျက်နှာလေးနှင့်ခေါင်းငုံ့သွားပြန်တာမို့လူကစိတ်မကောင်းမိပြန်။
ကောင်လေးရယ်…မင်းကတော့လေမဆူရက်အောင်လုပ်နေပြန်ပါပြီ……။

"ကောင်လေး……"

ရှည်သွယ်သွယ်လက်လေးနှစ်ဖက်ကိုပြန်ဆုပ်ကိုင်ကာခေါ်ဝေါ်မိပေမယ့် ကောင်လေးကခေါင်းငုံ့ထားဆဲပင်ဖြစ်တာကြောင့် လက်တစ်ဖက်ဖြင့်မေးဖျားလေးကနေဆွဲကိုင်ကာအကြည့်ချင်းဆုံစေလိုက်ရင်း

Second life ( အချို့သောချစ်ခြင်းတို့သည် )Where stories live. Discover now