" ဟုတ်ပြီ အားလုံး စာမျက်နှာ ၁၆ကိုလှန်မယ် "

ထိုချိန်

ဟောဟဲဟောဟဲနဲ့ တံခါးကိုအားကုန်ဆွဲတွန်းပြီး ဝင်ခွင့်တောင်းလာတဲ့ Dabin

"ဖြေးဖြေးသက်သာလုပ်ပါ တံခါးပျက်တော့မယ် "

"တောင်းပန်ပါတယ် Sam ... "

"သွားထိုင်ချည်...မနေ့ကပေးလိုက်တဲ့အိမ်စာပြီးပြီလား"

"အိမ်စာ?"

အတန်းထဲမှာ အိမ်စာပေးလိုက်မှန်းသိပေမဲ့ မလုပ်လာတဲ့ သူတွေရှိသလို အိမ်စာပေးလိုက်မှန်းတောင်မသိတဲ့ သူမ ကတော့အူကြောင်ကြောင်ပုံစံလေးဖြင့်

"*ကျွတ် ကျွတ်* တစ်နေ့တစ်နေ့ စာစိတ်မဝင်စားပဲဘာလို့ကျောင်းလာနေသေးလဲ ဟမ်း"

"တောင်းပန်ပါတယ် "

"နောက်ခါထပ်နောက်ကျရင် အတန်းပြင်ထွက်ရမယ် ကြားလား"

"ဟုတ် "

Dabin ဦးတစ်ချက်ညွှတ်တောင်းပန်ရင်း ဆရာဒေါသမထွက်ခင် သူမခုံရှိရာဆီ ဝင်ထိုင်ကာ JaeHoon ဘက်လှည့်ပြုံးပြလိုက်သေးသည်

နောက်ကျတာတောင် နေ့တိုင်းကျောင်းမပျက်ပဲ လာရတဲ့အကြောင်းရင်း....

သူ့မျက်နှာလေးမြင်ရတာနဲ့တင် မောပန်းတာတွေအကုန်ပျောက်သွားသည်

ဆရာကျောက်သင်ပုန်းမှာ ကျောပေး စာရေးတာနဲ့ Banana milk ကို jaehoon စားပွဲပေါ်အမြန်လှမ်းတင်ပေးလိုက်သည်

သူကတော့ သူမကိုတစ်ချက်မှပင်မကြည့်

သင်ပုန်းကစာကိုပဲnote ထဲလိုက်ကူးရေးနေသည်

" JaeHoon na..."

သူမ ခပ်တိုးတိုးလေးခေါ်လိုက်ပေမဲ့ အဖက်လုပ်ခြင်းမခံရ...

ထို့ကြောင့် အနောက်က သူမ သူငယ်ချင်း Won hee ဘက်လှည့်ပြီး

"စာမျက်နှာဘယ်လောက်လဲ..."

_____

နေ့လည်ထမင်းစားချိန် ကန်တင်းမှာ lunch ဗန်းလေး တွေကိုင်ပြီး တန်းစီနေတဲ့ ကျောင်းသားကျောင်းသူတွေ
ဖြင့်ပြည့်နေသည်

WonHee နဲ့ Dabin ကတော့ ထမင်းနဲ့ဟင်းယူပြီးပြီမို့ ထိုင်ဖို့စားပွဲအလွတ်တစ်ခုဆီ လျှောက်သွားလိုက်သည်

You loved Me first Hikayelerin yaşadığı yer. Şimdi keşfedin